အမေရိကန်က ယူကရိန်းကိုလက်နက်ထောက်ပံ့မယ် ၊ အဲဒီ့အတွက် ကုန်ကျမှုကို ဥရောပမဟာမိတ်တွေက ကျခံရမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။
၆ ၊ ဩဂုတ်လ
အမေရိကန်လက်နက်တွေ ယူကရိန်းကို
ထောက်ပံ့ဖို့ ဆွီဒင် ၊ နော်ဝေနဲ့ ဒိန်းမတ်တို့ဟာ နေတိုးဦးဆောင်တဲ့ ပရောဂျက်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးအပ်သွားမယ်လို့ ဩဂုတ်လ ၅ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ယူကရိန်းအနေနဲ့ ရုရှားရဲ့ကျူးကျော်စစ်ကို ဆက်လက်ခုခံနိုင်ဖို့အတွက် အခုလိုထောက်ပံ့တာ ဖြစ််တယ်လို့ အဆိုပါ ၃နိုင်ငံက ပြောပါတယ်။
အမေရိကန်က ယူကရိန်းကိုလက်နက်ထောက်ပံ့မယ် ၊ အဲ့ဒီ့အတွက် ကုန်ကျမှုကို ဥရောပမဟာမိတ်တွေက ကျခံရမယ်လို့
သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။
ဒါပေမယ့် ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ယူကရိန်းရဲ့ ကာကွယ်ရေးကဏ္ဍအတွက် နေတိုးအင်အားစုတွေ စုပေါင်း အားကောင်းဖို့ လုပ်နေချိန် လိုအပ်နေတဲ့ လက်နက်တွေ မြန်မြန်ရရေး သေချာစေဖို့ လိုလားတယ်လို့ နော်ဝေကာကွယ်ရေးဝန်ကြီး Tore O. Sandvik က ပြောပါတယ်။
ယူကရိန်း သမ္မတ ဇေလန်စကီကလည်း ဒါဟာ ဥရောပတလွှား ရေရှည်လုံခြုံရေးအတွက် အုတ်မြစ်အသစ်အခု ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
“ရုရှားဟာ ဥရောပကို စစ်မက်လွှမ်းခြုံတဲ့ ကမ္ဘာ့တိုက်ကြီးတခုအဖြစ် ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး ၊ ကျွန်တော်တို့ရဲ့ ပူးပေါင်းအားထုတ်မှုကနေတဆင့် ငြိမ်းချမ်းရေး အောင်မြင်မယ်ဆိုတာ အတိအကျပဲ” လို့ သမ္မတ ဇေလန်စကီက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
ငွေချက်ချင်းပေးမှာ ဖြစ်ပြီး နောက်ပိုင်းမှာလည်း ထပ်တိုး ထောက်ပံ့သွားဖို့ ဆန္ဒရှိတယ်လို့ ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး Troels Lund Poulsen က ပြောပါတယ်။
ဒိန်းမတ်က အမေရိကန်ဒေါ်လာ သန်း ၉၀ နော်ဝေက ၁၄၆သန်းနဲ့ ဆွီဒင်က ၂၇၅ သန်း ထောက်ပံ့သွားမှာပါ။
အဆိုပါ လက်နက်တွေထဲမှာ Patriot မစ်ဇိုင်းတွေ ၊ လေကြောင်းကာကွယ်ရေး ပစ္စည်းတွေနဲ့ တင့်ကားဖျက်လက်နက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
Ref – Reuters