ဧရာဝတီတိုင်း ကြားကာလနိုင်ငံရေးအစီအမံ ဖော်ဆောင်နိုင်ရေးအတွက် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း

“ဧရာဝတီတိုင်းအတွင်းက အင်အားစုတွေနဲ့ ညှိနှိုင်းပြီး တတ်နိုင်သမျှ မြန်မြန်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်”

၂၆၊ ဇူလိုင်

ဧရာဝတီတိုင်းအတွက် ကြားကာလနိုင်ငံရေး အစီအမံဖော်ထုတ်ရေး လုပ်ငန်းစဥ်တွေမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေ ပါဝင်လာစေဖို့ ချိတ်ဆက်ညှိနှိုင်းနိုင်ရန်အတွက် ညှိနှိုင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRAH)က ဇူလိုင် ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

“စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ဧရာဝတီအတွင်းက အင်အားစုတွေရဲ့ ဆန္ဒသဘောထားရယူဖို့နဲ့ ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်မှာပူးပေါင်းပါဝင်လာရေး ညှိနှိုင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်” လို့  ညှိနှိုင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

ညှိနှိုင်းရေးမှူးအဖွဲ့ကိုတော့ တိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ လွှတ်တော်ကိုယ်စားလှယ်အများစုအပါအဝင် အဖွဲ့ဝင် ခြောက်ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

ကြားကာလနိုင်ငံရေးအစီအမံမှာတော့တော်လှ န်ရေး ကာလ(ကြားကာလ) အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ ကဏ္ဍတွေကို ရေးဆွဲပြဌာန်းရမှာဖြစ်ပါတယ်။

လက်ရှိကာလမှာ ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူတွေနဲ့ သင့်လျော်တဲ့ ကြားကာလ နိုင်ငံရေးအစီအမံတရပ် ရေးဆွဲနိုင်ရေး မဖြစ်မနေ လိုအပ်လာပြီး အခုလို ညှိနှိုင်းရေးမှူးအဖွဲ့ ဖွဲ့စည်းတာဟာ ကနဦး လုပ်ငန်းစဥ် တရပ်ဖြစ်တယ်လို့လည်း ကြေညာချ က်မှာ ဖော်ပြထားပါတယ်။

“ပြည်သူလူထုရဲ့ လိုအင်ဆန္ဒဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ပေးရာမှာ ဧရာဝတီယူနစ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကြောင့် ဖြစ်ပါတယ်” လို့လည်း ညှိနှိုင်းရေးမှူးအဖွဲ့ဝင်က ပြောပါတယ်။

ပုံမှန်အားဖြင့်တော့ ညှိနှိုင်ရေးအဖွဲ့ဖွဲ့စည်းပြီးနောက် အင်အားစုအသီးသီး ပါဝင်ကြတဲ့ မူကြမ်းရေးဆွဲရေးကော်မရှင် ဖွဲ့စည်းပြီး ကြားကာလနိုင်ငံရေးအစီအမံမူကြမ်း ရေးဆွဲကြတာပါ။

“ဧရာဝတီတိုင်းအတွင်းကအင်အားစုတွေနဲ့ညှိနှိုင်းပြီးတတ်နိုင်သမျှမြန်မြန်အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်” လို့လည်း အထက်ပါညှိနှိုင်းရေးမှူးအဖွဲ့ဝင်က ပြောပါတယ်။