ပြီးခဲ့တဲ့နှစ်အတွင်း စင်ကာပူမှာ မိမိကိုယ်ကို အဆုံးစီရင်မှု ၃၁၄မှု ဖြစ်ပွားခဲ့

အဆုံးစီရင်သူတွေဟာ အမျိုးသား ၂၀၂ဦးနဲ့ အမျိုးသမီး ၁၁၂ဦးတို့ ဖြစ်ကြပြီး အသက် ၃၀ကနေ ၃၉နှစ်အကြား အသက်အုပ်စုက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

၁၉ ၊ ဇူလိုင်လ ။

စင်ကာပူနိုင်ငံမှာ ၂၀၂၄ခုနှစ်အတွင်း မိမိကိုယ့်ကိုယ် အဆုံးစီရင်မှု  ၃၁၄ရှိတယ်လို့ Samaritans of Singapore (SOS) က ဒီကနေ့ ဇူလိုင်လ ၁၉မှာ ထုတ်ပြန်လိုက်ပါတယ်။

SOS အဖွဲ့ဟာ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးတာနဲ့ အဆုံးစီရင်မှုတွေကို ဟန့်တားရေး လုပ်ဆောင်နေတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

အဆုံးစီရင်သူတွေဟာ အမျိုးသား ၂၀၂ဦးနဲ့ အမျိုးသမီး ၁၁၂ဦးတို့ ဖြစ်ကြပြီး အသက် ၃၀ကနေ ၃၉နှစ်အကြား အသက်အုပ်စုက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးမှုအများစုဟာ မိသားစုပြဿာနာ ၊ အလုပ်အကိုင် တည်မြဲမှုနဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု စတဲ့အကြောင်းအရာတွေနဲ့ ဆက်စပ်တဲ့ စိတ်ဖိစီးမှုတွေ ကြုံတွေ့ခဲ့ကြရတယ်လို့ SOS အဖွဲ့က ပြောပါတယ်။

သို့သော် အသက် ၁၀နှစ်ကနေ ၂၉နှစ်အကြား လူငယ်သေဆုံးမှုရဲ့ အဓိကအကြောင်းအရင်းအဖြစ် ၆နှစ်ဆက်တိုက် ရပ်တည်နေပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ အရေအတွက်ဟာ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂ ဒဿမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၃ခုနှစ်က စင်ကာပူနိုင်ငံမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ၃၂၂ မှု ရှိခဲ့ပါတယ်။

Ref – CNA