လက်ရှိ နိုင်ငံပေါင်း ၁၁၉နိုင်ငံက ခန့်မှန်းခြေ လူဦးရေ ၅ ဒဿမ ၆ ဘီလီယံဟာ ချီကန်ဂန်ညာ ဗိုင်းရပ်စ်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ WHO ရဲ့ ဆေးဘက်ဆိုင်ရာ အရာရှိ ဒိုင်ယာနာ ရိုဂျာစ် အယ်လ်ဗာရီဇ်က ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
၂၃ ၊ ဇူလိုင်လ
ချီကန်ဂန်ညာ (chikungunya) လို့ခေါ်တဲ့ ခြေကနေတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ် တကျော့ပြန် အစုလိုက်အပြုံလိုက် ဖြစ်ပွါးမှုကို အရေးတကြီး ဟန့်တားဖို့လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မနေ့က ဇူလိုင် ၂၂ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဆင်တုပ်ကွေးလို့လည်း သိကြပါတယ်။ ရောဂါလက္ခဏာတွေကတော့ အပြင်းဖျားတာ ၊ အဆစ်နာကျင်တာအပြင် ကာလရှည်ကြာ မသန်စွမ်းတဲ့အထိ ဖြစ်နိုင်ပါတယ်။
လက်ရှိ နိုင်ငံပေါင်း ၁၁၉နိုင်ငံက ခန့်မှန်းခြေ လူဦးရေ ၅ ဒဿမ ၆ ဘီလီယံဟာ ချီကန်ဂန်ညာ ဗိုင်းရပ်စ်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ WHO ရဲ့ ဆေးဘက်ဆိုင်ရာ အရာရှိ ဒိုင်ယာနာ ရိုဂျာစ် အယ်လ်ဗာရီဇ်က ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
၂၀၀၄ – ၂၀၀၅ ခုနှစ်မှာ လူပေါင်း ၅သိန်းနီးပါးအထိ ချီကန်ဂန်ညာဗိုင်းရပ်စ် ကူးစက်ခဲ့တဲ့ ကပ်ရောဂါအခြေအနေကို ရည်ညွှန်းပြီး “သမိုင်းတပတ်လည်လာတာကို ကျွန်မတို့ မြင်နေရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ဗိုင်းရပ်စ်ပျံ့ပွားမှုဟာ အခုနှစ် ၂၀၂၅ အစောပိုင်းကတည်းက စတင်မြင့်တက်လာတာဖြစ်ပြီး အရင်က ဖြစ်ပွားဖူးတဲ့ လာရီးယို၊, မယ်ယော့ထ်နဲ့ မရစ်ရှက်စ် အပါအဝင် အိန္ဒိယပင်လယ်က ကျွန်းတွေမှာ အများဆုံး ဖြစ်ပွားနေတာပါ။
လာရီးယိုကျွန်းမှာ လူဦးရေ သုံးပုံတပုံခန့်ဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ အယ်လ်ဗာရီဇ်ကပြောပါတယ်။
ဒါ့အပြင် ချီကန်ဂန်ညာ ဗိုင်းရပ်စ်ဟာ မာဒါဂါစကာ ၊ ဆိုမာလီယာနဲ့ ကင်ညာစတဲ့ နိုင်ငံတွေကိုလည်း ကူးစက်ပျံ့နှံ့နေပြီး အိန္ဒိယအပါအဝင် အရှေ့တော င်အာရှဒေသတွင်းမှာလည်း ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် မကြာသေးခင်က ဥရောပကိုလည်း ပျံ့နှံလာပြီး မေလ ၁ရက်နေ့ကတည်းက ပြင်သစ်မှာ ချီကန်ဂန်ညာ ဗိုင်းရပ်စ်ကူးစက်မှု ၈၀၀ ရှိခဲ့တယ်လို့ WHO က ဆိုပါတယ်။
ချီကန်ဂန်ညာ ဗိုင်းရပ်စ်ဟာလည်း သွေးလွန်တု ပ်ကွေး ၊ ဇီကာဗိုင်းရပ်စ်တို့ကို ဖြစ်ပွားစေတဲ့ ခြင်အမျိုးအစား Aedes အေးဒီးစ်ကနေ ကူးစက်တာဖြစ်ပြီး တိကျတဲ့ ကူသမှု မရှိသေးပါဘူး ။ အလျင်အမြန် ကူးစက်နိုင်တာကြောင့် နေ့အချိန်မှာ ခြင်ကိုက်မခံရအောင် ကာကွယ်တာက အဓိက အချက်ဖြစ်တယ်လို့ WHO က အကြံပြုထားပါတယ်။
Ref – Reuters