“သုံးဘီးမောင်းတဲ့အဖိုးကြီးက ကြားထဲက အဖမ်းခံလိုက်ရတယ်။ ပိုင်ရှင်ကောင်လေး ရှာမတွေ့တော့ ကောင်လေးရဲ့မိန်းမကို နေအိမ်သွားဖမ်းကြတာ”လို့ ဒေသခံကပြောပါတယ်။
၂၊စက်တင်ဘာ။
ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် ၊ ကျီကြီးကျေးရွာအု ပ်စုမှာ ခေါက်ဆွဲခြောက်ထုပ်သယ်ဆောင်လာတဲ့ အရပ်သားတချို့ကို စစ်တပ်က တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့တယ်ဆိုကာ စွပ်စွဲ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လနောက်ဆုံးအပတ်ကသုံးဘီးနဲ့တင်ဆောင် လာတဲ့ ပါဆယ်ထုတ် ၃ ခုကို စစ်တပ်က ဖွင့်ဖောက် စစ်ဆေးရာ ခေါက်ဆွဲခြောက်ထုပ်တွေကို တွေ့ရှိတာကြောင့် ထောက်ပို့အနေနဲ့ စွပ်စွဲပြီး စစ်ဘေးရှောင် တွေကို ဖမ်းဆီးခဲ့တာပါ။
“အထုပ်ပိုင်ရှင် ကောင်လေးက သုံးဘီးပေါ်မှာ မရှိတော့ အဖမ်းမခံလိုက်ရဘူး။ သုံးဘီးမောင်းတဲ့အဖိုး ကြီးက ကြားထဲက အဖမ်းခံလိုက်ရတယ်။ ပိုင်ရှင်ကောင်လေး ရှာမတွေ့တော့ ကောင်လေးရဲ့ မိန်းမကို နေအိမ်သွားဖမ်းကြတာ”လို့ ဒေသခံကပြောပါတယ်။
ခေါက်ဆွဲခြောက်ထုပ်တွေကို သယ်ဆောင်လာတဲ့ လူငယ်အမျိုးသားဟာ လေးမျက်နှာမြို့နယ် ဘဲ့ပြား ကုန်းကျေးရွာကနေ အင်္ဂပူမြိုနယ် ၊ ကျီးကြီးကျေး ရွာအုပ်စုထဲကို စစ်ဘေးရှောင်အနေနဲ့ ရောက်ရှိလာသူပါ။ မိသားစုလိုက်ပြောင်းလာတဲ့ ဒီလူငယ်က ကျီးကြီးကျေးရွာအုပ်စုထဲမှာ အိမ်တလုံးငှားရမ်းပြီး နေထိုင်ပါတယ်။
လက်ရှိအချိန်မှာတော့ ကွင်းကောက်မြို့မှာရှိတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က သုံးဘီး မောင်းသူအဖိုးကြီးနဲ့ အထုပ်ပိုင်ရှင်ကောင်လေးရဲ့ ဇနီးကို ပြန်မလွတ်သေးဘဲ ဆက်လက်စစ်ဆေးနေ တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ခေါက်ဆွဲခြောက်ထုပ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကျီကြီးကျေးရွာအုပ်စုထဲက အခြားလူတချို့ကို လည်း စရဖ က အကြိမ်ကြိမ် ခေါ်ယူစစ်တာတွေ ၊ ခြိမ်းခြောက်တာတွေ ၊ ပြုလုပ်ခဲ့တယ်လို့ ဒေသခံ တွေက ဆက်ပြောပါတယ်။ ကျီကြီးကျေးရွာအုပ်စုဆိုတာ ကွင်းကောက် – ဟင်္သာတ လမ်းပိုင်းပေါ်မှာ တည်ရှိပါတယ်။
စစ်တပ်ဟာ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ၊ ရေကြည်မြို့နယ်နဲ့ အင်္ဂပူမြို့နယ်တွေမှာ စားနပ် ရိက္ခာ သယ်ဆောင်တာတွေနဲ့ ပတ်သက်လို့ အကန့် အသက်နဲ့သာ ခွင့်ပြုပါတယ်။ ဒါပေမယ့်လည်း တချို့က တော့ စစ်တပ်နဲ့ ပူးပေါင်းပြီး ကုန်စည်တွေကို စီးပွားဖြစ်သယ်ဆောင်ရောင်းချနေတာပါ။