အရပ်သား၅ဦးကိုသတ်ဖြတ်ခဲ့တဲ့ရုပ်သံဟောင်းကို အသုံးပြုပြီး PDFတွေကျူးလွန်တယ်လို့ စစ်ကောင်စီဝါဒဖြန့်

အရပ်သား၅ဦးကိုသတ်ဖြတ်ခဲ့တဲ့ရုပ်သံဟောင်းကို အသုံးပြုပြီး PDFတွေကျူးလွန်တယ်လို့ စစ်ကောင်စီဝါဒဖြန့်

 

(Fact-check) DNA-The Red Flag

ဩဂုတ်လ၊ ၂၀ရက်။

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ အရပ်သားတွေကို လည်လှီးသတ်ဖြတ်နေတဲ့ရုပ်သံတခုကို အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီရုပ်သံကို စစ်ကောင်စီလက်အောက်ခံလော်ဘီ တယ်လီဂရန်ချန်နယ်တွေမှာ ဖြန့်ဝေနေတာဖြစ်ပြီး အခြားဆိုရှယ်မီဒီယာတွေမှာပါ ဖြန့်ဝေနေကြတာကြောင့် ပြည်သူတွေကြားမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။

(စိတ်ကျန်းမာရေးထိခိုက်စေနိုင်တဲ့ရုပ်သံဖိုင်ဖြစ်ပါတယ်)

သတင်းမှားလင့် – https://archive.ph/PTMhY 

 

အဲ့ဒီပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ကို MFCNအဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)က ကျူးလွန်တဲ့ရုပ်သံဖိုင်ဖြစ်တာကိုတွေ့ရပါတယ်။

 

သတင်းစိစစ်ချက်

 

ဒီရုပ်သံဖိုင်က ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ၁၉ရက် ၂၀၂၃ခုနှစ်မှာ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ရုပ်သံဖိုင်ဖြစ်ပြီး ရုပ်သံမှာပါတဲ့ ကျူးလွန်သူတွေက ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ယူနီဖောင်းတွေကိုဝတ်ဆင်ထားတာဖြစ်သလို လူသတ်ကျူးလွန်နေချိန်မှာလည်း ရှမ်းနီဘာသာစကားနဲ့ပြောဆိုနေတာကိုလည်း တွေ့ရပါတယ်။

The 74 Media သတင်းလင့် – 

https://www.facebook.com/share/p/16w8Kv89zD/ 

 https://www.facebook.com/share/p/1Hyg9ym6YN/ 

 

သတ်ဖြတ်ခံခဲ့ရတဲ့အရပ်သားတွေက ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာရဲ့ ရဲစခန်းအချုပ်ခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လအတန်ကြာဖမ်းဆီးချုပ်နှောင်ခံထားရတာဖြစ်ပြီး အဲ့ဒီရဲစခန်းကနေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ကိုလွှဲပြောင်းပေးခဲ့တာဖြစ်တဲ့လို့ အဲ့ဒီဖြစ်စဥ်က လွတ်မြောက်လာသူတဦးက The Irrawaddy – Burmese Editionသတင်းဌာနမှာ ဖြစ်စဥ်ကိုပြောပြထားပါတယ်။

The Irrawaddy – Burmese Edition – https://burma.irrawaddy.com/article/2023/09/09/374112.html 

 

အဲ့ဒီဖြစ်စဥ်မှာ စုစုပေါင်းလူ၈ဦးကိုသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး လူ၃ဦးသာအသက်ရှင်လျှက် ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်သလို (SNA)အဖွဲ့ကို ဒီလိုကျူးလွန်တာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း ငြင်းဆိုခဲ့တယ်ဆိုတာကိုလည်း Myanmar Now သတင်းဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၃ရက်၊ ၂၀၂၃ခုနှစ်က ဆောင်းပါးရေးသားဖော်ပြခဲ့ပါသေးတယ်။

Myanmar Now သတင်းလင့်  – https://myanmar-now.org/mm/news/42890/ 

 

သတင်းသုံးသပ်ချက်

 

ဖြစ်စဥ်ကိုMFCNကနေရရှိခဲ့တဲ့အချက်လက်တွေနဲ့ ဆန်းစစ်ကြည့်တဲ့အခါမှာ ဆယ်ဇင်းရဲစခန်းမှာ ဖမ်းဆီခံထားရတဲ့ အရပ်သား၈ဦးကို စစ်ကောင်စီတပ်သားတွေက ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ကိုလွှဲပြောင်းပေးခဲ့တာကိုတွေ့ရပါတယ်။

 

ဒါကြောင့် ဖြစ်စဥ်မှာပါဝင်တဲ့ အပြစ်မဲ့အရပ်သားတွေကိုဖမ်းဆီးခဲ့တာက စစ်ကောင်စီတပ်သားတွေဖြစ်သလို၊ သတ်ဖြတ်မှုကိုကျူးလွန်ခဲ့တဲ့သူတွေက ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ဖြစ်တာကိုတွေ့ရှိရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကျူးလွန်ခဲ့တယ်ဆိုတဲ့အကြောင်းအရာက သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

 

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #SNA #ရှမ်းနီအမျိုးသားများတပ်မတော် #စစ်ကောင်စီ #ဖားကန့် #ဆယ်ဇင်း #အရပ်သားဖမ်းဆီးသတ်ဖြတ်ခံရ #အရပ်သားပစ်မှတ်