အမြောက်တပ် ၃၄၄ အနီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်နေ

“ပစ်နေကြတဲ့အသံတွေက လည်း အကျယ်ကြီးပဲ။ အိမ်တွေမှာလည်း လူရှိပေမယ့် တံခါးတွေပိတ်ထားကြတယ်”

၂၄၊စက်တင်ဘာ။

တိုက်ပွဲဖြစ်ပွားသံတွေ မကြားရတာကြာပြီဖြစ်တဲ့ ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် အနောက်ဘက်ခြမ်း ၊ အမြောက်တပ် ၃၄၄ အနီးမှာ စက်တင်ဘာလ ၂၂ ရက်က စတင်ပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်နေပြီး လက်နက်ကြီး၊ငယ်အသံတွေ ထွက်ပေါ်နေပါတယ်။

“အရင်နှစ်ရက်က ညဘက်မှာ လက်နက်ငယ်သံတွေ ဆက်တိုက်ကြားရတယ်။ ဒီနေ့မနက်တော့ တိုက်ပွဲ သံက မနက်အစောကြီးကို ကြားရတာ။ နာရီပိုင်းလောက်အထိကြာတယ်။ ဒရုန်းနဲ့ ဗုံးကြဲတဲ့အသံတွေပါ ကြားနေရတာ”လို့ အမြောက်တပ် ၃၄၄ အနီးမှာနေထိုင်သူက ပြောပါတယ်။

ဒီဒေသမှာ တိုက်ပွဲဖြစ်သွားသံတွေ မကြားရတာဟာ အချိန်တလလောက်ကြာမြင့်ခဲ့ပါပြီ။ တိုက်ပွဲဖြစ်ပွား သံတွေ မကြားရတဲ့အချိန်ကာလမှာ စစ်တပ်က ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ရိုးမတလျောက်ကို စစ် အင်အားတွေ တိုးချဲ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာလ ၂၄ ရက် ငသိုင်းချောင်းမြို့ကနေ အမြောက်တပ် ၃၄၄ အနီးအနားထိ သွားရောက်ခဲ့တဲ့ ဒေသခံတဦးက “တိုက်ပွဲဖြစ်နေတဲ့အသံက အတော်ကျယ်တယ်။ တလမ်းလုံးမှာလည်း စစ် သားတွေချည်းပဲ” လို့ ပြောပါတယ်။

စစ်တပ်ဟာ ငသိုင်းချောင်းတံတားမှာ တပ်စွဲထားတဲ့အပြင် ရေနံသာစစ်ဆေးရေးဂိတ်မှာလည်း တပ်စွဲ ထားပါတယ်။ ဒါ့ပြင် ရေနံသာဂိတ်ကနေ အမြောက်တပ် ၃၄၄ ကိုသွားတဲ့လမ်းတလျောက်မှာ သဲအိတ် ကာရံပြီး တပ်စွဲထားတဲ့ အသေးစားကင်းတဲဂိတ်လေးတွေလည်း ချထားပါတယ်။

ရေနံသာဂိတ်ကနေ အမြောက်တပ် ၃၄၄ ကိုသွားတဲ့လမ်းပိုင်းမှာ တည်ရှိတဲ့နေအိမ်တွေအားလုံးဟာ တံ ခါးတွေပိတ်ထားကြတယ်လို့ ဒီရက်ပိုင်းအတွင်း ခရီးသွားခဲ့သူတဦးက ပြောပါတယ်။ “ပစ်နေကြတဲ့အသံတွေက လည်း အကျယ်ကြီးပဲ။ အိမ်တွေမှာလည်း လူရှိပေမယ့် တံခါးတွေပိတ်ထားကြတယ်”လို့ သူကပြောပါတယ်။

စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းကဆိုရင် စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး‌တော့ တိုက်ခိုက် မှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ်လည်း တိုက်ပွဲဖြစ်သွားတဲ့ တည်နေ ရာကိုတော့ အမြောက်တပ် ၃၄၄ အနောက်ဘက်နဲ့ မြောက်ဘက်လို့သာ အကြမ်းဖျင်းပြောနိုင်ပြီး အတိ အကျပြောဖို့ ခတ်တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်တပ်ဟာ အမြောက်တပ် ၃၄၄ မြောက်ဘက်က ကျေးရွာတွေမှာ နေထိုင်တဲ့အရပ်သားပြည်သူတွေကို နေရပ်စွန့်ခွာဖို့ ဩဂုတ်လထဲမှာ အမိန့်ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အမြောက်တပ် ၃၄၄ အနီး အနား ၅ မိုင်အတွင်းက ကျေးရွာတွေမှာသာ အရပ်သားပြည်သူတွေ နေထိုင်ကြပြီးတော့ ရေကြည်မြို့ နယ် အနောက်ဘက်က တခြားကျေးရွာတွေ ဒေသခံတွေ နေထိုင်ခြင်းမရှိတော့ ပါဘူး။