“စစ်ရှောင်တွေက သနားဖို့ကောင်း တယ်။ သူတို့ဆီမှာ ပိုက်ဆံနဲ့ ရွှေလောက်ပဲပါမယ်ထင်တယ်။ ကျန်တာတွေ ဘာမှသယ်လာနိုင်တာမတွေ့ရဘူး”လို့ငသိုင်းချောင်းဒေသခံတဦးကဆက်ပြောပါတယ်။
၃၀၊သြဂုတ်
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် အနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့ပြည်သူတွေဟာ ဩဂုတ်လတတိယအပတ်ထဲမှာ နေအိမ်တွေကို စွန့်ခွာပြီးတော့ ငသိုင်းချောင်းမြို့အနီးအနားက ကျေးရွာတွေကို အများအပြားပြောင်းရွေ့လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ရှောင်တွေ ရွာထဲကိုရောက်လာတာများများလာတယ်။ ဒီရက်ပိုင်း (ဩဂုတ်လ တတိယအပတ်) မှာ တင် မိသားစု ၅ စု ရွာကိုပြောင်းလာကြတာ။ ရွာမှာက သူ့တို့ (စစ်ရှောင်) အမျိုးတွေ ၊ အသိတွေရှိလို့လာကြတာ”လို့ ငသိုင်းချောင်းမြို့ မြောက်ဘက် ၄ မိုင်အကွာမှာ နေထိုင်သူက ပြောပါတယ်။
နေအိမ်တွေကို စွန့်ခွာပြီး ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေဟာ ငသိုင်းချောင်းမြို့အရှေ့ဘက် ကုန်းပြင် ကျေးရွာအုပ်စုထဲက အရပ်သားပြည်သူတွေ အများဆုံးဖြစ်ပါတယ်။”စစ်ရှောင်တွေက သနားဖို့ကောင်း တယ်။ သူတို့ဆီမှာ ပိုက်ဆံနဲ့ ရွှေလောက်ပဲပါမယ်ထင်တယ်။ ကျန်တာတွေ ဘာမှသယ်လာနိုင်တာမတွေ့ ရဘူး”လို့ သူကဆက်ပြောပါတယ်။
ငသိုင်းချောင်းမြို့ပေါ်မှာ ပြောင်းရွေ့နေထိုင်နိုင်ခြင်းမရှိတဲ့ စစ်ရှောင်တွေဟာ ငသိုင်းချောင်းမြို့ အရှေ့ ဘက် ၊ မြောက်ဘက်နဲ့ တောင်ဘက်က ကျေးရွာတွေဆီကို အဆက်အသွယ်ကိုယ်စီနဲ့ ရွေ့ပြောင်းနေထိုင်ကြပါတယ်။
လက်ရှိအချိန်မှာတော့ ရေကြည်မြို့နယ်ထဲက မအူကန် ၊ ယမင်းကူ ၊ မြတ်တို ၊ ငှက်သိုက် ၊ ဆီဆုံကုန်း ၊ သစ်ဖြူ ၊ ညောင်စု အစရှိတဲ့ ကျေးရွာအုပ်စုတွေထဲမှာ စစ်ရှောင်တွေ ပြောင်းရွေ့နေထိုင်ပါတယ်။ ဒါပေ မဲ့လည်း နေအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်လာတဲ့ အရပ်သားပြည်သူအရေအတွက်ကိုတော့ အတည် ပြုနိုင်ခြင်းမရှိသေးပါဘူး။
ရေကြည်မြို့နယ် အမြောက်တပ် ၃၄၄ အနီးမှာ နေထိုင်သူကတော့ အမြောက်တပ်ရဲ့ ၅ မိုင်ပတ်ချာလည် အတွင်းက ကျေးရွာတွေမှာသာ ပြည်သူတွေနေထိုင်နိုင်တယ်လို့ပြောပါတယ်။ ရေနံသာစစ်ဆေးရေးဂိတ် ကနေ စတင်ပြီးတော့ ရေကြည်မြို့နယ် အနောက်ဘက်က ကျန်ရှိတဲ့ကျေးရွာတွေမှာ ပြည်သူတွေနေထိုင် နိုင်ခြင်းမရှိတော့ဘူးလို့ သူကဆက်ပြောပါတယ်။
မိဿလင်၊ ဒရယ်ခုန် ၊ ရေနောက် ၊ ကုန်းပြင် ၊ လက်ပံပင် ၊ သပြေကွင်း ၊ ကျောင်းကွင်း ၊ ကြခတ်တန်း ၊ ဝွေးတောက်ကွက်သစ် ၊ ကျောက်ခဲချောင်း ၊ မျှော့တူ ၊ ဘိတ်ရှည် ၊ အကျီလက် ၊ တောင်နှစ်လုံး ၊ ဂွေးတောက်ကုန်း ၊ ရွာသစ်ကုန်း ၊ မြောက်စမ်း ၊ တောင်ကုန်းစမ်း ၊ တောင်စမ်း ၊ ရေစမ်း ၊ ကျောင်းကုန်းစမ်း ၊ ညောင်ပင်သာ ၊ ဖန်ခါးပင် ၊ ဂရက် ၊ တောင်ကလေး ၊ ကွင်းချောင်း စတဲ့ကျေးရွာတွေမှာ ပဲ ပြည်သူတွေ နေလို့ရတော့တယ်လို့ ဒေသခံကပြောပါတယ်။
ရေနံသာဂိတ်အကျော် ရေကြည်မြို့နယ်ထဲက အခြားသောကျေးရွာတွေကိုတော့ စစ်တပ်က နေအိမ်တွေ ကို စွန့်ခွာဖို့ ဩဂုတ်လထဲမှာ အသိပေးအကြောင်းကြားခဲ့ပါတယ်။”ရွာကမထွက်သွားလည်းရတယ်။ သူ တို့ (စစ်တပ်) အပြစ်တော့မဟုတ်ဘူးဆိုတဲ့သဘောမျိုး”လို့ ဒေသခံက ပြောပါတယ်။
စစ်တပ်ဟာ ဒေသခံအရပ်သားပြည်သူတွေကို ထွက်ခွာခိုင်းပြီးတဲ့နောက်မှာတော့ စစ်အင်အားကို ငသိုင်း ချောင်းမြို့လမ်းကြောင်းအပြင် အင်္ဂပူမြို့န ယ်ဘက်ကလမ်းကြောင်းကိုပါအသုံးပြုပြီးတော့ စစ်အင်အား တိုးမြှင့်တာတွေကိုလုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ရေကြည်မြို့နယ်အနောက်ပိုင်းနဲ့ လေးမျက်နှာမြို့နယ်အနောက်ပိုင်းမှာ စစ် တပ်က လေကြောင်းအင်အားအပြင် ၊ လက်နက် ကြီးနဲ့ပစ်ခတ်တာ ၊ မြေပြင်ထိုးစစ်ပြုလုပ်တာတွေကို ပိုမိုလုပ် ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုံစာ – ရေနံသာစစ်ဆေးရေးဂိတ်(ပုံဟောင်း)
#ရေကြည် #ဒေသခံ #အများအပြား #စစ်ရှောင်နေရ #ဧရာဝတီတိုင်းဒေသကြီး #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH