အပတ်စဉ်မိုးလေဝသခန့်မှန်းချက်

၂၄၊ဩဂုတ်လ။

လက်ရှိတောင်တရုတ်ပင်လယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်ဘက်ဆီကို ဦးတည်ရွေ့လျားနေတာကြောင့် ဒီလေဖိအားနည်းရပ်ဝန်းရဲ့ သက်ရောက်မှုဟာ မြန်မာနိုင်ငံရဲ့ အရှေ.ဘက်ခြမ်း ဒေသတွေကို သက်ရောက်လေ့ရှိတာကြောင့် လတ်တလောမှာတော့ ဧရာဝတီတိုင်းအတွက် ကြီးမားတဲ့ သက်ရောက်မှုတော့ မရှိသေးဘူးလို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

မိုးဇလပညာရှင် ဦးဝင်းနိုင်က “ !!!တောင်တရုတ်ပင်လယ်အတွင်းက လေဖိအားနည်းရပ်ဝန်းကတော့ အနောက်ဖက်ကို ရွေ့နေတယ်။ မုန်းတိုင်းဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် စောင့်ကြည့်ရမှာပဲ။ ဒီလိုမျိုး အစဉ်တစိုက် မိုးလေဝသဖြစ်စဉ်တွေကို စောင့်ကြည့်တာဟာ ရုတ်တရက် ရေကြီးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ် အပါအဝင် ရေကြောင့်ဖြစ်လာတဲ့ သဘာဝဘေးပေါင်းစုံကို လျော့ချနိုင်ပါလိမ့်မယ် ” လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းက လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဆင့်ထိ ရောက်ရှိလာရင်တော့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ဘင်္ဂလား ပင်လယ်အော်အတွင်းမှာ လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်လာတဲ့အခါ မြန်မာနိုင်ငံ အနောက်ဘက်အခြမ်းတွေမှာ မိုးများလာနိုင်ပြီး မြန်မာ့ကမ်းရိုးတမ်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းကျပြီး လှိုင်းထန်တာတွေ ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

ရက်သတ္တပတ်စာ (ဩဂုတ် ၂၄ ရက်-ဩဂုတ် ၃၀ ရက်)အထိ ဒေသအလိုက် မိုးလေဝသ ခန့်မှန်းချက်

ပုသိမ် -ရက်သတ္တပတ် တခုလုံး မိုးရွာသွန်းဖို့ရှိနေပြီး အများဆုံး မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။

ညောင်တုန်း – ဒီရက်သတ္တပတ် တခုလုံး မိုးရွာသွန်းဖို့ရှိနေပြီး အများဆုံး မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။ ဒီကနေ့မှာတော့ နေ့ရောညပါ မိုးထစ်ချုန်းရွာနိုင်ဖွယ်ရှိပြီး တမြို့လုံးအနှံ့ရွာသွန်းဖို့ ရှိနေပါတယ်။

အင်္ဂပူ – အခုရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မိုးရေချိန် များများရွာနိုင်ချေတော့ မရှိသေးပါဘူး။

ဟင်္သာတ – ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မိုးရေချိန် များများရွာနိုင်ချေတော့ မရှိသေးပါဘူး။

မအူပင် -ရက်သတ္တပတ်အတွင်း မိုးရွာသွန်းဖို့ရှိနေပြီး နေ့စဉ် မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။ နေ့ရော ညပါ ရွာသွန်းနိုင်ဖို့ အလားအလာရှိနေပြီး မိုးထစ်ချုန်းရွာနိုင်ချေလည်း ရှိပါတယ်။

ဖျာပုံ -အခုရက်သတ္တပတ် တခုလုံး မိုးရွာသွန်းဖို့ရှိနေပြီး မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။

မြန်အောင် ၊ ကြံခင်း – ဒီရက်သတ္တပတ် တခုလုံး မိုးရွာသွန်းဖို့ရှိနေပြီး မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။ ဒီကနေ့နဲ့ မနက်ဖြန်မှာတော့ မိုးထစ်ချုန်းရွာဖို့ရှိနေပြီး နေ့ရောညပါ ရွာသွန်းနိုင်ပါတယ်။

 

ဘိုကလေး -အခုရက်သတ္တပတ်အတွင်း မိုးရွာသွန်းဖို့ရှိနေပြီး မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။ ဒီကနေ့နဲ့ မနက်ဖြန်မှာတော့ မိုးထစ်ချုန်းရွာဖို့ရှိနေပြီး နေ့ရောညပါ ရွာသွန်းနိုင်ပါတယ်။

ကန်ကြီးဒေါင့် – ဒီရက်သတ္တပတ် တခုလုံး မိုးရွာသွန်းဖို့ရှိနေပြီး နေ့စဉ် မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။

ဒေးဒရဲ -ရက်သတ္တပတ် တခုလုံးမှာတော့ မိုးရွာသွန်းဖို့ရှိနေပြီး နေ့စဉ် မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။

ကျိုတ်လတ် -အခုရက်သတ္တပတ် တခုလုံး မိုးရွာသွန်းဖို့ရှိနေပြီး နေ့စဉ် မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။

မော်လမြိုင်ကျွန်း – ဒီရက်သတ္တပတ် တခုလုံး မိုးရွာသွန်းဖို့ရှိနေပြီး နေ့စဉ် မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။

ဝါးခယ်မ -ရက်သတ္တပတ် တခုလုံး မိုးရွာသွန်းဖို့ရှိနေပြီး နေ့စဉ် မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။

ကျုံပျော် –  ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မိုးရေချိန် များများရွာနိုင်ချေတော့ မရှိသေးပါဘူး။

ဟိုင်းကြီးကျွန်း -အခုရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မြို့ရဲ့နေရာကွက်ကျား မိုးကြီးနိုင်ချေရှိပါတယ်။

လပွတ္တာ –   ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မိုးရေချိန် များများရွာနိုင်ချေတော့ မရှိသေးပါဘူး။

မြောင်းမြ – ရက်သတ္တပတ်အတွင်းမိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မိုးရေချိန် များများရွာနိုင်ချေတော့ မရှိသေးပါဘူး။

ဓနုဖြူ –  ဒီရက်သတ္တပတ် တခုလုံး မိုးရွာသွန်းဖို့ရှိနေပြီး နေ့စဉ် မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။

ကျုံတနီး –  ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ ဩဂုတ် ၂၈ နဲ့ ၂၉ ရက်တွေမှာတော့ မြိုအနှံ့ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မိုးရေချိန် ၂ လက်မနီးပါးထိ မိုးများနိုင်ပါတယ်။

ရေကြည် -ရက်သတ္တပတ်အတွင်းမိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။

အသုတ် –  ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ ဩဂုတ် ၂၈ နဲ့ ၂၉ ရက်တွေမှာတော့ မြိုအနှံ့ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မိုးရေချိန် ၂ လက်မနီးပါးထိ မိုးများနိုင်ပါတယ်။

ကျုံမငေး – ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ ဩဂုတ် ၂၅ ရက်နေ့မှာတော့ မိုးထစ်ချုန်းပြီး သည်းထန်စွာရွာသွန်းနိုင်ချေရှိပါတယ်။

ကျောင်းကုန်း –   အခုရက်သတ္တပတ်လုံး မိုးသည်းထန်စွာရွာဖို့ရှိနေပြီး  နေ့ရောညပါ ရွာသွန်းနိုင်ချေရှိပါတဘ်။ နေ့စဉ် မိုးရေချိန် ၂ လက်မနီးပါးရွာသွန်းနိုင်ချေရှိနေပါတယ်။

ဇလွန် – ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မိုးရေချိန် များများရွာနိုင်ချေတော့ မရှိသေးပါဘူး။

ပန်းတနော် -ရက်သတ္တပတ်အတွင်းမိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ ဩဂုတ် ၂၇ ရက်နေ့မှာတော့ နေ့ရောညပါ မိုးထစ်ချုန်းရွာနိုင်ဖွယ်ရှိပြီး မိုးရေချိန် ၂ လက်မနီးပါးထိ မိုးများနိုင်ပါတယ်။

အိမ်မဲ – ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ ဩဂုတ် ၂၇နဲ့ ၂၉ ရက်နေ့မှတွေမှာတော့ နေ့ရောညပါ မိုးထစ်ချုန်းရွာနိုင်ဖွယ်ရှိပြီး မိုးရေချိန် ၂ လက်မနီးပါးထိ မိုးများနိုင်ပါတယ်။

ငသိုင်းချောင်း – ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မိုးရေချိန် များများရွာနိုင်ချေတော့ မရှိသေးပါဘူး။

လေးမျက်နှာ – ဒီရက်သတ္တပတ်လုံးမှာ အများအားဖြင့် သာယာနိုင်ပေမယ့် ဇူလိုင် ၁၀ နဲ့ ၁၁ ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ချေရှိပါတယ်။

ဆားမလောက် -အခုရက်သတ္တပတ်လုံးမှာ အများအားဖြင့် မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ချေ ရှိပေမယ့် ဩဂုတ် ၂၆န့ ၂၇ ရက်နေ့တွေမှာတော့ မိုးသည်းထန်ပြီး မိုးရေချိန် ၂ လက်မနီးပါး ရွာသွန်းနိုင်ချေ ရှိပါတယ်။

ပြင်စလူ – ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မိုးရေချိန် များများရွာနိုင်ချေတော့ မရှိသေးပါဘူး။

ချောင်းသာ -ရက်သတ္တပတ်အတွင်းမိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ ဩဂတ်လ ၂၇ ရက်နေ့မှာတော့ နေ့ရော ညပါ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရေချိန် ၂ လက်မနီးပါးထိ မိုးများနိုင်ပါတယ်။

ငွေဆောင် – ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ ဩဂတ်လ ၂၇ ရက်နေ့မှာတော့ နေ့ရော ညပါ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရေချိန် ၂ လက်မနီးပါးထိ မိုးများနိုင်ပါတယ်။

ငရုတ်ကောင်း -ရက်သတ္တပတ်အတွင်းမိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မိုးရေချိန် များများရွာနိုင်ချေတော့ မရှိသေးပါဘူး။

သာပေါင်း –  ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ ဩဂတ်လ ၂၇နဲ့ ၂၉ ရက်နေ့မှတွေမှာတော့ နေ့ရော ညပါ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရေချိန် ၂ လက်မနီးပါးထိ မိုးများနိုင်ပါတယ်။

ဒေါ်ငြိမ်းရွာ –  မိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ချေရှိနေပြီး ကျန်ရက်များမှာတော့ အများအားဖြင့် သာယာဖို့ရှိနေပါတယ်။

ငပုတော -ရက်သတ္တပတ်အတွင်းမိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မိုးရေချိန် များများရွာနိုင်ချေတော့ မရှိသေးပါဘူး။

မယ်ဂျာရွာ –  ဒီရက်သတ္တပတ်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မိုးရေချိန် များများရွာနိုင်ချေတော့ မရှိသေးပါဘူး။

ထူးကြီး-  –  ဒီရက်သတ္တပတ်အတွင်းမိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းဖို့ရှိပါတယ်။ မြို့ရဲ့ နေရာကွက်ကျား ရွာသွန်းနိုင်ပါတယ်။ မိုးရေချိန် များများရွာနိုင်ချေတော့ မရှိသေးပါဘူး။