အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးနေရတဲ့ ထီးပန်းချီ

“နိုင်ငံခြားသားတွေကပန်းချီလက်ရာကောင်းတွေကို နှစ်သက်တယ်။ ခုစစ်အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံခြားသား ဧည့်သည်တွေ ပုသိမ်ကို လာလည်တာ မရှိသလောက်ပါပဲ။ အရင်က ပြည်ပအမှာစာရှိရင်  အနုပညာမြောက် ကနုတ်ပန်းချီနဲ့ လက်ရာကောင်း ပုသိမ်ထီးတွေ ပို့ပေးရတယ်။ ခုမပို့ ရတော့ဘူး။”

၂၅၊ဇူလိုင်လ။

ဧရာဝတီတိုင်း ပုသိမ်မြို့ ကထုတ်လုပ်တဲ့ ရိုးရာ ပုသိမ်ထီးလုပ်ငန်းမှာ ထီးပန်းချီပညာရှင်တွေဟာ ဝင်ငွေအရ တွက်ခြေကိုက်ပြီး အရည်အတွက်များများ ပြီးစီးနိုင်တဲ့ ရောင်းတန်းဝင် လက်ရာတွေကိုသာ ဖန်တီးနေကြရပါတယ်။

” လုပ်ငန်းရှင်က အရည်အချင်း အရည်အသွေး ပေါ် တန် ဘိုးဖြတ်တာ မဟုတ် ဘူး အရေအတွက်ကိုကြည့်ပြီး တန်ဘိုးဖြတ် တာ၊ ရင်ဘတ်နဲ့ရင်း ရတဲ့အနုပညာ အပေါ် မြတ်မြတ်နိုး နိုး ဂုဏ်ယူချင် တယ်၊ ဂုဏ်ပြုခံရလောက်အောင်ပဲ ကြိုးစားအားထုတ်ချင်ပါတယ်၊ဒါပေမယ့် လုပ် အားခ များများရမှ မိသားစု ထမင်းစားဖို့ လောက်င မှာလေ ၊ဒီတော့ အနုပညာထက် ဝမ်းရေး ကိုဦးစားပေးရ တယ်” လို့ ထီးပန်းချီ ပညာရှင်တဦးက DNA ကို ပြောပါတယ်။ရေးဆွဲတဲ့ လုပ်အားခ နည်းပါးတာကြောင့် ပုသိမ်ထီးတွေပေါ်မှာ အရည်အသွေးရှိတဲ့  အနုပညာ လက်ရာတွေ ဖန်တီးနိုင်ဖို့ အခက်အခဲ ရှိနေတာပါ။

ထီးအရွက်ပေါ်မှာ ရိုးရာပန်းချီတွေဖြစ်တဲ့ ကနုတ်ပန်းချီ၊ ဇာတ်နိပါတ်တော်ပန်းချီ ၊ ရှေးပုဂံပန်းချီကား တွေကို ရေးဆွဲဖေါ်ပြလိုပေမယ့် အနုပညာလက်ရာ အရည်အသွေးအပေါ် အခြေမခံဘဲ အလုပ်ပြီးမြောက်မှု အရေအတွက်အပေါ် အခြေခံပြီး လုပ်အားခ သတ်မှတ်တဲ့အတွက် အခက်အခဲ ဖြစ်နေရတာပါ။

ပုသိမ်ထီးရွက်ပေါ်မှာ ရေးဆွဲကြတဲ့ ပန်းချီတွေဟာ နိုင်ငံနဲ့ အမျိုးသား ယျဉ်ကျေးမှုကို ဖေါ်ဆောင်တဲ့ အနုပညာမြောက် ဖန်တီးရတဲ့ ပန်းချီတွေ မဟုတ်ဘဲ သာမန် ပန်းပွင့်၊ပန်းနွယ် အလှပန်းချီပုံတွေ နဲ့ သာမန်ရှုမျှော်ခင်း၊ ပန်းချီပုံတွေသာ ဖြစ်တယ်လို့ ထီးပန်းချီရေးဆွဲတဲ့ ပညာရှင်တွေ ပြောပါတယ်။

“နိုင်ငံခြားသားတွေကပန်းချီလက်ရာကောင်းတွေကို နှစ်သက်တယ်။ ခုစစ်အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံခြားသား ဧည့်သည်တွေ ပုသိမ်ကို လာလည်တာ မရှိသလောက်ပါပဲ။ အရင်က ပြည်ပအမှာစာရှိရင်  အနုပညာမြောက် ကနုတ်ပန်းချီနဲ့ လက်ရာကောင်း ပုသိမ်ထီးတွေ ပို့ပေးရတယ်။ ခုမပို့ ရတော့ဘူး ။ ပြည်ပဝယ်လိုအား မြင့်တက်လာရင်တော့ ထီးပန်းချီပညာရှင်တွေရဲ့ အနုပညာလုပ်အားခ မြင့်တက်လာ ဖွယ်ရှိတယ်” လို့ ပုသိမ်ထီး လုပ်ငန်းရှင်တဦးက DNA ကိုပြောပါတယ်။

အချင်းဝက် ၄ ပေရှိတဲ့ ထီးရွက်ပေါ်မှာ ကနုတ်ပန်းချီ၊ ဇာတ်နိပါတ်တော်ပန်းချီ ၊ ရှေးပုဂံပန်းချီ ကားတွေကို ကောက်ကြောင်း ပန်းချီ ရေးဆွဲမယ်ဆိုရင်  ၇ နာရီ ကြာမြင့်ပေမယ့် ရောင်းတန်းပန်းချီ ရိုးရိုးကို ရေးဆွဲပါက ၃ နာရီ အတွင်း ထီးရွက် ၃၀ ပြီးစီးနိုင်ပါတယ်။

ထီးပန်းချီရေးဆွဲတဲ့ လုပ်အားခကတော့ သာမန်ထီးပန်းချီ ရေးဆွဲတဲ့ လုပ်အားခ နှုန်းထားအတိုင်း အားလုံး တပြေးညီ ဖြစ်တာကြောင့် ပုသိမ်ထီးပန်းချီ ရေးဆွဲသူတွေက သာမန်ထီးပန်းချီ တွေကိုသာ ရေးဆွဲကြပါတော့တယ်။

ပုသိမ်မြို့ ကိုရောက်လာကြတဲ့ ပြည်တွင်းက ခရီးသွားဧည့်သည်တွေ အနေနဲ့ ဈေးသက်သာတဲ့ ရောင်းတန်းဝင် ပုသိမ်ထီး တွေကို အမှတ်တရ ဝယ်ယူကြပေမယ့် ပြည်ပခရီးသွား နိုင်ငံခြားသား ဧည့်သည်တွေကတော့  လက်ရာမြောက်တဲ့  ကနုတ်ပန်းချီ ပုသိမ်ထီးတွေကို ပိုပြီး စိတဝင်စားမှု ရှိတတ်ကြပါတယ်။

ဒါပေမယ့် ပြည်တွင်းမှ ခရီးသွားဧည့်သည်တွေက ပြည်ပခရီးသွား နိုင်ငံခြားသား ဧည့်သည်တွေထက်ပိုများတာကြောင့် ရိုးရိုးသာမန် တန်ဖိုးသင့် ပုသိမ်ထီးတွေဈေးကွက်က ပိုပြီး အရောင်းသွက် နေတာလည်း ဖြစ်ပါတယ်။

ထီးပန်းချီလက်ရာ သေသပ်ကောင်းမွန်ပြီး ဝယ်သူရဲ့အမြင် အာရုံကို ဖမ်းစားနိုင်စွမ်းတဲ့အရည်အသွေး ရှိပါမှ ပြည်ပဈေးကွက်ကို ထိုးဖေါက် ယှဉ်ပြိုင်နိုင်မယ်လို့ သူ(ပုသိမ်ထီး လုပ်ငန်းရှင် တဦး) က မှတ်ချက်ပေးပါတယ်။

အရင်က ဈေးကွက်အတွင်း ပုသိမ်ထီးရွက်တွေပေါ်မှာ သာမန်ရိုးရိုး အလှပန်းချီတွေ ရေးဆွဲခဲ့ရာက ၂၀၁၃ ခုနှစ်က စပြီး အနုပညာ လက်မြောက် ရိုးရာပန်းချီတွေ ဖြစ်တဲ့ ကနုတ်ပန်းချီ၊ ဇာတ်နိပါတ်တော်ပန်းချီ ၊ ရှေးပုဂံပန်းချီ၊ ရှေးခေတ်စစ်ချီ တက်ဟန်ပုံတွေနဲ့ အနော်ရထာ၊ ကျန်စစ်သား၊ စစ်သူကြီး မဟာဗန္ဓုလပုံ တွေကို ကောက်ကြောင်းပန်းချီ ပညာနဲ့ ရေးဆွဲလာခဲ့ကြတာ ဖြစ်ပါတယ်။