“ရေနောက်ဝရွာ ရွာလယ်တံတားကနေစတင်ပြီးတော့ သတ္တိကုန်းရွာအ ထိပဲ။ လူတွေအကုန်လုံးထွက်ခိုင်းတယ်။ မထွက်လည်းရတယ်။ သူတို့ (စစ်တပ်) အပြစ်တော့မဟုတ်ဘူး ဆိုတဲ့သဘောပေါ့”လို့ ဒေသခံကပြောပါတယ်။
၂၃၊သြဂုတ်။
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် အမြောက်တပ် ၃၄၄ အနီး ရေနောက်ဝကျေးရွာကနေ သတ္တိကုန်းကျေး ရွာအကြား ကျေးရွာဆယ်ခုလောက်က ပြည်သူတွေကို ဩဂုတ်လ ၂၂ ရက်ကစတင်ပြီး နေရပ်စွန့်ခွာ ပေးဖို့ စစ်တပ်က ညွှန်ကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဘယ်နားကနေစတင်လဲဆိုတော့ ရေနောက်ဝရွာ ရွာလယ်တံတားကနေစတင်ပြီးတော့ သတ္တိကုန်းရွာအ ထိပဲ။ လူတွေအကုန်လုံးထွက်ခိုင်းတယ်။ မထွက်လည်းရတယ်။ သူတို့ (စစ်တပ်) အပြစ်တော့မဟုတ်ဘူး ဆိုတဲ့သဘောပေါ့”လို့ ဒေသခံကပြောပါတယ်။
ရေနောက်ဝကျေးရွာဆိုတာကတော့ အမြောက်တပ် ၃၄၄ အနီးက ကျေးရွာကြီးဖြစ်တဲ့ သီတာကုန်းပြင် ကျေးရွာနဲ့ ကပ်လျပ်ကကျေးရွာပါ။ သတ္တိကုန်းကျေးရွာဆိုတာကတော့ သီတာကုန်းပြင်ကျေးရွာ မြောက် ဘက်မှာတည်ရှိပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျေးရွာလည်းဖြစ်ပါတယ်။
ရေနောက်ဝကျေးရွာကနေ သတ္တိကုန်းကျေးရွာအကြား ကျေးရွာဆယ်ခုလောက်က ပြည်သူ အ များစုဟာသြဂုတ်လ၂၂ရက်မှာစတင်ပြောင်းရွေ့သွားခဲ့ပေမယ့်လည်း အချို့ကတော့ မပြောင်းရွေ့ရ သေးဘူးလို့ ဒေသခံကဆက်ပြောပါတယ်။
“သတ္တိကုန်းရွာဆိုတာကလည်း လွန်ခဲ့တဲ့ လေးရက်လောက်က မီးလောင်သွားပြီလို့ ကြားရတယ်။ အခု ပြောင်းရွေဖို့ကလည်း အုပ်ချုပ်ရေးမှူးတွေဆီကနေတဆင့် အရပ်သားပြည်သူတွေကို အကြောင်းကြား တာ။ ပြောင်းရမယ့်ရွာတွေက တရွာနဲ့တရွာဆက်နေကြတာ”လို့ သူကဆက်ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်တပ်ဟာ ငသိုင်းချောင်းမြို့အကျော် ရေနံသာဂိတ်ကနေစတင်ပြီးတော့ အရပ် သားပြည်သူတွေကို သွားလာခွင့်ကန့်သက်ထားပါတယ်။ စစ်ဆေးရေးဂိတ်ဟာ ဒေသခံတွေကိုသာ ဖြတ်သန်းသွားလာခွင့်ပြုတဲ့အပြင်စားနပ်ရိက္ခာ သယ်ယူခွင့်ကိုလည်း တင်းကြပ်ထားပါတယ်။
စစ်ဘေးရှောင်တဲ့ပြည်သူတွေဟာ နီးစပ်ရာကျေးရွာတွေမှာ ပြောင်းရွေ့နေကြတဲ့အပြင် ရေနံ့သားဂိတ်ကို ဖြတ်သန်းပြီးတော့ ငသိုင်းချောင်းမြို့ဘက်ကို ပြောင်းရွေ့သွားကြတာလဲရှိပါတယ်။ “ရေနံသာဂိတ်က အ ထွက်လည်းတင်းကြပ်တယ်။ အဝင်ဆိုရင် ပိုတင်းကြပ်တယ်လို့ အမြောက်တပ် ၃၄၄ အနီးနေထိုင်တဲ့ ဒေသခံက ပြောပါတယ်။