၂၈ ၊ ဇူလိုင်လ။
နှစ်နိုင်ငံနယ်စပ် ပြဿနာ အငြင်းပွားမှုကနေ စတင်ခဲ့တဲ့ စစ်ရေးပဋိပက္ခအဆုံးသတ်ရေးအတွက် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဒီကနေ့ ဇူလိုင်လ ၂၈ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃နာရီ မလေးရှားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။
ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ယာယီဝန်ကြီးချုပ် ဖုန်သမ် ဝီချရချိုင်းဦးဆောင်ပြီး ကမ္ဘောဒီးယားဘက်က ဝန်ကြီးချုပ် ဟွန် မာနက်ဦးဆောင်တက်ရောက်လာတာ တွေ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်နိုင်ငံခေါင်းဆောင်တွေကို ချက်ချင်းအပစ်ရပ်ဖို့ ၊ အပစ်မရပ်ရင် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှု မလုပ်ဘူးလို့ ပြောပြီးနောက် ဒီကနေ့ အစည်းအဝေးပေါ်ပေါက်လာတာပါ။
ဇူလိုင် ၂၄ က စတင်ခဲ့တဲ့ နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် စစ်သားနဲ့ အရပ်သားပြည်သူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ထောင်းနဲ့ချီတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
Photo Credit – AP