ပြည်သူကိုမျက်နှာမူလို့ရွေးကောက်ပွဲဝင်ပြိုင်တာလို့ပြည်သူ့ပါတီဆို


“ရုံးခန်းဖွင့်သွားတာတောင် မသိလိုက်ပါဘူး။ ဘိုကလေးက အဲ့လောက်လည်း ကျယ်တာမဟုတ်ပေမယ့် သူတို့ကို စိတ်မဝင်စားကြလို့ဖြစ်မယ် သတင်းမသိလိုက်ဘူး။ ကျွန်တော်ကတော့ဗျာ မျက်မှန်စိမ်းနဲ့ကြည့်တယ်ပြောပြော ဒီရွေးကောက်ပွဲဝင်မယ် ဆိုကတည်းက ဒါက ပြည်သူကို မျက်နှာမူတာ မဟုတ် တော့ဘူးလို့ပဲ မြင်ပါတယ်”လို့ လူမှုကူညီရေး တက် ကြွလှုပ်ရှားသူတဦးက ဆိုပါတယ်။

၁၈၊ ဩဂုတ်လ။

ပြည်သူ့ပါတီက ပြည်သူကိုမျက်နှာမူတဲ့ပါတီဖြစ်တယ်လို့ ပါတီဥက္ကဌ ဦးကိုကိုကြီးက ဩဂုတ်လ ၁၇ ရက်နေ့က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ပါတီရုံးခန်းဖွင့်လှစ်ပွဲမှာ ပြောခဲ့တယ် လို့ ဒေသခံတွေကတဆင့်DNAကသိရပါတယ်။

“သူနဲ့ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ နိုင်ငံရေး ဖြတ် သန်းမှုတွေကိုပြောတယ်။ သူတို့က ပြည်သူကို မျက်နှာမူလို့သာ ဒီလမ်းကို(ရွေးကောက်ပွဲဝင်ပြိုင်ဖို့)ရွေးချယ်တာဖြစ်ကြောင်းပြောတယ်။ သူတို့က ပြည်သူကို ပျက်ဆီးအောင်မလုပ်ဘူးပေါ့ အဲ့ဒါမျိုးတွေလည်း ပြောတယ်”လို့ ဒေသခံတဦးက ဆိုပါတယ်။

ဒီဒေသခံဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီကိုထောက်ခံသူဖြစ်ပေမယ့် ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ နီးစပ်မှုရှိသူ တဦးဖြစ်ပါတယ်။

ပြည်သူ့ပါတီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေး ကောက်ပွဲတုန်းက ဘိုကလေးမြို့နယ်မှာဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေမယ့် ဧရာဝတီတိုင်းထဲက မြို့နယ် ၉ ခုမှာ ပြည်သူ့လွှတ်တော်နေရာကနေ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီကိုအပြတ်အသ တ်ရှုံးနိမ့်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။

ဒါ့အပြင်ကျုံပျော်မဲဆန္ဒနယ်ထဲက တချို့မဲရုံတွေမှာ ပြည်သူ့ပါတီဟာ တမဲမှ ရရှိခဲ့ခြင်း မရှိဘူးလို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။

“ရုံးခန်းဖွင့်သွားတာတောင် မသိလိုက်ပါဘူး။ ဘိုကလေးက အဲ့လောက်လည်း ကျယ်တာမဟုတ်ပေမယ့် သူတို့ကို စိတ်မဝင်စားကြလို့ဖြစ်မယ် သတင်းမသိလိုက်ဘူး။ ကျွန်တော်ကတော့ဗျာ မျက်မှန်စိမ်းနဲ့ကြည့်တယ်ပြောပြော ဒီရွေးကောက်ပွဲဝင်မယ် ဆိုကတည်းက ဒါက ပြည်သူကို မျက်နှာမူတာ မဟုတ် တော့ဘူးလို့ပဲ မြင်ပါတယ်”လို့ လူမှုကူညီရေး တက် ကြွလှုပ်ရှားသူတဦးက ဆိုပါတယ်။

စစ်ကောင်စီက လာမယ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲစတင်ပြုလုပ်မယ်လို့ ဒီကနေ့ ဩဂုတ် ၁၈ ရက်နေ့မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။

ပြည်သူ့ပါတီဟာ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကိုမသိရသေးခင် အချိန်ကတည်းက ဧရာဝတီတိုင်းထဲမှာ ပါတီရုံးခန်းဖွင့်လှစ်မှု အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ပါတီလှုပ်ရှားမှုတွေကို ပြုလုပ်နေခဲ့တာလည်းဖြစ်ပါတယ်။

ပြည်သူ့ပါတီရဲ့ ထုတ်ပြန်ချက်တွေအရလည်းအခုလအတွင်းမှာ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းထဲမှာ ရုံးခန်းတွေ ဆက်တိုက်ဖွင့်လှစ်နေတယ်ဆိုတာ သိရပါတယ်။

ပြည်သူ့ပါတီအနေနဲ့ ဘယ်ဒေသတွေမှာ ဝင်ပြိုင်မလဲဆိုတာကိုတော့ DNAအနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က အပိုင်းလိုက်ခွဲပြုလုပ်ဖို့ကြေညာထားတဲ့ လာမယ့်ရွေးကောက်ပွဲမှာစစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီကိုးခုတနိုင်ငံလုံးအတိုင်းအတာဝင်ပြိုင်မှာဖြစ်ပြီးစုစုပေါင်း ပါတီ ၅၀လောက်ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ စစ်ခေါင်းဆောင်ကပြောဆိုထားတာပါ။

#ပြည်သူ #မျက်နှာမူ #ရွေးကောက်ပွဲ #ပြည်သူ့ပါတီ #DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH