လက်ရှိမှာ မုန်တိုင်းအားလျော့သွားပေမယ့် နိုင်ငံမြောက်ပိုင်းဒေသတချို့မှာ မိုးရေချိန် ၁၅၀ မီဘီမီတာအထိ မိုးဆက်လက်ရွာနိုင်တာကြောင့် ရုတ်တရက်ရေကြီး ၊ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။
၂၆ ၊ ဩဂုတ်
အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ကဂျိကိကြောင့် ဗီယက်နမ်မှာ လူ ၃ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရခဲ့ပါတယ်လို့ ဒီကနေ့ ဩဂုတ်လ ၂၆ရက်နေ့မှာ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
အင်္ဂါနေ့မနက်က မိုးသည်းသည်းမည်းမည်းရွာပြီးနောက် မြို့တော်ဟန္နိုင်းရဲ့ လမ်းမတွေပေါ်မှာ ရေတွေဖုံးလွှမ်းနေပါတယ်။
မုန်တိုင်းကြောင့် နေအိမ် ၇၀၀၀ ကျော် ၊စပါးစိုက်ခင်း ဟက်တာဧရိယာ၂၉၀၀၀ နီးပါးနဲ့ သစ်ပင် ၁၈၀၀၀ ပျက်စီးခဲ့တယ်လို့ ဗီယက်နမ်အစိုးက ထုတ်ပြန်ပါတယ်။
ဓာတ်တိုင် ၃၀၀ ကျော် လဲကျခဲ့တာကြောင့် Thanh Hoa ၊ Nghe An ၊ Ha Tinh ၊ Thai Nguyen နဲ့ Phu Tho စတဲ့စီရင်စုတွေမှာ လျှပ်စစ်မီးတွေလည်း ပျက်တောက်နေပါတယ်။
လက်ရှိမှာ မုန်တိုင်းအားလျော့သွားပေမယ့် နိုင်ငံမြောက်ပိုင်းဒေသတချို့မှာ မိုးရေချိန် ၁၅၀ မီဘီမီတာအထိ မိုးဆက်လက်ရွာနိုင်တာကြောင့် ရုတ်တရက်ရေကြီး ၊ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။
နှစ်စဉ် အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေဒဏ် ခံစားရလေ့ရှိတဲ့ ဗီယက်နမ်ဟာ ကဂျိကိမုန်တိုင်းကို ရင်ဆိုင်ဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး လူ ၅သိန်းကျော်ကို ဘေးလွတ်ရာရွေ့ပြောင်းခဲ့တဲ့အပြင် လေဆိပ်နဲ့ ကျောင်းတွေကိုလည်း ပိတ်ထားခဲ့ပါတယ်။
Ref – Reuters