လေကြောင်းလိုင်းတွေကိုလည်း ဖျက်သိမ်းခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ခရီးစဉ်တွေကိုလည်း အချိန်ရွေ့လိုက်ရပါတယ်။ ဒါ့အပြင် တချို့ လေဆိပ် ၊ ဆိပ်ကမ်းနဲ့ ဘူတာတွေမှာလည်း ဝန်ဆောင်မှုလုပ်ငန်းတွေ ယာယီဆိုင်းငံ့ခဲ့ရပါတယ်။
၂၂ ၊ ဇူလိုင်လ။
အပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားတဲ့ ဝီဖာ မုန်တိုင်းဟာ ဒီကနေ့ ဇူလိုင်လ ၂၂ရက်နေ့ မနက်ပိုင်းက ဗီယက်နမ်နိုင်ငံ မြောက်ဘက် ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။
အမျိုးသားမိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ မိုးရေချိန် ၅၀ စင်တီမီတာအထိ ရွာသွန်းနိုင်တာကြောင့် ရေကြီးမြေပြိုမှုအန္တရာယ်အတွက် စစ်သားအင်အား ၃သိန်းခွဲကို အသင့်အနေအထား ပြင်ဆင်ထားပါတယ်လို့ သိရပါတယ်။
ဒီကနေ့ ဒေသစံတော်ချိန် မနက် ၆နာရီမှာ ဝေဖာမုန်တိုင်းဟာ ဟိုင်ဖောင်မြို့ကမ်းရိုးတန်းရေပြင်ရဲ့ ကီလိုမီတာ ၆၀အကွာကို ရောက်ရှိခဲ့ပြီး အများဆုံး လေတိုက်နှုန်း မိုင်၆၀နှုန်း တိုက်ခတ်ခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
အဲ့ဒီနောက် ဟွန်ယမ်နဲ့ နင်ဘင်ပြည်နယ် တို့ကို ကုန်းတွင်းပိုင်းဝင်ရောက်လာတဲ့ ဝီဖာဟာ ဒီကနေ့ ညနေပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု အဖြစ် အားပျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိအချိန်ထိ မုန်တိုင်းကြောင့် ဗီယက်နမ်မှာ သေဆုံး ၊ ထိခိုက်မှုတွေ မသိရသေးပါဘူး။
တနင်္ဂနွေနေ့ကတည်းက ဝန်ကြီးချုပ် ဖမ်မင့်ချင်က ကမ်ရိုးတန်းဒေသတွေမှာ သဘာဝဘေးအရေးပေါ်သတိပေးချက်တွေ ထုတ်ပြန်ထားပြီး မုန်တိုင်းကြောင့် ရေကြီး၊မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
လေကြောင်းလိုင်းတွေကိုလည်း ဖျက်သိမ်းခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ခရီးစဉ်တွေကိုလည်း အချိန်ရွေ့လိုက်ရပါတယ်။ ဒါ့အပြင် တချို့ လေဆိပ် ၊ ဆိပ်ကမ်းနဲ့ ဘူတာတွေမှာလည်း ဝန်ဆောင်မှုလုပ်ငန်းတွေ ယာယီဆိုင်းငံ့ခဲ့ရပါတယ်။
တောင်တရုတ်ပင်လယ်နဲ့ ထိစပ်နေပြီး ရှည်လျားတဲ့ကမ်းရိုးတန်းရှိတဲ့ ဗီယက်နမ်ကို နှစ်စဉ်အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတွေ ဝင်ရောက်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က တိုင်ဖွန်း ယာဂီကြောင့် လူပေါင်း ၃၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃ ဘီလီယံကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
Ref – Reuters