တိုက်ပွဲဖြစ်ပွားနေတဲ့လေးမျက်နှာမြို့နယ်ကိုစစ်တပ်အင်အားဖြည့်

“စစ်ကူတွေက ပန်းတောကြီး ၊ နဂါးရစ်တောင် အဲဒီဘက်ကိုထွက်သွားတာ။ လက်နက်ကြီးပစ်သံတွေက မကြားရ နည်းနည်းကြာပြီ။ အခုအသံတွေပြန်ကြားလာရတယ်။ လေယာဉ်နဲ့ ပစ်တဲ့အသံတွေတော့ အ ရင်လို မကြားရဘူး”လို့ ဒေသခံတဦးကဆက်ပြောပါတယ်။

၂၄၊သြဂုတ်

— ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ်ကို ဖြတ်သန်းပြီး လေးမျက်နှာမြို့နယ်ကို စစ်တပ်က စစ်ကူတွေ စေလွတ်နေတယ်လို့ အင်္ဂပူမြို့နယ် မြို့ကွင်း အမှတ် (၂) မြစ်ကူးတံတားအနီးမှာ နေထိုင်သူတဦးက ပြောပါ တယ်။

ဩဂုတ်လ ၂၂ ရက် နေ့လည်ပိုင်းမှာ စစ်ကူအင်အားအပြည့်တင်ဆောင်လာတဲ့ ၁၂ ဘီးကားတစီးဟာ မြို့ ကွင်း အမှတ် (၂) တံတားကို ဖြတ်သန်းသွားတယ်လို့ ဒေသခံကပြောပါတယ်။ စစ်ကူတွေတင်ဆောင်လာ တဲ့ကားဟာ ကွင်းကောက်ကနေ ပုသိမ် – မုံရွာလမ်းအတိုင်း လေးမျက်နှာမြို့နယ်ထဲကို ဝင်ရောက်သွား တယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမဲ့ ဒေသခံတွေက ကားပေါ်မှာ ပါလာတဲ့ စစ်ကူအင်အားကိုတော့ မခန့်မှန်းနိုင်ခဲ့ပါဘူး။ လေးမျက်နှာ မြို့နယ်ထဲကို စစ်ကူတွေရောက်ရှိလာတဲ့နောက် ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းမှာ လက်နက်ကြီးပစ်ခံသံ တွေကြားလာရတယ်လို့လည်းအင်္ဂပူမြို့နယ်က ဒေသခံတွေက ပြောပါတယ်။

စစ်ကူတွေက ပန်းတောကြီး ၊ နဂါးရစ်တောင် အဲဒီဘက်ကိုထွက်သွားတာ။ လက်နက်ကြီးပစ်သံတွေက မကြားရ နည်းနည်းကြာပြီ။ အခုအသံတွေပြန်ကြားလာရတယ်။ လေယာဉ်နဲ့ ပစ်တဲ့အသံတွေတော့ အ ရင်လို မကြားရဘူး လို့ သေခံတဦးကဆက်ပြောပါတယ်။

စစ်တပ် စစ်ကူတွေစေလွတ်လိုက်တဲ့ လေးမျက်နှာမြို့နယ်ထဲက ကျေးရွာတွေဟာ ရေကြည်မြို့နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေဖြစ်ပြီး အာရက္ခတပ်တော် AA ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲပြင်း ထန်နေတဲ့ နေရာတွေဖြစ်ပါတယ်။

လေးမျက်နှာမြို့နယ်အစပ် ရေကြည်မြို့နယ်ထဲက ကျေးရွာ ၁၀ ခုလောက်ကို ဩဂုတ်လ ၂၂ ရက်မှာ စစ်တပ်က နေရပ်ကိုစွန့်ခွာဖို့ ညွှန်ကြားခဲ့ပါတယ်။ ရေကြည်မြို့နယ်နဲ့ အင်္ဂပူမြို့နယ်ထဲက ဒေသခံတွေကတော့ စစ် တပ်အနေနဲ့ ပုသိမ် – မုံရွာလမ်းပိုင်းအနီးက ကျေးရွာတွေကို အင်အားသုံးပြီးထိုးစစ်ဆင်နေတာလို့ ပြော ပါတယ်။

စစ်တပ်ဟာ ဩဂုတ်လ ၁၆ ရက်ကလည်း စစ်ကားအကြီး ၂ စီး ၊ အရပ်ဘက်သုံးကား ၃ စီးနဲ့အတူ အင်္ဂပူ မြို့နယ်ကို ဖြတ်သန်းပြီး ပုသိမ် – မုံရွာလမ်းအတိုင်း စစ်ကူတွေစေလွတ်ခဲ့ပါသေးတယ်။ အဲဒီစစ်ကူ တွေကတော့ ကွင်းကောက်မြို့ပေါ်မှာ တပ်စွဲထားတာဖြစ်နိုင်တယ်လို့ ဒေသခံကပြောပါတယ်။