စစ်မှုမထမ်းဘဲထောင်ကျခံလိုက်တဲ့ဧရာဝတီကလူငယ်တဦး

“သူက (ကိုဇော်ဇော်) ထောင်ကျခံမယ် ၊စစ်မှုမထမ်း ဘူးလို့ ဆုံးဖြတ်လိုက်တာမျိုးပါ”လို့ ဒေသခံ တဦးကပြောပါတယ်။

၁၄၊သြဂုတ်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ၊ ကွင်းလှကျေးရွာအု ပ်စု ၊ နွားနက်ကွင်းကျေးရွာမှာ နေထိုင်တဲ့ ကိုဇော် ဇော်ဆိုသူကစစ်မှုထမ်းဆောင်ဖို့ကို ငြင်းဆိုပြီးတော့ ထောင်ဒဏ်အပြစ်ပေးခံယူလိုက်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။(ကိုဇော်ဇော်ရဲ့အသက် အရွယ်အပါအဝင်အသေးစိတ်အချက်အလက်တွေကိုတော့အခြေအနေအရDNAကဖော်ပြနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။)

ကိုဇော်ဇော်ကို စစ်တပ်က ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခဲ့တာပါ။ သူဟာ စစ်မှု ထမ်းဖို့အတွက် မှတ်ပုံတင်ပုံစံ ၅ ကို အချက်အလက်ဖြည့်သွင်းခဲ့ပေမယ့်လည်း စစ်မှုထမ်းရန် စစ်ဆေးဖို့ အတွက် ဆင့်ခေါ်တဲ့အခါမှာတော့ သွားရောက်ခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့် အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့က ဒုရဲအုပ်အောင်
မြိုင်က သူ့ကို ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ကိုဇော်ဇော် ကိုတော့ စစ်တပ်က ၂၀၂၅ ခုနှစ် မေလမှာ ဖမ်း ဆီးခဲ့တာပါ။

သူက (ကိုဇော်ဇော်) က ထောင်ကျခံမယ် ၊ စစ်မှုမထမ်းဘူးလို့ ဆုံးဖြတ်လိုက်တာမျိုးပါ လို့ ဒေသခံ တဦးကပြောပါတယ်။

ကိုဇော်ဇော်ကို အင်္ဂပူမြို့နယ် တရားရုံးက ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်မှာ အလုပ် နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

ကွင်းလှကျေးရွာအုပ်စုဆိုတာ အင်္ဂပူမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပိန္နဲကွင်းကျေးရွာအုပ်စုနဲ့ ဆက် စပ် နေတာပါ။ ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် ၊ လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်တပ်က စုဆောင်းထားတဲ့ လူငယ်စစ်မှုထမ်းတွေကို အသုံးချခဲ့တာကြောင့် အသက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်္ဂပူမြို့နယ်ထဲမှာတော့ အုပ်ချုပ်ရေးမှူတွေဟာ အခြားသောမြို့နယ်ကအုပ်ချုပ်ရေးမှူးတွေလိုပဲ စစ်မှု ထမ်းဖို့အတွက် လူဝယ်ထည့်ရမယ်ဆိုကာအရပ်သားပြည်သူတွေဆီကနေ ကျပ် သိန်းဂဏန်းကို လစဉ်ကောက်ခံပါတယ်။

ကွင်းလှကျေးရွာအုပ်စုနဲ့ ကပ်လျက်တည်ရှိတဲ့ လင်းလွန်းပင်ကျေးရွာအုပ်စုမှာတော့ အုပ်ချုပ်ရေးမှူးနဲ့ ဒေ သခံအရပ်သားပြည်သူတွေကြားမှာစစ်မှုထမ်းကြေးကို အပတ်စဉ်တွေပိုမိုကောက်ခံတယ်ဆိုပြီး အငြင်းပွားမှုတွေ ရှိလာတဲ့နောက် အုပ်ချုပ်ရေးမှူးက အရပ်သားပြည်သူတွေကို ပိုက်ဆံပြန်လည် ပေးအပ်ဖို့ သဘောတူခဲ့တယ်လို့
လည်း သိရပါတယ်။