ဝယ်လက်ပျောက်လို့ဧရာဝတီတိုင်းမှာ ဆန်စပါးအကြမ်း ဈေးကျ


“စပါးက တိုင်းဒေသကျော်ပြီး သယ်လို့မရဘူး၊ ဆန် ကျတော့ ပါမစ်လုပ်ရတယ် အကန့်အသတ်နဲ့ပဲ သယ်ခွင့်ပြုတယ် ၊ နယ်မြေဖြတ်ကျော်ရတဲ့ အခက် အခဲတွေ ကန့်သတ်ဒေသတွေ ဥပမာ ရခိုင် အပါအ ဝင် စစ်ဖြစ်နေတဲ့ ဒေသတွေကို သယ်ယူရောင်းချခွင့်မပြုတာတွေကြောင့် ကုန်သည်တွေ မလာကြ တော့ ဝယ်လက်ပျောက်ကုန်တယ်” လို့ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက DNA ကိုပြော ပါတယ်။

၂၂၊ ဩဂုတ်လ။

ပြည်တွင်းပြည်ပဆန်စပါး အရောင်းအဝယ်လုပ်တဲ့ကုန်သည်ဝယ်လက်တွေမရှိတော့တာကြောင့် မြန်မာ နိုင်ငံရဲ့ စပါးကျီဖြစ်တဲ့ ဧရာဝတီတိုင်းမှာ ဆန်စပါး အကြမ်း ဈေးနှုန်းတွေ လျော့ကျသွားပါတယ်။

ဆင်းသုခ ၊ မနောသုခ၊ ရက် ၉၀၊ မိုးရေဆင်း၊ပခန်း၊ စတဲ့ ဆန်စပါး အကြမ်းဈေးတွေဟာ စပါးအကြမ်းဈေးတင်း ၁၀၀ ကို ကျပ် ၄ သိန်းနီးပါး လျော့ကျ သွားပြီး ဆန်အကြမ်းဈေးကတော့ ၂၄ ပြည်ဝင် တအိတ်ကို ကျပ် ၃ သောင်းခွဲနီးပါး လျော့ကျသွားတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း က စပါးအကြမ်းဈေး တင်း ၁၀၀ ကို ကျပ် ၁၆ သိန်းဝန်းကျင်ရှိခဲ့ရာကနေ ဩဂုတ်လ ဒုတိယပတ်အတွင်းမှာ ကျပ် ၁၂ သိန်းအထိ ထိုးကျသွားပြီး ဆန်ကြမ်းဈေးက၂၄ ပြည်ဝင် တအိတ်ကို ကျပ် ၁ သိန်းကျော် ရှိခဲ့ရာက ကျပ် ၇ သောင်း ကျော်သာရှိပါတော့တယ်။

“စပါးက တိုင်းဒေသကျော်ပြီး သယ်လို့ မရဘူး၊ ဆန်ကျတော့ ပါမစ်လုပ်ရတယ် အကန့်အသတ်နဲ့ပဲ သယ်ခွင့်ပြုတယ် ၊ နယ်မြေဖြတ်ကျော်ရတဲ့ အခက် အခဲတွေ ကန့်သတ်ဒေသတွေ ဥပမာ ရခိုင် အပါအ ဝင် စစ်ဖြစ်နေတဲ့ ဒေသတွေကို သယ်ယူရောင်းချခွင့်မပြုတာတွေကြောင့် ကုန်သည်တွေ မလာကြ တော့ ဝယ်လက်ပျောက်ကုန်တယ်” လို့ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက DNA ကိုပြော ပါတယ်။

ဧရာဝတီတိုင်းကနေ ဆန်ကြမ်းတွေ တင်ပို့ရောင်းချရတဲ့ တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ ရခိုင်နဲ့ အထက်မြန်မာပြည်ဘက်က ကုန်သည်ဝယ်လက်တွေ ပျောက်သွား တာဖြစ်တဲ့အပြင် စပါးသစ်ပေါ်ဖို့ အချိန်နီးလာတာ ဆန်စပါးအဟောင်းတွေကို ကြာရှည်သိုလှောင်ပြီး ထားပါက ပျက်စီးဆုံးရှုံးနိုင်တာကြောင့် ဈေးချပြီး ထုတ်ရောင်းကြတာပါ။

ဧရာဝတီတိုင်းအတွင်းရှိ ကုန်းပိုင်းဒေသက လယ်အချို့ဟာ တော်သတင်းလ (စက်တင်ဘာလ) တတိ ယပတ်အတွင်း ရိတ်သိမ်းနိုင်တော့မှာ ဖြစ်တဲ့အ တွက် ဌာနဆိုင်ရာမဟုတ်တဲ့ ကုန်သည်တွေရဲ့ စပါးအကြမ်းအသစ် ကြမ်းခင်းဈေးက စပါး ၁၀၀ ကို ကျပ် ၁၀ သိန်း ရှိနေပါတယ်။

“ဒီနှစ်က အကြမ်းကိုင်သူဆိုရင် လယ်သမား ကုန် သည် စက်ပိုင်အကုန် အရှုံးနဲ့ ရင်ဆိုင်ကြရတာပါ ၊ ပေါ်ဆန်းအုပ်စုဖြစ်တဲ့ ဆန်အချောဈေးကတော့ မ ကျဘူး ၊ ခုမိုးစပါး လုပ်နေသူတွေဆိုလည်း စရိတ်မကျေနိုင်ဘူး ဝမ်းစာတောင်ကျန်ဖို့ခက်နေတယ်”လို့လယ်ဧက ၃၀ ကျော် လုပ်ကိုင်နေတဲ့ တောင်သူ ဦးတင်လှက ပြောပါတယ်။

အခုနှစ် စစ်ကောင်စီရဲ့ မိုးစပါးအကြမ်း အသစ်ကြမ်းခင်းဝယ်ဈေးက ကုန်သည်တွေရဲ့ စပါးသစ် ကြမ်းခင်းဈေး တင်း၁၀၀ ကျပ် ၁၀ သိန်းအောက်မှာ မှာဖြစ်နေပြီး မိုးကာလ လယ်တဧက စိုက်ပျိုးစရိတ် ကျပ် ၆သိန်း နီးပါး ဖြစ် ကာ မိုးစပါး တဧက ထွက် နှုန်းက တင်း ၅၀ ကျော်သာ ဖြစ်တာကြောင့် တောင်သူတွေ အခက်တွေ့နိုင်တယ်လို့ သူ (တောင်သူ ဦးတင်လှ )က ဆက်ပြောပါတယ်။

“တာဝန်ရှိအဖွဲ့အစည်းက စပါးကြမ်းခင်းဈေး နိမ့်ချ ဝယ်လို့ဆန်ဈေးမကျနိုင်ဘူး၊ အဓိကဖြစ်တဲ့ မြေဆီ၊ ပိုးသတ်ဆေး ၊စက်သုံးဆီ အပါအဝင် သွင်းအား စု ဈေးနှုန်းတွေအခွန်အခ နဲ့ ကန့်သတ်မှုတွေ လျှော့ချ ပေးနိုင်မှ စားသုံးသူတွေ အပါအဝင် အားလုံး အဆင်ပြေနိုင်မယ်”လို့ဆန်စက်ပိုင်ရှင်တဦးက သုံး သပ်ပါတယ်။

လက်ရှိအခြေအနေ မှာ ဆန်ကြမ်းဈေး ကျဆင်းနေတာရယ် ဝယ်လက် မရှိတာရယ်ကြောင့် ဒေသတွင်း ရောင်းချစားသုံးဖို့သာ စပါးကျိတ်ခွဲနေကြတာကြောင့် ဆန်ကျိတ်ခွဲသူ နည်းပါးသွားပြီး ဆန်စက် အချို့ ရပ်နားထားရလို့ ဆန်စက်လုပ်သားတွေ အလုပ်လက်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

“ကျွန်မ(ကျမ)တို့အနေနဲ့ ဆန်က နေ့စဉ်စားသုံးနေတဲ့ အာဟာရ ဆိုတော့ ဈေးနှုန်းအတက်အကျ ကြမ်းတာ ဒေသအတွက် တိုင်းပြည်အတွက် မကောင်းဘူး အသက်ရှင်သန်ဖို့ အဓိကအကျဆုံး အဟာရဖြစ်တာကြောင့် ပုံမှန်လေး လည်ပတ်နေတာ က အကောင်းဆုံးပဲ” လို့ ဆန်စက်ပိုင်ရှင်က ဆိုပါတယ်။

ဧရာဝတီတိုင်း စိုက်ပျိုးရေး ဦးစီးဌာန ရဲ့ မှတ်တမ်းအရ ဧရာဝတီတိုင်း မှာ အသားတင်စိုက်ပျိုးမြေ ဧက ၄၈၁၀၀၄၄ ဧကရှိပြီး မိုးစပါး စိုက်ပျိုး ဧက ၃၈ သိန်းနီးပါးရှိကာ ကျေးလက်နေထိုင်သူ ၇၀ ရာခိုင် နှုန်းကျော် မှာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ပါတယ်။