သမ္မတ နှစ်ဦးစလုံးဟာ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို မဖြေခဲ့ကြပါဘူး။
၁၆ ၊ ဩဂုတ်လ။
အမေရိကန်သမ္မတထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ ဒီကနေ့ ထိပ်သီးတွေ့ဆုံမှုဟာ သဘောတူညီချက်မရပဲ ပြီးဆုံးသွားခဲ့ပါတယ်။
၃နာရီကျော်ကြာမြင့်ခဲ့တဲ့ အဆိုပါဆွေးနွးပွဲအပြီးမှာ ကျွန်တော်တို့ သဘောတူညီချက် မရခဲ့ကြောင်း ဒါပေမယ့် တိုးတက်မှုရှိခဲ့တယ်လို့သာ သမ္မတထရမ့် က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ပူတင်ကလည်း သူ့အနေနဲ့ ယူကရိန်းမှာ ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် စိတ်ဝင်စားတယ်လို့ ဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
ဒါ့အပြင် သမ္မတ နှစ်ဦးစလုံးဟာ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့မေးခွန်းတွေကို မဖြေခဲ့ကြပါဘူး။
ဒီထိပ်သီးဆွေးနွေးပွဲမှာ ဖိတ်ကြားမခံခဲ့ရတဲ့ ယူက ရိန်းသမ္မတ ဇေလန်းစကီးက ဆွေးနွေးပွဲပြုလုပ်တဲ့နေ့မှာပဲ ရုရှားဟာ သတ်ဖြတ်မှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ယူကရိန်း၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင် တွေပါဝင်တဲ့ တွေ့ဆုံမှုတခု လိုအပ်တယ်လို့ မှတ် ချက်ပြုခဲ့ပါတယ်။
ရုရှားဟာ သူ့နိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ဆိုပြီး ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို အင်အားအလုံးအရင်းနဲ့ စတင်ကျုးကျော် တိုက်ခိုက်ခဲ့တာပါ။
ရုရှားဟာ ယူကရိန်းရဲ့ နယ်မြေ ၁၉ရာခိုင်နှုန်း (၄၄,၆၀၀ စတုရန်းမိုင်) နီးပါးကို ထိန်းချုပ်ထားတာကို စစ်မြေပြင်မြေပုံတွေအရ သိရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ယူကရိန်းကတော့ ရုရှားနယ်မြေတွေကို ထိန်းချုပ်ထားတာ မရှိပါဘူး။
၁၉၉၁ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန်မှာ ခရိုင်းမီးယား ၊ ဒွန်းညက် ၊ လူဟန့်စ် ၊ ဇာပိုရီဇီးယားနဲ့ ခါဆွန်ဒေသတို့ကို ယူကရိန်းနယ်မြေအဖြစ် ရုရှားက အသိအမှတ်ပြုခဲ့ပေမယ့် အခုအခါမှာတော့ အဆိုပါဒေသတွေဟာ ရုရှားရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ မော်စကိုအစိုးရက ဆိုထားပါတယ်။
ယူကရိန်းကတော့ ရုရှားရဲ့သိမ်းပိုက်မှုအပေါ် ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ကြောင်းနဲ့ ကမ္ဘာ့နိုင်ငံတော်တော်များများက ယူကရိန်းနယ်မြေအဖြစ်သာ အသိအမှတ်ပြုထားတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
Ref – BBC / Reuters
#အမေရိကန်သမ္မတ #ထရမ့် #ရုရှားသမ္မတ #ပူတင် #ထိပ်သီးတွေ့ဆုံမှု #သဘောတူညီချက်မရ #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH