“လိုင်စင်ပေးလုပ်။ လိုင်စင်မရှိရင် ဖမ်း။ လက်ခံတယ်။ အခုက တမင်ဂွင်ဖန်ထားသလိုဖြစ်နေ တာ”လို့ ကျိုက်လတ်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
၁၃၊သြဂုတ်
ဧရာဝတီတိုင်း ၊ ဖျာပုံနဲ့မအူပင်ခရိုင်မှာ ဆိုင်ကယ်လိုင်စင်အသစ်တွေ ထပ်မထုတ်ပေးတဲ့အပြင် လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ဒဏ်ကြေးကောက်ခံတာလည်း ပိုမိုတင်းကြပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
“လိုင်စင်မရှိတော့ အဖမ်းခံရတယ်။ လိုင်စင်လုပ်မယ်ဆိုတော့လည်း က ည န ရုံးက လိုင်စင်ထုတ်မပေး ဘူး။ ပိတ်ထားတယ်လို့” မအူပင်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန(က ည န )အနေနဲ့ ဆိုင် ကယ်လိုင်စင်အသစ်ထုတ်ပေးတာတွေ ရပ်နားထားပေမယ့် ဆိုင်ကယ်အရောင်းပြခန်းတွေမှာတော့ လိုင် စင်ပြုလုပ်ပြီးသား ဘီးတွေကိုရောင်းချနေပါတယ်။
“တရုတ်ဆိုင်ကယ်တွေ လိုင်စင်ရတယ်။ ၁၈ သိန်းလောက် တန်တဲ့ဘီးက လိုင်စင်နဲ့ ဆိုင်မှာ ၂၈ ဈေးရှိ တယ်။ ယိုးဒယားဘီးတွေတော့ လိုင်စင်နဲ့ဝယ်လိုလည်းမရသလို အသစ်လုပ်လို့လည်းမရပြန်ဘူး။ ဆိုင်တွေမှာ တရုတ်ဘီးတွေ ဘာလို့လိုင်စင်ရှိလဲဆိုတော့ က ည န နဲ့ ပေါင်းပြီးလုပ်စားကြတာ”လို့ မအူပင်ဒေသခံက ဆက်ပြောပါတယ်။
ဒါ့အပြင်ဒေသခံတွေကတော့ ရဲတွေနဲ့ မပတ်သက်ချင်တာကြောင့် တရားဝင်လိုင်စင်ရရှိရေးကိုလိုလားနေတယ်လို့ဆိုပါ တယ်။
“လိုင်စင်ပေးလုပ်။ လိုင်စင်မရှိရင် ဖမ်း။ လက်ခံတယ်။ အခုက တမင်ဂွင်ဖန်ထားသလိုဖြစ်နေ တာ” လို့ ကျိုက်လတ်မြို့နယ်မှာနေထိုင်သူတဦးက ပြောပါတယ်။
ဧရာဝတီတိုင်း ၊ ပန်းတနော်မြို့နယ်မှာ နေထိုင်သူတဦးကတော့ သိန်း ၄၀ လောက်တန်ကြေးရှိတဲ့ ဆိုင်ကယ်ဖမ်းဆီးခံရတာကြောင့် ရဲကို ၇ သိန်းပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ ပြောပါတယ်။
“ဒီကောင် တွေက တန်ကြေးသိတော့ ၁၀ သိန်းတောင်တောင်းတာ။ မနည်းတောင်းပန်ရတယ်လို့” သူက ပြော ပါတယ်။
ရဲတွေဟာ ဆိုင်ကယ်နဲ့ပတ်သက်လာရင် လိုင်စင်ရှိပေမယ့်လည်း ဘီးလေနည်းနေတာက အစပြုပြီး အ ကြောင်းမျိုးစုံပြကာ ၅ ထောင်ကျပ်မှ ၂ သောင်းကျပ်အထိ ပိုက်ဆံတောင်းလေ့ရှိတယ်လို့ ဖျာပုံမြို့ မှာနေထိုင်သူကဆိုပါတယ်။
ဧရာဝတီတိုင်းမှာတော့ ဆိုင်ကယ်တွေအပြင် ရေကြောင်းခရီးမှာသွားလာနေတဲ့ စက်တပ်လှေငယ်လေး တွေကိုလည်း လိုင်စင်ပြုလုပ်ခိုင်းပါတယ်။ !!!စက်တပ်လှေလေးတွေ မြို့ကမ်းကပ်ရင် ၃ သောင်းခွဲ ကောက်ပြီး လိုင်စင်ချက်ခြင်းလုပ်ခိုင်းတယ်။ ဖမ်းတော့မဖမ်းဘူး!!!! လို့ မအူပင်မြို့နယ်မှာ နေထိုင်သူက ဆက်ပြောပါတယ်။