Agni-5 ဟာ အိန္ဒိယမှာ ထုတ်လုပ်တဲ့ တာတိုနဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အမျိုးအစားတွေထဲက တခုဖြစ်ပြီး ရည်ရွယ်ချက်ကတော့ အိမ်နီးချင်း ပါကစ္စတန်နဲ့ တရုတ်တို့ရဲ့ရန်ကနေ ကာကွယ်နိုင်ဖို့ပါ။
၂၁ ၊ ဩဂုတ်လ။
နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစင်းကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်ခတ်နိုင်ခဲ့တယ်လို့ အိန္ဒိယက ဩဂုတ်လ ၂၀ရက်နေ့မှာ ပြောပါတယ်။
အိန္ဒိယအရှေ့ပိုင်း အိုဒီရှာပြည်နယ်ထဲမှာ Agni-5 အမျိုးအစား ဒုံးကျည်ကို စမ်းသပ်ခဲ့တာပါ။
Agni-5 ဟာ အိန္ဒိယမှာ ထုတ်လုပ်တဲ့ တာတိုနဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အမျိုးအစားတွေထဲက တခုဖြစ်ပြီး ရည်ရွယ်ချက်ကတော့ အိမ်နီးချင်း ပါကစ္စတန်နဲ့ တရုတ်တို့ရဲ့ရန်ကနေ ကာကွယ်နိုင်ဖို့ပါ။
ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံတွေ ဖြစ်ကြတဲ့ အိန္ဒိယနဲ့ တရုတ်တို့ဟာ အရှေ့တောင်အာရှတလွှား ဩဇာလွှမ်းမိုးရေး အပြိုင်အဆိုင် ကြိုးစားနေကြတာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်ကလည်း နယ်စပ်ရေးရာ ပဋိပက္ခကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကျဆင်းခဲ့ပါတယ်။
ဒါ့အပြင် အိန္ဒိယဟာ အမေရိကန် ၊ ဩစတြေးလျနဲ့ ဂျပန်တို့ပါဝင်တဲ့ Quad လုံခြုံရေးဆိုင်ရာ မိတ်ဘက်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
Quad ၄ နိုင်ငံမိတ်ဘက်အဖွဲ့ ဟာ အာရှနဲ့ ပစိဖိတ်ဒေသမှာ တရုတ်ဩဇာကို ဟန်ချက်ပြန်ထိန်းဖို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အိန္ဒိယရဲ့ ခါးသီးတဲ့ပြိုင်ဘက် ပါကစ္စတန် ဟာလည်း နျူကလီးယားလက်နက် ပိုင်ဆိုင်ထားပါတယ်။ပြီးခဲ့တဲ့မေလကအိန္ဒိယအစိုးရထိန်းချုပ်ထား တဲ့ ကက်ရှ်မီးယားဒေသမှာ လူ ၂၆ဦး သေဆုံးခဲ့တဲ့တိုက်ခိုက်မှုတခု ပြီးနောက် နှစ်နိုင်ငံ စစ်ဖြစ်လုနီးပါး အခြေအနေတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
Ref -AFP