
“ဘင်္ဂလားပင်လယ်အော်ဘက်က အခြေအနေအရလည်း မိုးများလာနိုင်တယ်ဆိုတော့ ရုတ်တရက် ရေကြီးတာမျိုး မဖြစ်နိုင်ပေမယ့် ကမ်းပြိုနိုင်ချေရှိတဲ့နေရာတွေမှာ အရဲစွန့်ပြီး နေထိုင်တာတွေ မလုပ် သင့်ပါဘူး”လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဝန်ထမ်းတဦးက ဆိုပါတယ်။
၂၊ စက်တင်ဘာလ။
ဧရာဝတီတိုင်းထဲမှာ ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ရေတိုးလျှက်ရှိပြီး အခုရက်ပိုင်းအ တွင်း မိုးများနိုင်တာကြောင့် ကမ်းပြိုနိုင်ခြေရှိတဲ့ မြစ်ကမ်းတလျှောက်က ဒေသခံတွေအနေနဲ့ သတိ ထားနေထိုင်သင့်တယ်လို့ မိုးဇလ ကျွမ်းကျင်ပညာရှင်တွေက DNA ကို ပြောပါတယ်။
“ဧရာဝတီမြစ်ကြောင်းတလျှောက်(ဧရာဝတီတိုင်း အတွင်းက) မြစ်ရေတက်တာနဲ့ကို ကမ်းပြိုတာတွေက ဆက်တိုက်ဖြစ်နေတာဆိုတော့ အခုက ဘင်္ဂလားပင်လယ်အော်ဘက်က အခြေအနေအရလည်း မိုးများလာနိုင်တယ်ဆိုတော့ ရုတ်တရက် ရေကြီးတာမျိုး မဖြစ်နိုင်ပေမယ့် ကမ်းပြိုနိုင်ချေရှိတဲ့နေရာတွေမှာ အရဲစွန့်ပြီး နေထိုင်တာတွေ မလုပ်သင့်ပါဘူး”လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဝန်ထမ်းတဦးက ဆိုပါတယ်။
လက်ရှိအချိန်မှာ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းမှာ လေပွေလှိုင်းတခုဖြစ်ပေါ်နေပြီး ဒီလေပွေလှိုင်းဟာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ချေရှိနေကာ စက်တင်ဘာ ၃ ရက်ထိ ဆက်လက် ဖြစ်ပေါ်နေမှာဖြစ်တယ်လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။
သူက ဒီလေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ ဧရာဝတီ တိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ ရှမ်းပြည်နယ်က ဒေသတချို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် လက်မ ၃ လက်မထိ ရွာသွန်းနိုင်ပါတယ် လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲက ဧရာဝတီမြစ်ကြောင်းပေါ်မှာရှိနေတဲ့ ညောင်တုန်းမြို့နယ်နဲ့ ဟင်္သာတခရိုင်အတွင်းက ဒေသတချို့ဟာ ယခုနှစ် မိုးဥတုကာလမှာ ကမ်းပြိုတာတွေ ဆက်တိုက်ဖြစ်နေပါတယ်။ အင်္ဂပူမြို့ နယ်အတွင်းက တချို့နေရာတွေမှာ ကမ်းပြိုကျမှုမှာ လမ်းတွေပါ ပျက်ဆီးမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
“ကျွန်တော်တို့ကတော့ မြစ်ရေကို အမြဲသတိနဲ့စောင့် ကြည့်ပြီး လုပ်နိုင်တာတွေ လုပ်ပေးနေပါတယ်။ အများကြီးတော့ မလုပ်နိုင်ဘူးပေါ့ဗျာ ရွေ့ပြောင်းတာတွေမှာ ကူညီပေးတာမျိုးပဲပေါ့”လို့ ဟင်္သာတမြို့ဒေသခံ လူမှုကူညီရေး အသင်းတခုရဲ့ ဦးဆောင် သူတဦးက ဆိုပါတယ်။
လက်ရှိအချိန်မှာ ဧရာဝတီမြစ်ရေဟာ ဟင်္သာတနဲ့ ဇလွန်မှာ ၁၂ စင်တီမီတာကျော် တက်နေပြီး၊ ငဝန်မြစ်ရေကတော့ ပုသိမ်မှာ ၁၄ စင်တီမီတာရောက်ရှိနေတာဖြစ်ပါတယ်။
#မြစ်ရေတက် #မိုးများလာနိုင် #ဧရာဝတီမြစ် #သတိထားသင့် #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH