အာရှတလွှား လွန်ကဲတဲ့ ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်ပေါ်နေ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀အတွင်း အာရှဒေသတွင်းမှာ ရေကြီးတာ ၊ အပူလှိုင်းဖြတ်တာနဲ့ မိုးခေါင်ရေရှားမှု စတဲ့ သဘာဝဘေးတွေကြောင့် အမေရိကန်ဒေါ်လာ ၂ ထရီလီယံ ဆုံးရှုံးခဲ့တယ်လို့ Climate Risk Index ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၇ ၊ ဩဂုတ်လ။

တရုတ် ၊ ပါကစ္စတန်နဲ့ အိန္ဒိယမှာ မိုးများပြီး ရေကြီးနေချိန် ဂျပန်နဲ့ တောင်ကိုရီးယားမှာ အပူလှိုင်းဒဏ် ခံစားနေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း  အာရှတလွှားမှာ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကြောင့် လူပေါင်းရာချီ သေဆုံးခဲ့ပါတယ်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် မိုးလေဝသအခြေအနေတွေ မကြာခဏ ပိုမိုပြင်းထန်လာတာနဲ့ ကြိုတင်ခန့်မှန်းလို့မရတာတွေ ဖြစ်ပေါ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀အတွင်း အာရှဒေသတွင်းမှာ ရေကြီးတာ ၊ အပူလှိုင်းဖြတ်တာနဲ့ မိုးခေါင်ရေရှားမှု စတဲ့ သဘာဝဘေးတွေကြောင့် အမေရိကန်ဒေါ်လာ ၂ ထရီလီယံ ဆုံးရှုံးခဲ့တယ်လို့ Climate Risk Index ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျပန်နိုင်ငံမှာ နေ့အပူချိန် ၄၁ ဒဿမ ၈ ဒီဂရီ စင်တီဂရိတ်ထိ စံချိန်တင်ခဲ့ပြီး ဇွန်လနဲ့ ဇူလိုင်လတွေမှာ အပူချိန်အပြင်းဆုံး ခံစားခဲ့ရပါတယ်။

ဇွန်လလယ်ကနေ ဇူလိုင်လကုန်အထိ ပြင်းထန်တဲ့အပူဒဏ်ကြောင့် လူပေါင်း ၅၆ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာလည်း ဇူလိုင်လအတွင်း အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်ခဲ့ပြီး ၊  ပြီးခဲ့တဲ့လထဲမှာ အပူကြောင့် နာမကျန်းဖြစ်တဲ့ ဖုန်းခေါ်ဆိုမှုတွေ အများအပြား လက်ခံရရှိခဲ့တယ်လို့ အရေးပေါ် ဝန်ဆောင်မှုဌာနက ဆိုပါတယ်။

ဒါ့အပြင် ဗီယက်နမ်မှာလည်း ဩဂုတ်လအတွင်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပါတယ်။

ဒါပေမယ့် မကြာသေးခင် သီတင်းပတ်တွေက တရုတ်မှာ ရှန်ဟိုင်းကနေ ဘေဂျင်းအထိ ရေကြီးမှုတွေ ဖြစ်ပွါးခဲ့ပြီး လူ ၃၀ ကျော်သေဆုံးခဲ့ပါတယ်။

အိန္ဒိယမြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ရုတ်တရက်ရေကြီးလို့ လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေပါတယ်။

ပါကစ္စတန်မှာ ဇွန်လကတည်းက မိုးများရေကြီးတာကြောင့် လူပေါင်း ၃၀၀နီးပါး သေဆုံးခဲ့ပါတယ်။

Ref – BBC