“ညနက်ပိုင်းအထိ အသံတွေ တောက်လျှောက်ကြားရတယ်။ ညက ညီမတရေးနိုးတော့ ၁ နာရီခွဲ အဲဒီအချိန်အထိ ပစ်တုန်း။လူခြေတိတ်ချိန်ဆိုတော့ ပိုကြားရတာပေါ့”လို့ ပြောပါတယ်။
၃၊ဩဂုတ်လ။
အမြောက်တပ် ၃၄၄ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ ရေကြည်မြို့နယ် ၊ ကုန်းပြင်ကျေးရွာအုပ်စု ၊ သရက်ပင်ကြီးစုကျေးရွာအနီးတစ်ဝိုက်မှာ မနေ့က ညပိုင်းမှာ တိုက်ပွဲအပြင်းအထန် ဖြစ်နေပါတယ်။
“နေ့ဆိုရင် လေယာဉ်နဲ့ ဒရုန်းနဲ့ဆော်နေတာ မနားဘူး။ ညဆိုရင်လည်း လက်နက်ကြီးနဲ့ ဒရုန်းနဲ့က မနား ဘူး” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သတ္တိကုန်း ၊ ဂွေးပင်တောင့် ၊ ညောင်အိုင် ၊ သရက်ပင်ကြီးစု ဒီကျေးရွာ မှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေပျက်စီးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း အဲဒီ ကျေးရွာတွေမှာ ဆက်သွယ်ရေးကွန်ရက် ဖြတ်တောက်ခံထားရတာကြောင့် အတည်ပြုနိုင်ခြင်းမရှိပါဘူး။
လေးမျက်နှာနဲ့ ရေကြည်မြို့နယ် အစပ်မှာနေထိုင်တဲ့ အသက်၃၅ ဝန်းကျင် အမျိုးသမီးတဦးကလည်း မနေ့က ညနေ ၇ နာရီလောက်က စပြီး ၃၄၄ ဘက်ကနေ လက်နက်ကြီးသံတွေ တောက်လျှောက်ကြားရတယ်လို့ ဆိုပါတယ်။
“ညနက်ပိုင်းအထိ အသံတွေ တောက်လျှောက်ကြားရတယ်။ ညက ညီမတရေးနိုးတော့ ၁ နာရီခွဲ အဲဒီအချိန်အထိ ပစ်တုန်း။လူခြေတိတ်ချိန်ဆိုတော့ ပိုကြားရတာပေါ့”လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ်ရဲ့ ဇွန်လအတွင်းမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်း အဖွဲ့တွေဟာ အမတ ၃၄၄ ကို ဦး တည်ပြီးတော့ ပြင်းထန်တဲ့ ထိုးစစ်တွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ပေမယ့်လည်း အမြောက်တပ်နဲ့ မိုင်အနည်းငယ်အကွာက ကျေးရွာတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့နောက် ဇူလိုင်လအတွင်းမှာ ထိုးစစ်အရှိန်က လျော့ကျသွားခဲ့ပါတယ်။
၃၄၄ ဝန်းကျင်တဝိုက်မှာ ထိတွေ့တိုက်ပွဲက သေနတ်သံတွေ ၊ လက်နက်ကြီးသံတွေ တလနီးပါး ငြိမ်သက်ရာကနေ ဩဂုတ်လ ၁ ရက်နေ့က စတင်ပြီး ပစ်ခတ်သံတွေ ခပ်စိပ်စိပ် ပြန်ကြားလာရပြီး မနေ့ကညနေပိုင်းမှာတော့ လက်နက်ကြီး ပစ်ခတ်သံတွေ ပိုပြီးထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။