“ပြည်တွင်း ဆန်စပါးဈေးက ကျတဲ့အပြင် ပြည်ပပို့ရတာကလည်း မရှိဘူး၊၊သီးနှံသွင်းအားစုအတွက် စစ်အုပ်ချုပ်ရေးအဖွဲ့ကို ဒေါ်လာနဲ့ သွင်းရတယ် ဆိုတော့ မြန်မာကျပ်ငွေနဲ့ ကွာဟချက် များလွန်းတာ ကြောင့် အဆင်မပြေဘူးလေ၊ အဲတာကြောင့်အဓိက ရပ်နားထားကြတာ၊Export (ပို့ကုန်)ဆန်ကြိတ်တဲ့ စက်တွေပါ ၊စပါးဈေးနဲ့ ဆန်ဈေး မျှခြေပြန်ဖြစ်လာရင်တော့ စက်တွေပြန်လည်ပတ်လာနိုင်ပါတယ်”လို့ ဧရာဝတီတိုင်း ဆန်ကုန်သည်ကြီးများ အသင်းဝင် တဦး ကဆိုပါတယ်။
၂၅၊သြဂုတ်။
ဧရာဝတီတိုင်းကဆန်စက်တွေမှာ စပါးကြိတ်ခွဲမှု နည်းပါးလာတာကြောင့် ဆန်စက်အများစု လုပ်ငန်း ရပ်နားထားကြရလို့ ဆန်စက်ကို မှီခိုလုပ်ကိုင်ကြရတဲ့ အခြေခံအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ် လာနေပါတယ်။
အခု ဩဂုတ်လအတွင်းမှာ ပြည်ပဆန်ဝယ်လိုအားကျသွားတဲ့အပြင် ပြည်တွင်းစစ်ဖြစ်ပွားနေတာ ၊စစ် ကောင်စီက ဆန်ကုန်စည်ပို့ဆောင်မှုကို ကန့်သတ်ချက် ထိန်းချုပ်မှု တွေရှိလာတာ၊ သိုလှောင်စပါးလက်ကျန်နည်းလာတာ၊ ဆန်စပါးဈေးနှုန်း ကျဆင်းကာ အရှုံးပေါ်နေတဲ့အတွက် စပါးကြိတ်ခွဲသူ နည်းလာပြီး ဆန်စက်အများစု ရပ်နားထားရတာတွေကြောင့် ဆန်စက်ကို မှီခို လုပ်ကိုင်ကြရတဲ့ အ ခြေခံအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်လာနေ တာပါ။
ဆန်စက်တစက်ရဲ့ လုပ်ငန်းခွင်အတွင်း စပါးသယ် ဆန်သယ် အလုပ်သမားကနေ ဆန်အရည်အသွေး စစ်ဆေးသူ စက်ဆရာ၊ မန်နေဂျာ အဆုံး ဆန်စက် အကြီးအသေးပေါ် မူတည်ပြီး လုပ်သား ၂၀ ဦးကနေ ၈၀ဦးလောက်အထိရှိပြီး ဆန်စပါးအရောင်းအ ဝယ် ဈေးကွက်ခိုင်မာတဲ့ ပုသိမ် မြောင်းမြ ဖျာပုံ ခရိုင်တို့ အတွင်းမှာ တခရိုင် ကို ဆန်စက်အကြီးအသေး စုစုပေါင်း တ ရာ ဝန်းကျင် ရှိနေပါတယ်။
“စပါးကြိတ်တဲ့သူတွေ အလာကျဲသွားတော့ အချို့စက်တွေက လုံးဝရပ်ထားတယ် ၊ ကျိုးတို့ကျဲတဲ လာ ကြိတ်တာကို လက်ခံကြိတ်ပေးတဲ့ စက်ငယ်လေး တှေကလည်း မဖွင့်လိုက် ဖွင့်လိုက်နဲ့ပါ၊ဆန်စက်တွေ ပိတ်တော့ အလုပ်လက်မဲ့တွေဖြစ်ပြီး အခက်အခဲဖြစ်ရတာပေါ့ ခုတော့ စပါးလာကြိတ်မယ့်သူတွေ ကို တမျှော်မျှော်နဲ့ ဖြစ်နေရတဲ့ အခြေအနေပါ”လို့ ဆန်စက်မှာ စပါးထမ်းတဲ့ အလုပ်သမားသူတဦးက DNA ကိုပြောပါတယ်။
ပြည်ပကို ဆန်အများဆုံး တင်ပို့နေပြီးဆန်စက်တွေ အများဆုံးရှိနေတဲ့ ပုသိမ် ၊ဖျာပုံ ၊မြောင်းမြ၊ မအူပင် ၊ကျိုက်လတ် နဲ့ဘိုကလေး မြို့နယ်တို့က Export ဆန်(ဆန်ကြမ်း) ကြိတ်တဲ့ စက်တွေ ပိတ်ထားရသလို ဒေသတွင်းရောင်းချဖို့နဲ့ ဝမ်းစာအတွက် သာကြိတ်တဲ့ ဆန်စက်ငယ်တွေကလည်း ပုံမှန် မလည် ပတ်နိုင်ကြတဲ့ အခြေအနေပါ။
စပါးအများအပြားကို ကိုယ်တိုင်စိုက်ပျိုးပြီး ၊ လယ်သမားတွေထံကလည်း ဝယ်ယူ သိုလှောင် ကြိတ် ခွဲရောင်းချတဲ့ ဆန်စက်နဲ့ ကုန်သည်တွေ ရဲ့ စပါးတွေကို ကြိတ်ခွဲပေးရတဲ့ ဆန်စက်ဆိုပြီးဆန်စက် ၂မျိုး ၂စား ရှိပါတယ်။
“ပြည်တွင်း ဆန်စပါးဈေးက ကျတဲ့အပြင် ပြည်ပပို့ရတာကလည်း မရှိဘူး၊၊ သီးနှံသွင်းအားစုအတွက် စစ်အုပ်ချုပ်ရေးအဖွဲ့ ကို ဒေါ်လာနဲ့ သွင်းရတယ် ဆိုတော့ မြန်မာကျပ်ငွေနဲ့ ကွာဟချက် များလွန်းတာ ကြောင့် အဆင်မပြေဘူးလေ၊ အဲတာကြောင့်အဓိက ရပ်နားထားကြတာExport (ပို့ကုန်)ဆန်ကြိတ်တဲ့ စက် တွေပါ ၊ စပါးဈေး နဲ့ ဆန်ဈေး မျှခြေပြန်ဖြစ်လာရင်တော့ စက်တွေပြန် လည်ပတ် လာနိုင်ပါ တယ်”လို့ ဧရာဝတီတိုင်း ဆန်ကုန်သည်ကြီးများ အသင်းဝင် တဦး ကဆိုပါတယ်။
လက်ရှိအနေအထားမှာတော့ ပေါ်ဆန်းအုပ်စုဝင် ဆန်ချောဈေးက ပုံမှန်အတိုင်း ရှိနေပြီး မနောသုခ၊ ဆင်းသုခ ၊ပခန်း၊ မိုးရေဆင်း နဲ့ ရက် ၉၀ ဆန်ကြမ်း ဈေးက ၂၄ပြီဝင် တအိတ်ကိုကျပ် ၇ သောင်း ဝန်း ကျင် အကျဈေးမှာရှိပြီး စပါးအကြမ်းဈေး အဟောင်းကတော့ တင်းတရာကို ကျပ် ၁၂သိန်း အကျဈေးမှာရှိပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းအတွင်းမှာ ကုန်းမြင့်ပိုင်းရှိ လယ်ယာတွေက မနော သုခ၊ ဆင်းသုခ ၊ ပခန်း၊ မိုးရေဆင်း နဲ့ ရက် ၉၀ စပါး အကြမ်း အသစ်တွေ ပေါ် နေပြီဖြစ်ကာ ကုန်သည်တွေရဲ့ ဩဂုတ်လ လယ်က စပါးသစ် အဖွင့် ကြမ်းခင်း ဈေး တင်း၁၀၀ ကျပ် ၁၀ သိန်းရရှိခဲ့ရာ ဩဂုတ်လ နောက်ဆုံးပတ် မှာ တင်းတ ရာ ကိုကျပ် ၈ သိန်းအထိ ဆက်ကျဆင်းသွားတာကြောင့် တောင်သူတွေက ရောင်းချမှု မရှိဖြစ်နေပါတယ်။
ဒါ့ကြောင့် ကုန်သည်တွေရဲ့စပါးကြိတ်ခွဲတာ အပေါ် မှီခိုနေရပြီး ဆန်စက်လုပ် သား အများစုရှိတဲ့ ပုသိမ်၊ မြောင်းမြ ၊ဖျာပုံ ၊မအူပင် ၊ဘိုကလေး နဲ့ကျိုက်လတ် မြို့နယ်တွေ က Export ဆန်ကြိတ်တဲ့ ဆန်စက်ကြီး အများစု ရပ်နားထားရဆဲဖြစ်ပါတယ်။