ပါကစ္စတန်မှာ အားကောင်းတဲ့ မုတ်သုန်မိုးကြောင့် ၂၄နာရီအတွင်း လူပေါင်း ၅၀ကျော်သေဆုံး


ပါကစ္စတန်နိုင်ငံမှာ မုတ်သုံဝင်ရောက်လာတဲ့ ဇွန်လနှောင်းပိုင်းကတည်းက သဘာဝဘေးကြောင့် သေဆုံးသူ ၁၈၀အထိ ရှိလာပြီး ၅၀၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သဘာဝဘေးဆိုင်ရာ အေဂျင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။

၁၈ ၊ ဇူလိုင်လ။

ပါကစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄နာရီအတွင်း မိုးအကြီးအကျယ်ရွာသွန်းမှုကြောင့် လူပေါင်း ၅၄ဦးသေဆုံးခဲ့တယ်လို့ သဘာဝဘေးဆိုင်ရာအေဂျင်စီက ဇူလိုင် ၁၇ရက်နေ့မှာ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မနက်ကတည်းက ပန်ဂျပ်ပြည်နယ်တလွှားအဆက်မပြတ် မိုးရွာပြီးနောက် မြို့ပေါ်ရပ်ကွက်တွေ ရေကြီးပြီး နေအိမ်တချို့လည်း ပြိုကျခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက လှေတွေနဲ့ မြစ်ကြောင်းတလျောက် ကျေးရွာတွေမှာရှိတဲ့ မိသားစုတွေကို လိုက်လံကယ်ဆယ်ခဲ့ကြရပါတယ်။

“ကလေးငယ်တွေက အော်ဟစ်အကူအညီတောင်းနေကြတယ် ၊ အမျိုးသမီးတွေကလည်း အိမ်ခေါ်မိုးတွေပေါ်ကနေ သူတို့ရဲ့ ခြုံထည်တွေကို လှုပ်ယမ်းပြီး ကယ်ပေးဖို့ အကူအညီတောင်းနေကြတယ်။” လို့ အသက် ၅၁နှစ်အရွယ်လယ်သမား လာဒီယမ်ရွာဒေသခံ Tariq Mehbood Bhatti က ပြောပါတယ်။

ဒါ့အပြင် မြစ်ရေမြင့်တက်လာလို့ Nullah Lai မြစ်ရဲ့ အနိမ့်ပိုင်းဧရိယာမှာနေထိုင်တဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွေ့ပြောင်းကြဖို့ အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ မုတ်သုံဝင်ရောက်လာတဲ့ ဇွန်လနှောင်းပိုင်းကတည်းက ကလေးငယ် ၇၀ အပါအဝင် သဘာဝဘေးကြောင့် သေဆုံးသူ ၁၈၀အထိ ရှိလာပြီီး ၅၀၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သဘာဝဘေးဆိုင်ရာ အေဂျင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။

Ref – AFP
#ပါကစ္စတန် #မုတ်သုံရာသီ #သဘာဝဘေး
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH