ပြီးခဲ့တဲ့ သီတင်းပတ်က ဘေဂျင်းမြို့မြောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေမှာ ရေကြီးလို့ လူပေါင်း ၄၄ဦးထက်မနည်း သေဆုံးခဲ့တာပါ။
၅ ၊ ဇူလိုင်လ ။
ပြီးခဲ့တဲ့သီတင်းပတ်က ရေကြီးလို့ လူပေေါင်းဒါဇင်နဲ့ချီသေဆုံးခဲ့ မြို့တော်ဘေဂျင်းမှာ အခုတခါမှာလည်း မိုးကြီးနိုင်တဲ့ အန္တရာယ်ကြောင့် ဩဂုတ် ၄ရက်နေ့ ညပိုင်းက လူပေါင်း ၈၂၀၀၀ ကျော်ကို ဘေးလွတ်ရာ ကြိုတင်ရွေ့ပြောင်းထားတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
ဘေဂျင်းမြို့ အနောက်နဲ့ မြောက်ပိုင်းမှာရှိတဲ့ Miyun ၊ Fangshan ၊ Mentougou နဲ့ Huairou စတဲ့ ဆင်ခြေဖုံးဧရိယာတွေမှာ ရေကြီးနိုင်တဲ့ သတိပေးချက် ထုတ်ပြန်ထားတာပါ။
အဆင့်လေးဆင့်ရှိတဲ့အနက် အမြင့်ဆုံးဖြစ်တဲ့ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပြီး ဒီကနေ့ ဩဂုတ်လ ၅ရက်နေ့အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဘေဂျင်းမြို့မြောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေမှာ ရေကြီးလို့ လူပေါင်း ၄၄ဦးထက်မနည်း သေဆုံးခဲ့တာပါ။
ရုတ်တရက်ရေတွေ အရှိန်နဲ့ ဝင်ရောက်လာပြီး နေအိမ်တွေနဲ့ ကျေးရွာတွေကို ဖုံးလွှမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံတလွှားမှာ နှစ်စဉ် သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရလေ့ရှိပြီး အထူးသဖြင့် နွေရာသီမှာ ဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှုကို တွန်းအားပေးပြီး ပြင်းထန်တဲ့ရာသီဥတုကို မကြာခဏဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ကမ္ဘာပေါ်မှာ တရုတ်က အများဆုံးဖြစ်ပါတယ်။