“သေနတ်သံတွေလည်း လေးချက်၊ငါးချက်လောက် ထွက်လာတယ်။ ကလေးတွေကို ထုရိုက်ပြီး ကားပေါ်ပြန်တင်သွားတယ်”လို့ ဒေသခံတဦးက ဆက် ပြောပါတယ်။
၂၁၊သြဂုတ်။
ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် ၊ ကွင်းကောက်မြို့ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ် ၅ ကနေ ထွက်ပြေးလာတဲ့ တပ် သားသစ် ၆ ဦးကို ဩဂုတ်လ ၂၀ ရက် ညနေပိုင်းမှာ စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
ထွက်ပြေးလာတဲ့ တပ်သားသစ်တွေကို အင်္ဂပူမြို့ နယ် ၊ မှတ်တိုင်ကျေးရွာအုပ်စု ၊ နွားခြံကျေးရွာအနီးမှာ ပြန်လည်ဖမ်းဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“သေနတ်သံတွေလည်း လေးချက်၊ငါးချက်လောက် ထွက်လာတယ်။ ကလေးတွေကို ထုရိုက်ပြီး ကားပေါ်ပြန်တင်သွားတယ်”လို့ သူကဆက်ပြောပါတယ်။
တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် ၅ ကနေထွက်ပြေးလာတဲ့ တပ်သား သစ်တွေက ပုသိမ်မြို့ကနေ ပို့ဆောင်လိုက်တဲ့ တပ် သားသစ်တွေဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
“ထွက်ပြေးလာတဲ့ ကလေးတွေက နယ်မြေမကျွမ်းဘူးထင်တယ်။ ကွင်းကောက် – ခြောက်ရွာ – ဟင်္သာတ ကားလမ်းအတိုင်း ခြေလျှင်လျှောက်ပြီး ပြေးလာကြတာ။ ငဝန်တံတားအမှတ် ၂ မှာက စစ်သားတွေအများကြီး ပိတ်စောင့်နေတာ”လို့ ဒေသခံကပြောပါတယ်။
စစ်တပ်ကထွက်ပြေးလာတဲ့ တပ်သားသစ်တွေကို အခုလိုပိတ်ဆို့ပြီး ရိုက်နှက်ဖမ်းဆီးတာနဲ့ပတ်သက် လို့ ပထမဦးဆုံးအကြိမ် မြင်ဖူးတွေ့ဖူးတာဖြစ်တယ်
လို့လည်း ဒေသခံကဆက်ပြောပါတယ်။ ဒါပေမယ့် စစ်တပ်နဲ့ နီးစပ်သူကတော့ အခုလိုထွက်ပြေးတာတွေက အကြိမ်ပေါင်းများစွာရှိခဲ့ပြီလို့ ပြောပါတယ်။
“ရေကြည်ပိုင်ထဲမှာ သိပ်မကြာခင်က ဖမ်းဆီးရမိတာတွေရှိတယ်။ တချို့ဖမ်းမမိတာတွေလည်းရှိတယ်”လို့ သူကဆက်ပြောပါတယ်။ ဩဂုတ်လ ၂၀ ရက်နေ့က ပြန်လည်အဖမ်းခံလိုက်ရတဲ့ တပ်သား သစ်တွေဟာ ဩဂုတ်လ ၁၉ ရက်က ထွက်ပြေးလာ ဖြစ်နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။
တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ် ၅ နဲ့ ပြန်လည်ဖမ်းမိခဲ့တဲ့ နွားခြံကျေးရွာဟာ ၁၀ မိုင်ကျော်ကွာဝေးပါတယ်။
“ဘယ်နားလေးမှာဖမ်းမိတာလဲဆိုတော့ နွားခြံကျေး ရွာဆိုပေမယ့် ကံရွာထိပ် ကံကြီးမောင်ဆန်စက်နားမှာပါ။ သေနတ်တွေဖောက်တော့ ရွာသားတွေလည်း လန့်နေကြတယ်”လို့ ဒေသခံကပြောပါတယ်။