ရုရှားမှာ ငလျင်လှုပ်ပြီးနောက် ဂျပန် ၊ ဖိလစ်ပိုင်နဲ့ အမေရိကန်မှာ ဆူနာမီ အရေးပေါ် သတိပေးချက်ထုတ်ပြန်

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးမြို့မှာ ၁ပေနီးပါးအမြင့်ရှိတဲ့ ပထမလှိုင်း စတင်ရိုက်ခတ်နေပြီး နောက်ထပ် ပိုကြီးတဲ့ လှိုင်းတွေ လာနိုင်ကြောင်း သတိပေးထားပါတယ်။

၃၀ ၊ ဇူလိုင်လ

ဒီကနေ့ ဇူလိုင် ၃၀ရက် ဒေသစံတော်ချိန် မနက် ၁၁နာရီခွဲ ဝန်းကျင်မှာ ရုရှားနိုင်ငံ ကမ်ချာကာကျွန်းအနီး ကမ်းလွန်ကို ဗဟိုပြုပြီး  ၈ ဒဿမ ၈ မဂ္ဂနီကျုဒ့်ရှိတဲ့ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။

အဲဒီနောက် ကမ်ချာကာကျွန်းဆီကို ၁၀ပေကနေ ၁၃ပေအထိ အမြင့်ရှိတဲ့ ဆူနာမီရေလှိုင်းတွေ ဝင်ရောက်ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဆိုပါ အင်အားပြင်းငလျင်ပြီးနောက် ဂျပန် ၊ ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံက ဟာဝိုင်အီ ၊ အလက်စကာတို့မှာ အရေးပေါ် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးမြို့မှာ ၁ပေနီးပါးအမြင့်ရှိတဲ့ ပထမလှိုင်း စတင်ရိုက်ခတ်နေပြီး နောက်ထပ် ပိုကြီးတဲ့ လှိုင်းတွေ လာနိုင်ကြောင်း သတိပေးထားပါတယ်။

အမေရိကန်အာဏာပိုင်တွေကလည်း အလက်စကာပြည်နယ်နဲ့ ဟာဝိုင်အီကျွန်းမှာ ဆူနာမီ သတိပေးချက်ထုတ်ပြန်ထားပြီး အရေးပေါ်ရွေ့ပြောင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

Ref – BBC