စစ်မှုထမ်းဖို့ဖိအားပေးခံခဲ့ရတဲ့အမျိုးသားတဦးတိုက်ပွဲမှာသေဆုံး

“ ကျီကြီးကျေးရွာအုပ်စု ဒရင်ကောက်ကျေးရွာမှာနေထိုင်တဲ့ ကိုသန်းထိုက်ဆိုသူကို လင်မယားချင်းစကားများရန်ဖြစ်တာနဲ့ ပတ်သက်ပြီး ထောင်ကျခံမလား ၊ စစ်မှုထမ်းမလားဆိုကာ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်တွေက ဖိအားပေးခဲ့ကြတာပါ။”

၁၅၊သဩဂုတ်လ။

အင်္ဂပူမြို့နယ် ၊ ကျီကြီးကျေးရွာအုပ်စုက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဖိအားပေးပြီး စစ်မှုထမ်းခိုင်းလိုက်တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတဦးတိုက်ပွဲမှာ သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင် တွေနဲ့ နီးစပ်သူက ပြောပါတယ်။

ကျီကြီးကျေးရွာအုပ်စု ဒရင်ကောက်ကျေးရွာမှာနေထိုင်တဲ့ ကိုသန်းထိုက်ဆိုသူကို လင်မယားချင်းစကားများရန်ဖြစ်တာနဲ့ပတ်သက်ပြီး ထောင်ကျခံမလား ၊ စစ်မှုထမ်းမလားဆိုကာ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်တွေက ဖိအားပေးခဲ့ကြတာပါ။

ထောင်ကျမှာ ကြောက်ပြီး စစ်မှုထမ်းဖို့လက်ခံလိုက် တဲ့ ကိုသန်းထိုက်ကို ၂၀၂၄ ခုနှစ် မတ်လက အင်္ဂပူ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ကျေးရွာအုပ်စုစာရေးကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးခဲ့တာလို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။

သူ့မိန်းမကို ကျေးရွာက ၁၆ သိန်းပေးတယ်။ ဧပြီလတုန်းက တိုက်ပွဲမှာဒဏ်ရာရတော့ ကျေးရွာအုပ်ချုပ် ရေးမှူးတွေက ၁၅ သိန်း နောက်တစ်ကြိမ်ထပ်ပေးသေးတယ်လို့ သူကဆက်ပြောပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ ကိုသန်းထိုက် ရှေ့တန်းမှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေ သိခွင့်ရခဲ့ပါတယ်။

ဒါပေမယ့်လည်း ကိုသန်းထိုက်အနေနဲ့ ဘယ်ဒေသမှာ သေဆုံးခဲ့တယ်ဆိုတာနဲ့ သေဆုံးခဲ့တဲ့နေ့ရက်အ တိအကျကိုတော့ DNA အနေနဲ့ သိခွင့်မရခဲ့ပါဘူး။ သေဆုံးသူကိုသန်းထိုက်ဟာ အသက် ၃၅ နှစ်ဝန်း ကျင်ရှိပြီး ၂ နှစ်အရွယ်သားတဦးလည်း ကျန်ရစ်ခဲ့ပါတယ်။

စစ်တပ်ဟာ ဧရာဝတီတိုင်းထဲမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ အဓိကထားစုဆောင်းနေတဲ့အပြင် ဧရာဝတီတိုင်းထဲက တိုက်ပွဲတွေမှာလည်း စုဆောင်းထားတဲ့ စစ်မှုထမ်းတွေကို ပြန်လည်အသုံးပြုနေပါ တယ်။ လေးမျက်နှာနဲ့ ရေကြည်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာဆိုရင် စုဆောင်းထားတဲ့ လူငယ်စစ်မှုထမ်း အများအပြား သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။