မုန်တိုင်းအရှိန်ကြောင့်ကျားဖောင်၅၀၀ ဝန်းကျင်ပျက်ဆီးဆုံးရှုံး


“အခုလိုမျိုး ပျက်ဆီးဆုံးရှုံးမှုများပြားရတာဟာ တိကျသေချာတဲ့ မိုးလေဝသခန့်မှန်းချက်တွေကိုမရရှိတာ ကြောင့်လို့ ကျားဖောင်လုပ်ငန်းရှင်က ပြောပါတယ်။”

၂၅၊စက်တင်ဘာလ။

တရုတ်နိုင်ငံတောင်ပိုင်းကိုဖြတ်ကျော်ခဲ့တဲ့တိုင်ဖွန်း မုန်တိုင်းရာဂါဆာအရှိန်ကြောင့် ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ် ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ ကျားဖောင် အရေအတွက် ၅၀၀ ဝန်းကျင်ဟာ ပျက်စီးသွားတာ၊ပင်လယ်ပြင်ထဲ မျောပါသွားတာကို ကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူသေဆုံးတာတော့မရှိခဲ့ဘူး။ ဖောင် ၂၅၀ လောက် ရေထဲမျောပြီး ၊ ဖောင် ၂၅၀ လောက် ပျက်စီးသွား တယ်လို့တော့ ခန့်မှန်းလို့ရတယ် လို့ ကျားဖောင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။ မုန်တိုင်းကတော့ ဒီကနေ့စက်တင်ဘာ ၂၅ ရက်အထိ တိုက်ခတ်နေဆဲပါ။

ပင်လယ်ပြင်ထဲ မျောပါသွားတဲ့ ဖောင်တွေဟာ အနောက်တောင်လေကြောင့် မွန်ပြည်နယ် ဘီလူးကျွန်းဘက်ကိုရောက်ရှိသွားနိုင်တယ်လို့ ကျားဖောင် ပိုင်ရှင်တွေက ခန့်မှန်းထားကြပါတယ်။ လူတွေအသက် ရှင်ဖို့ ဘယ်လိုလုပ်ရလဲဆိုတော့ မော်တော် ပေါ်အမြန်တင်ပြီး ကမ်းကိုပြန်မောင်းကြရတာ လို့ ကျားဖောင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

စင်တင်ဘာလ ပထမအပတ်ထဲမှာ ပင်လယ်ပြင်ထဲ စတင်ထွက်ခွာခဲ့တဲ့ ကျားဖောင်တွေဟာ ငါးဖမ်းရာ သီစစချင်းမှာပဲ မုန်တိုင်းကြောင့် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ခဲ့ရတာပါ။ ပင်လယ်ပြင်ထဲမှာပျက်စီးသွားတဲ့ ကျားဖောင်တခုရဲ့ကုန်ကျစာရိတ်ဟာဆိုရင် ကျပ်သိန်း ၂၅၀ ကျော်လောက်အထိ ရှိပါတယ်။

မုန်တိုင်းက နောက်တရက် (စက်တင်ဘာ ၂၆) အထိကျန်သေးတယ်။ ပင်လယ်ထဲမှာက ဖောင်တွေကို ဒီ တိုင်းပဲ ပစ်ထားခဲ့ရတာ လို့ ကျားဖောင်လုပ်ငန်းရှင် က ပြောပါတယ်။ ဧရာဝတီငါးဖမ်းကွက်ဧရိယာထဲမှာ ဆိုရင် ကျားဖောင်အရေအတွက်ဟာ ၈ ထောင်ဝန်းကျင်ရှိပါတယ်။

အခုလိုမျိုး ပျက်ဆီးဆုံးရှုံးမှုများပြားရတာဟာ တိကျသေချာတဲ့ မိုးလေဝသခန့်မှန်းချက်တွေကိုမရရှိတာ ကြောင့်လို့ ကျားဖောင်လုပ်ငန်းရှင်က ပြောပါတယ်။ Software က ပြထားတာက စက်တင်ဘာ ၂၃ ၊ ၂၄ မှ မုန်တိုင်းစမှာ။ တကယ်မုန်တိုင်းဝင်လာတာကစောသွားတယ် လို့ သူကဆက်ပြောပါတယ်။

ဖျာပုံမြို့နယ်ထဲမှာဆိုရင် ခါးပြတ် ၊ ရွှေထီး ၊ ဗန္ဓာပင် ၊ ဖျာပုံမြစ်တန်း ၊ ဘုန်းကြီးသောင် ၊ ချောင်းဝ ဒီကျေး ရွာတွေဆီကနေ ကျားဖောင်တွေအများဆုံး ထွက်ရှိပါတယ်။ ဧရာဝတီငါးဖမ်းလုပ်ကွက်ထဲမှာ ကျား ဖောင်လုပ်သား ၂ သောင်းကျော်အထိရှိပါတယ်။ ဒီအရေအတွက် သင်္ဘောလုပ်သားတွေမပါ ဝင်ပါဘူး။

၂၀၂၅ ခုနှစ် ကျားဖောင်တွေ ပင်လယ်ပြင်ကို စတင် ထွက်ခွာတဲ့အချိန်မှာ လုပ်သားရှားပါးတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာတာကြောင့် ကျားဖောင်လုပ်ငန်းရှင်တွေဟာ ဖောင်အတွက်လိုအပ်တဲ့လုပ်သားပမာ ဏကိုအရင်လို အပြည့်အဝမရခဲ့ပါဘူး။