PDF တွေ အဓမ္မပြုကျင့်မှုကြောင့် CDM ဆရာမတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လို့သတင်းမှားဖြန့်

PDF တွေ အဓမ္မပြုကျင့်မှုကြောင့် CDM ဆရာမတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လို့သတင်းမှားဖြန့်


(FactCheck) DNA – The Red Flag

ဩဂုတ်လ၊ ၂၈ရက်။

 

စစ်ကိုင်းတိုင်း တမူးမြို့မှာ CDM ဆရာမတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက အဓ္ဓမပြုကျင့်ခဲ့တာခံခဲ့ရကြောင်း သေတမ်းစားရေးသားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တယ်ဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအကြောင်းရာကို စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ Ko Thet ချန်နယ်ကနေ“စစ်အာဏာရှင်ကို ရွံမုန်းလို့ ကိုယ့်ဘဝတခုလုံးကို တော်လှန်ရေးထဲမှာ နှစ်မြှတ်ခဲ့တယ်။ အဲ့ဒီကျေးဇူးကို ကျွန်မရရှိလိုက်တာက အဓ္ဓမပြုကျင့်ခံရခြင်းတဲ့လား?” (မူရင်းအတိုင်း) စာတစောင်နဲ့အတူ သေဆုံးသူ ကျောင်းဆရာမရဲ့ ရုပ်ပုံနဲ့ ဖြန့်ဝေထားပြီး တခြားစစ်ကောင်စီအားပေးထောက်ခံ လူမှုကွန်ရက်အကောင့်တွေမှာ ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့်

https://archive.ph/wLEil 

https://archive.ph/bO7Fb 

 

အဲ့ဒီသတင်းမှားကို ပြီးခဲ့တဲ့၂၇ရက်၊ ဩဂုတ်လ၊ ၂၀၂၂ခုနှစ်ကလည်း ရဲဘော်ဖိုးသော်ဆိုတဲ့ ဖေ့စ်ဘွက်ခ် အကောင့်ကနေ သေတမ်းစာပုံနဲ့ သေဆုံးသူ CDM ကျောင်းဆရာမပုံကိုတွဲလျှက်ဖော်ပြပြီး သတင်းမှားစတင်ဖြန့်ဝေထားတာဖြစ်ကြောင်းကိုတွေ့ရပါတယ်။

သတင်းမှားလင့် 

https://archive.ph/wip/9woIy 

https://archive.ph/wip/CfdRm 

 

ပျံ့နှံ့လာတဲ့အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ကဖြစ်စဥ်ကို အသုံးပြုပြီး လုပ်ကြံဖန်တီးပြီး သတင်းမှားဖြန့်ဝေနေတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

 

သတင်းစိစစ်ချက်

 

အကြောင်းရာကို စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ၊ ၂၆ရက် ညနေ၄နာရီဝန်းကျင်မှာ CDM အလယ်တန်းပြ ကျောင်းဆရာမ (ဒေါ်စမ်းမို့မို့)က အမျိုးသားဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ မြေလတ်အသံသတင်းဌာနက သတင်းရေးသားဖော်ပြထားပါတယ်။

သတင်းလင့် – https://www.facebook.com/share/p/1CeNcvxFcQ/ 

 

သေဆုံးသူ ဆရာမ (ဒေါ်စန်းမို့မို့)က အမျိုးသားဖြစ်သူနဲ့တရားရုံးမှာကွာရှင်းပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တာဖြစ်သလို၊ တမူးမြို့က CDM တွေအနေနဲ့ ဖိအားများတယ်လို့ ၂၀၂၂ခုနှစ်မှာပဲ ဒေသခံတဦးရဲ့ ပြောပြချက်အရ DNA အနေနဲ့သတင်းရေးသားခဲ့ပါသေးတယ်။

သတင်းလင့် – https://www.facebook.com/share/p/1FTVMVEbUb/ 

 

ဆက်စပ်ဖတ်ရှုရန်သတင်းလင့် 

Burma VJ – https://www.facebook.com/share/p/1GDbFzdiqg/ 

သံလွင်ခတ် – https://www.facebook.com/share/p/1G4y2AhRN5/ 

 

သတင်းသုံးသပ်ချက်

 

သေဆုံးသူ CDMကျောင်းဆရာမ(ဒေါ်စန်းစန်းမို့)က ခင်ပွန်းဖြစ်သူတဲ့ တရားရုံးမှာကွာရှင်းခဲ့ပြီးတဲ့နောက်၊ အိမ်အပြန်မှာကိုယ့်ကိုယ်ကိုယ်ကြိုးဆွဲချအဆုံးစီရင်ခဲ့တာဖြစ်တယ်ဆိုတာကိုတွေ့ရှိရပါတယ်။

 

ဖြစ်စဥ်ကိုစစ်ဆေးကြည့်တဲ့အခါမှာ လွတ်လပ်တဲ့သတင်းဌာနတွေမှာ သေတမ်းစာပါ အကြောင်းရာနဲ့ပတ်သက်ပြီးဖော်ပြထားတာမျိုးမရှိသလို ဒေသခံတွေအနေနဲ့လည်း သေတမ်းစာရဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး ပြောဆိုထားတာမျိုးမရှိတာကိုတွေ့ရပါတယ်။

 

ဒါ့အကြောင့် ပြီးခဲ့တဲ့၂၀၂၂ခုနှစ်က CDM ကျောင်းဆရာမတဦး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တဲ့ဖြစ်စဥ်ဟာ အဓ္ဓမပြုကျင့်ခံရတာကြောင့်ဖြစ်တယ်ဆိုတာ မှားယွင်းနေပြီးသတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #CDM_ဆရာမ #ပြည်သူ့ကာကွယ်ရေးတပ် #သတင်းအချက်လက်စစ်ဆေးခြင်း