“သဘာဝဖြစ်စဉ်တွေ ပြောင်းလဲလာတာကြောင့်လည်းပါတယ်။ ငါးဖမ်းတဲ့သူတွေရဲ့ ဘဝန်း (ချုံချငါးဖမ်းနည်း) စနစ်ကြောင့်ရယ်၊ ဧရာဝတီမြစ် အနည်ပို့ချမှု များလာတာကြောင့် မြစ် ချောင်းတွေ တိမ်ကောလာပြီး ငါးတွေရဲ့ အသိုက်ချ မျိုးဗီဇဖြစ်စဉ် သဘာဝအခြေအနေတွေကြောင့် ငါးမျိုးစိတ်တွေ ပျောက်လာတယ်၊ ဥပမာ သာပေါင်း ရေချိုငါးသလောက် ပျောက်သွားတာမျိုးပေါ့ ၊ မိတာတွေ တော့မိတယ်။ အကောင်သေးသွားတယ်။ ဖမ်းမိတာနည်းသွားတယ်။
၉၊ဩဂုတ်လ။
ဧရာတတီတိုင်း အတွင်း က မြစ်ချောင်း အင်းအိုင် တွေ အတွင်း ငါးဖြူလေး ငါးမျိုးစိတ် ရှားပါးလာပြီး ဖမ်းဆီးရရှိမှုနည်းကာ ရောင်းဝယ် ဈေးနှုန်းကလည်း မြင့်တက်လာနေပါ တယ်။
“ငါးဖြူလေး က အုပ်စုလိုက်နေတာ။ အကြီးဆုံး တလက်မ အ ရွယ်ပဲရှိတယ်။ သေးငယ်လွန်း တာကြောင့် နိုင်လွန်ဇာဖျင် နဲ့ ဖမ်းရတယ်။ အရင်က မကြာခဏမိတယ်၊ ခုတော့ မြစ်အထက် ဘက်မှာ ပျော့ဖတ် စက်ရုံ နဲ့ ဓါတ်မြေဩဇာစက်ရုံတွေ ရှိလာပြီး နောက်ပိုင်း သိပ်မမိတော့ဘူး။ မိပြန်တော့လည်း နည်းတယ် “လို့ ငဝန်မြစ်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတဦး က DNA ကို ပြောပါတယ်။
အရင်က ယင်းငါးဖြူလေး ငါးအုပ်စုကို တကြိမ်ဖမ်းမိပါက ပိသာချိန် ၅၀ ကျော် ရာသီအချိန်အခါမရွေး ရရှိပေမယ့် ၊ အခုနောက်ပိုင်းမှာ တကြိမ်ဖမ်းမိပါက ပိသာချိန် ၂၀ ဝန်းကျင်သာ ဖမ်းဆီးမိပြီး ရရှိမှု အကြိမ်ရေကလည်း နည်းလာတယ်လို့ ဆိုပါတယ်။
ပြည်ပ ဝယ်အားနဲ့ ပြည်တွင်းစားသုံးမှုက ရှိနေတာကြောင့် အမြင့်ဈေးနဲ့ ဈေးကောင်း ရရှိနေပြီး တပိသာ ကျပ်၈၀၀၀/ကနေ ကျပ် ၂၀၀၀၀/အထိ မြင့်တက်လာကာ ပြည်ပတင်ပို့တဲ့ စံချိန်မီ ငါးဖြူလေးတွေကတော့ ရန်ကုန်ပေါက်ဈေး တပိသာ ကျပ် ၃၀၀၀၀/ဝန်းကျင်အထိ ဈေးတတ်ပါတယ်။
အရင်က ငါးဖြူလေးငါးကို မြစ်ချောင်း၊အင်းအိုင်တွေ ထဲမှာသာမက မိုးရာသီကာလတွေမှာ လယ်ကွင်းနဲ့ မြစ်ချောင်း ဆုံရာတွေထဲမှာပါ သားပေါက်ကာစ အရွယ်တွေကို ဖမ်းဆီးမိတယ် ဆိုပါ တယ်။
ငါးဖြူလေး ငါးမျိုးစိတ်မှာ သေးငယ်ပြီး အသက်နုတာကြောင့် ဘက်ထရီ ရှော့ရိုက် ကျင်စက် နဲ့ဖမ်း တာ၊ လယ်ကွင်းအတွင်း ပေါင်းသတ် ဆေးရည်တွေ ပက်ဖြန်းတာ၊ မြစ်ချောင်းဘေးတွေက ဆန်စက်၊ ကလောပီနံစက်၊ အရက်ချက်စက်ရုံ၊သာပေါင်း ပျော့ဖတ် စက်ရုံ နဲ့ ကန်ကြီးထောင့် ဓါတ်မြေဩဇာစက်ရုံတွေက ရေဆိုး စွန့်ပစ်မှု စနစ်မကျတာ တွေကြောင့် ယင်းငါးမျိုးစိတ်တွေ ပျောက်ကွယ် လာတာလို့ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေး ကြားရေး မှူးဟောင်းတဦးက ထောက်ပြပါတယ်။
“သဘာဝဖြစ်စဉ်တွေ ပြောင်းလဲလာတာကြောင့်လည်းပါတယ်။ ငါးဖမ်းတဲ့သူတွေရဲ့ ဘဝန်း (ချုံချငါးဖမ်းနည်း) စနစ်ကြောင့်ရယ်၊ ဧရာဝတီမြစ် အနည်ပို့ချမှု များလာတာကြောင့် မြစ် ချောင်းတွေ တိမ်ကောလာပြီး ငါးတွေရဲ့ အသိုက်ချ မျိုးဗီဇဖြစ်စဉ် သဘာဝအခြေအနေတွေကြောင့် ငါးမျိုးစိတ်တွေ ပျောက်လာတယ်၊ ဥပမာ သာပေါင်း ရေချိုငါးသလောက် ပျောက်သွားတာမျိုးပေါ့ ၊ မိတာတွေ တော့မိတယ်။ အကောင်သေးသွားတယ်။ ဖမ်းမိတာနည်းသွားတယ်”လို့ သူ(ငါးလုပ်ငန်း ညွှန်ကြားရေးမှူး ဟောင်း ) ကဆက်ရှင်းပြပါတယ်။
အိမ်ရှင်မ အများစုကတော့ ငါးဖြူလေးငါးက အရိုးအသားနူးညံ့တယ်၊ ချက်ပြုတ်ပါက စွန့်ပစ်ရတဲ့ အစိတ်အပိုင်း မရှိဘူး။ ဒိုက်၊ မှော်ကင်းဖို့နဲ့ သဲစင်ဖို့ ရေစင်စင်ဆေးကြောပြီး ပင်စိမ်း ဒါမှမဟုတ် နံနံပင်အုပ်ကာ ဆီပြန်ခြောက်ခြောက်လေး ချက်စားပါက ထမင်းမြိန်တဲ့ ဟင်းလျာတမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
ငါးဖြူလေးငါး မျိုးစိတ်ကို ရေချိုးငါးလုပ်ငန်း ဖွံ့ဖြိုးတဲ့ ပုသိမ်ခရိုင် အတွင်းက ပုသိမ်၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ဒါးက နဲ့ ကျောင်းကုန်း၊ ကျုံပျော်ခရိုင်အတွင်းက ကျုံပျော်၊ ရေကြည်၊ အသုတ် နဲ့ ငသိုင်းချောင်း စတဲ့ မြို့နယ်တွေ အတွင်းရှိ မြစ်ချောင်း၊ အင်းအိုင်တွေမှာ ဖမ်းဆီး ရမိပါတယ်။
#ဧရာဝတီတိုင်းဒေသကြီး #ငါးဖြူလေး #ငါးမျိုးစိတ် #အဖမ်းအမိ #နည်းလာ #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH