ထရန့်က စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို အမရိကန်သို့ အမြန်လာရောက်ရန်ဖိတ်ခေါ်ဆိုသည့် သတင်းအမှား
July 22 2025 By MPA+DNA- The Red Flag
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခွန်ကိစ္စညှိနှိုင်းရန် မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ထား ဟု သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။
စစ်ကောင်စီ ဝါဒဖြန့် “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ ဇူလိုင် ၁၉ရက် ညနေ ၅နာရီကျော်တွင် “USသမ္မတကြီးမစ္စတာဒေါ် နယ်ထရမ့်မှမြန်မာနိုင်ငံနှင့်အခွန် ညှိနှိုင်းနိုင်ဖိုအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အမြန် လာဖို့ဖိတ်ခေါ်နေဟုကြားသိရ” ဟု ရေးသားဖြန့်ဝေထားသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/Dumq3
ထို့သို့ ဖြန့်ဝေမှုကို “ထရုမီဒီယာ”တယ်လီဂရမ်ချန်နယ်က ကူးယူဖြန့်ဝေထားသည်။
ထို့အပြင် “ဥစ္စာစောင့် မမြစိမ်း” ဆိုသည့် ဖေ့ဘွတ်ခ်အကောင့်ကလည်း ကူးယူဖြန့်ဝေထားသဖြင့် ပျံ့နှံ့မှုနှုန်း များ ပြားနေသည်။
သတင်းအမှားလင့်ခ် – https://archive.ph/Zwy2j
တယ်လီဂရမ်နှင့် ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော အကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင်မီဒီယာဖြစ်သော MPA နှင့် DNA သတင်းဌာနတို့ ပူးပေါင်း၍ အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းစိစစ်ချက်
Google တွင် “မြန်မာကိုယ်စားလှယ်အဖွဲ့ အမေရိကန်သို့ စေလွှတ်” ဟု ရေးသားရှာဖွေရာ သတင်းမီဒီယာလုပ် ငန်းစဉ်အတိုင်း အတည်ပြုစုံစမ်းရေးသားနေသော BBC, Irrawaddy, Mizzima, Myanmar Now, သတင်းဌာနများက ရေးသားဖော်ပြထားသည်။
BBC က ဇူလိုင် ၁၁ရက်တွင် အမေရိကန်က မြန်မာနိုင်ငံအပေါ် ကုန်သွယ်ခွန်ကောက်ခံသော စာပို့လာခြင်း အပေါ် အကြောင်းပြုပြီး အဆင့်မြင့်ကိုယ်စားလှယ်တစ်ဖွဲ့ အမေရိကန်ကို စေလွှတ်ချင်သည်ဟု စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတ ဒေါ်နယ်ထရမ့်ကို တောင်းဆိုလိုက်ကြောင်း၊ မြန်မာအပေါ် စီးပွား ရေးပိတ်ဆို့မှုများအား ဖြေလျော့ရုပ်သိမ်းပေးဖို့ စစ်ခေါင်းဆောင်က မေတ္တာရပ်ခံထားကြောင်း ဖော်ပြထားသည်။
သတင်းလင့်ခ် – https://shorturl.at/kQNk3
Myanmar Now သတင်းတွင် ၂၀၂၅ ဩဂုတ် ၁ ရက်မတိုင်မီ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ဆွေးနွေးရန် စစ်ကောင်စီက အစီအစဉ်ရှိနေပြီး ထိုအဖွဲ့ကိုဦးဆောင်ရန် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာ ဇော်ဦးနှင့် စီးပွားကူးသန်း ဒုဝန်ကြီး ဦးမင်းမင်းတိုကိုတာဝန်ပေးထားသည်ဆိုသော သတင်းများကို ၎င်းတို့နှစ်ဦးက ငြင်းဆိုထားကြောင်း ရေးသားဖော်ပြထားသည်။ သတင်းလင့်ခ် – https://shorturl.at/erHWr
Irrawaddy သတင်းတွင် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အမေရိကန်သို့ သွားရောက်ရန် စီစဉ်နေမှု အပေါ် ဒီမိုကရေစီရေးလှုပ်ရှားသူများက စိုးရိမ်မှုများ ရှိနေကြောင်း နွေဦးတော်လှန်ရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများ စုပေါင်းထားသည့် Myanmar-American Advocates for Democracy in Myanmar အဖွဲ့က ထုတ်ပြန်သည်ဟု ရေးသားထားသည်။ သတင်းလင့်ခ် – https://shorturl.at/0JAqA
Mizzima သတင်းတွင် နေပြည်တော်၏ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာထုတ် ပေးမှုပြုမည်၊ မပြုမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ဖော်ပြထားသည်။
သတင်းလင့်ခ် – https://shorturl.at/0Y6du
သုံးသပ်ချက်
မြန်မာသတင်းမီဒီယာများတွင် စစ်ခေါင်းဆောင် ကာချုပ်မင်းအောင်လှိုင်က အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အမေရိကန်သို့ စေလွှတ်ချင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံ ကမ်းလှမ်းထားခြင်းဖြစ်သည်။
ထရန့်က ဖိတ်ခေါ်ခြင်းမဟုတ်ဘဲ စစ်ခေါင်းဆောင်ဘက်က ကမ်းလှမ်းထားခြင်းသာ ဖြစ်သည်။
အဆိုပါ ကိစ္စကို ထရန့်နှင့် အမေရိကန်ဘက်က လက်ခံတွေ့ဆုံမည်ဟု တစ်စုံတစ်ရာ ပြောကြားထားခြင်းမရှိသေး ပေ။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့်သူများ ဖြန့်ဝေထားသော “အခွန်ကိစ္စ ညှိနှိုင်းနိုင်ဖို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အမြန် လာဖို့ဖိတ်ခေါ်” ဟု ရေးသားထားသော အကြောင်းအရာသည် တစ်စိတ်တစ်ပိုင်း မှားယွင်းနေသော သတင်းအမှားဖြစ်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #MPA #DNA #TheRedFlag #FactCheck #Mis_Disinformation #ထရန့် #ကိုယ်စားလှယ်အဖွဲ့