
တပ်က လုံခြုံ ရေးအမြင်တွေ ၊ ထောက်ပံ့ရေးအမြင်တွေကြောင့် ဖျက်လိုက်တာထင်တယ်လို့ ဒေသခံက ပြောပါတယ်။
၈၊စက်တင်ဘာ။
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် ၊ ရေနံသာစစ်ဆေးရေးဂိတ်မြောက်ဘက် ၂ မိုင်ကျော်အကွာမှာ တည်ရှိ တဲ့ လက်ပံပင်ကျေးရွာက လူနေအိမ်နဲ့ ဆိုင်ခန်းပေါင်း ၃၀ ခန့်ကို စစ်တပ်က စက်တင်ဘာလ ပထမအ ပတ်ထဲမှာ ပိတ်သိမ်းခိုင်းခဲ့ပါတယ်။
“လက်ပံပင်ရွာထဲက နေအိမ်တွေရွေ့ရတာတော့မဟုတ်ဘူး။ ရွာထိပ်က ဆိုင်ခန်းတွေနဲ့ လူနေအိမ်တွေကို ဖျက်သိမ်းခိုင်းခဲ့တာ” လို့ ဒေသခံတဦးကပြောပါတယ်။ လက်ပံပင်ရွာဆိုတာက ပုသိမ် – မုံရွာ ကားလမ်းရဲ့ အနောက်ဘက်မှာတည်ရှိပြီးတော့ ကုန်းပြင်ကျေးရွာနဲ့ ဆက်စပ်နေတာပါ။
စစ်တပ်ဟာ ဩဂုတ်လ နောက်ဆုံးအပတ်တုန်းက ရေကြည်မြို့နယ် ၊ အမြောက်တပ် ၃၄၄ အနီး ရေ နောက်ဝကျေးရွာကနေ မြောက်ဘက် သတ္တိကုန်းကျေးရွာအကြားမှာရှိတဲ့ ကျေးရွာ ၁၀ ခုလောက်က အရပ်သားပြည်သူတွေကို ရွေပြောင်းဖို့အတွက် အမိန့်ပေးခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ရေနံသာဂိတ် မြောက်ဘက် ရေကြည်မြို့နယ်အပိုင်ထဲမှာ အကြီးမားဆုံးသော ကုန် စည်အရောင်းဆိုင်တွေ တည်ရှိတဲ့ လက်ပံပင်ကျေးရွာက ဈေးဆိုင်တွေမရှိကြတော့ပါဘူး။ တပ်က လုံခြုံ ရေးအမြင်တွေ ၊ ထောက်ပံ့ရေးအမြင်တွေကြောင့် ဖျက်လိုက်တာထင်တယ်လို့ ဒေသခံက ပြောပါတယ်။
စစ်တပ်ဟာ ရေကြည်မြို့နယ် ၊ လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ် အနောက်ဘက်ခြမ်းဒေသတွေမှာ ကုန်စည်ကူးသန်းရောင်းဝယ်တာတွေကို ကန့်သက်ပိတ်ပင်ထားပါတယ်။ ဒါ့ပြင် စစ်တပ်က ကုန်စည် အရောင်းဆိုင်တွေကို စောင့်ကြည့်နေတဲ့အပြင် စစ်ဆေးဖမ်းဆီးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်တပ်ဟာ အမြောက်တပ် ၃၄၄ အနီး ၅ မိုင်ပတ်ချာလည်က ကျေးရွာတွေက အရပ်သားပြည်သူတွေကိုသာ ဆက်လက်နေထိုင်ခွင့်ပြုထားပါတယ်။ ငသိုင်းချောင်းမြို့ အနောက်ဘက် ရခိုင်ရိုးမခြေမှာရှိတဲ့ အခြားသောကျေးရွာတွေမှာတော့ အရပ်သားတွေပြည်သူတွေ နေထိုင်ခွင့်ကို စစ် တပ်က ကန့်သက်ထားတဲ့အပြင် အင်အားသုံးပြီး ထိုးစစ်ဆင်တာကိုလည်း လုပ်ဆောင်နေပါတယ်။
မိဿလင် ၊ ဒရယ်ခုန် ၊ ရေနောက် ၊ ကုန်းပြင် ၊ လက်ပံပင် ၊ သပြေကွင်း ၊ ကျောင်းကွင်း ၊ ကြခတ်တန်း ၊ ဝွေးတောက်ကွက်သစ် ၊ ကျောက်ခဲချောင်း ၊ မျှော့တူ ၊ ဘိတ်ရှည် ၊ အကျီလက် ၊ တောင်နှစ်လုံး ၊ ဂွေးတောက်ကုန်း ၊ ရွာသစ်ကုန်း ၊ မြောက်စမ်း ၊ တောင်ကုန်းစမ်း ၊ တောင်စမ်း ၊ ရေစမ်း ၊ ကျောင်းကုန်းစမ်း ၊ ညောင်ပင်သာ ၊ ဖန်ခါးပင် ၊ ဂရက် ၊ တောင်ကလေး ၊ ကွင်းချောင်း ဒီကျေးရွာတွေက တော့ အမြောက်တပ် ၃၄၄ အနီးက ကျေးရွာတွေဖြစ်ပြီး စစ်တပ်က အရပ်သားပြည်သူတွေကို နေထိုင် ခွင့်ပြုထားတဲ့ ရွာတွေဖြစ်ပါတယ်။
ဒါပေမဲ့လည်း ရေကြည်မြို့နယ် အနောက်ခြမ်း ကုန်းပြင်ကျေးရွာအုပ်စုအပိုင်ထဲက ဒေသခံတွေဟာ ငသိုင်းချောင်းမြို့ဘက်ကို ဩဂုတ်လ နောက်ဆုံးအပတ်ကလည်းက နေ့စဉ် ပြောင်းရွေ့တာတွေ လုပ်ဆောင်နေတယ်လို့ ငသိုင်းချောင်းမြို့ပေါ်မှာနေထိုင်သူတဦးက ပြောပါတယ်။
စစ်ရှောင်တွေ ဝင်လာတာ ဒီနေ့ (စက်တင်ဘာ ၈ ) မရပ်သေးဘူး။ စစ်ရှောင်တွေရဲ့ ထွက်လမ်းကလည်း တစ်လမ်းပဲရှိတယ်။ အဲလမ်းမှာလည်း စစ်ဆေးရေးအတော်ကြမ်းတယ်လို့ ပြောကြတယ်။ စစ်ရှောင်တွေ ကိုပိုစစ်တာ။ ဖုန်းကအစစစ်တာလို့ သူကဆက်ပြောပါတယ်။