“မိုင်းကွဲရင် သိကြတယ်။ စစ်သားတွေကလည်း ကွဲတဲ့နေရာကို သွားပြီးကြည့်ရဲတာမဟုတ်ဘူး။ ပိုင်ရှင် တွေကလည်းသွားတာမျိုးမဟုတ်ဘူး။ ဒီလိုပဲ ပိုင်ရှင်မဲ့သဘောဖြစ်သွားကြတာ” လို့ ဒေသခံကပြောပါ တယ်။
၂၃၊ဇူလိုင်လ။
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် ၊ အမြောက်တပ် အမှတ် ၃၄၄ က တပ်ဆင်ထားတဲ့ မြေမြှုပ်မိုင်းတွေ ကြောင့် ဒေသတွင်းက ကျွဲ ၊ နွား ခုနှစ်ကောင်အထိ သေဆုံးမှုရှိခဲ့တယ်လို့ အမြောက်တပ်အနီးမှာနေထိုင်တဲ့ လယ်သမားတွေက ပြောပါတယ်။
“အခု မိုင်းထိတဲ့ ကျွဲ ၊ နွားတွေက လွတ်ထားရင်းနဲ့ ထိတာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။ အမြောက်တပ် ၃၄၄ ဟာ သူတို့ ခြံစည်းရိုးပြင်ပမှာ မြေမြှုပ်မိုင်းတွေကို ခံစစ်ပြင် တပ်ဆင်ထားပြီးတော့ မြေမြှုပ်မိုင်း တပ်ဆင်ထားတဲ့ ဧရိယာကို အနီရောင် ပီနံကြိုးနဲ့တားဆီးထားတယ်လို့ ဆိုပါတယ်။
ရခိုင်ရိုးမတောင်ခြေမှာရှိတဲ့ ရေကြည်မြို့နယ်ထဲက ဒေသခံတွေဟာ စိုက်ပျိုးထွန်ယက်ချိန်မှာသာ ကျွဲ ၊ နွားတွေကို လုပ်ငန်းခွင်ထဲမှာထားရှိပြီးတော့ ကျန်အချိန်တွေမှာတော့ စားကျက်မြေရှိရာဆီကို လွှတ် ပေးလိုက်ကြပါတယ်။
“သူတို့က (စကစ) မိုင်းရှိသည်ဆိုတဲ့စာလည်း ကပ် ထားတယ်။ ဒါကို နွားတွေက ဝင်သွားတာဆိုတော့ ဘယ်သူမှားတယ် ၊ ဘယ်သူမှန်တယ်ပြောမရဘူး” လို့ ဒေသခံဆက်ပြောပါတယ်။ မြေမြှုပ်မိုင်းကြောင့် ကျွဲ ၊ နွားသေဆုံးတာပတ်သက်လို့ ပိုင်ရှင်တွေကလည်း အမြောက်တပ်ကိုသွားရောက်ပြီးလျော်ကြေး တောင်းတာတွေ မလုပ်ဝံ့ကြဘူးလို့ ဆိုပါတယ်။
“မိုင်းကွဲရင် သိကြတယ်။ စစ်သားတွေကလည်း ကွဲတဲ့နေရာကို သွားပြီးကြည့်ရဲတာမဟုတ်ဘူး။ ပိုင်ရှင် တွေကလည်းသွားတာမျိုးမဟုတ်ဘူး။ ဒီလိုပဲ ပိုင်ရှင်မဲ့သဘောဖြစ်သွားကြတာ” လို့ ဒေသခံကပြောပါ တယ်။
အမြောက်တပ် ၃၄၄ အနီး ရေကြည်မြို့နယ် ၊ ကုန်းပြင်ကျေးရွာအုပ်စုနဲ့ မိသာလင်ကျေးရွာအုပ်စုထဲက အချို့သော ကျွဲ ၊ နွားတွေကတော့ မြေမြှုပ်မိုင်းထိပြီး မသေဘဲနဲ့ ဒဏ်ရာတွေနဲ့အတူ ထွက်ပြေးလာတာ တွေလည်း ရှိနေပါတယ်။
“တခါတလေကျတော့လည်း ကျွဲ ၊ နွားတွေမဟုတ် ဘူး တောကောင်လေးတွေ နင်းလို့ ပေါက်ကွဲတာတွေလည်းရှိတယ်” လို့ ဒေသခံကပြောပါတယ်။
အမြောက်တပ် ၃၄၄ အနေနဲ့ ခြံစည်းရိုး ပတ်ချာ လည်မှာ မြေမြှုပ်မိုင်းသောင်းဂဏန်းအထိ တပ်ဆင်ထား တယ်လို့လည်း တပ်တွင်းမိသားစုဝင်တွေနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။
“လက်နက်ငယ်သံတွေကတော့ ကျန်ခဲ့တဲ့ လေးရက်လောက်က ခဏကြားလိုက်ရသေးတယ်။ ဒီရက်ပိုင်း ထဲမှာ အရင်ကမပစ်ဘဲ တိတ်နေတဲ့ လက်နက်ကြီးသံတွေလည်း ၃၄၄ ထဲကနေ ပြန်ကြားနေရတယ်” လို့ သူက ဆက်ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ် ကြောင့် အမြောက်တပ် ၃၄၄ ဟာ သူ့ရဲ့ လုံခြုံရေးကို ၂၀၂၅ ခုနှစ် ဧပြီလလောက်ကတည်းကကတုတ် ကျင်းတွေကအစ တိုးမြှင့်ပြင်ဆင်ခဲ့တာပါ။ လက်ရှိအချိန်မှာဆိုရင်တော့ အမြောက်တပ် ၃၄၄ ထဲကို စစ်ကူအင်အားတွေ နေ့စဉ်ဖြည့်ဆည်းနေတာကို တွေ့ရတယ်လို့ တပ်ဝန်းကျင်က ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့က စတင်ပြီး ၂၃ ရက် ယနေ့အထိ စစ်ကောင်စီဟာ အမြောက်တပ် ၃၄၄ ထဲကို တရက် ကားတစီးကနေ သုံးစီးအထိအသုံးပြုပြီးတော့ လူအင်အားဖြည့်ဆည်းနေတယ်လို့ ဆိုပါတယ်။