The Halo Trust အဖွဲ့ရဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ကူညီအားပေးဖို့ မင်းသား ဟယ်ရီက ဗဟိုအာဖရိကမှာရှိတဲ့ အန်ဂိုလာနိုင်ငံကို ဇူလိုင်လ ၁၆ရက်နေ့က သွားရောက်ခဲ့တာပါ ။
၁၇ ၊ ဇူလိုင်လ။
မြေမြှုပ်မိုင်း အန္တရာယ်နဲ့ ပတ်သက်လို့ ကမ္ဘာက သတိထားမိလာအောင် လုပ်ဆောင်ခဲ့တဲ့ မိခင်ဖြစ်သူ ဝေလမင်းသမီး ဒိုင်ယာနာရဲ့ စံနမူနာအတိုင်း ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီဟာ အန်ဂိုလာနိုင်ငံက ရှင်းပြီးသားမိုင်းကွင်းထဲကို ဖြတ်လျှောက်ပြခဲ့ပါတယ်။
“ကလေးငယ်တွေ အပြင်ထွက်ကစားတဲ့အခါ ဒါမှမဟုတ် ကျောင်းကိုလမ်းလျှောက်သွားရတဲ့အခါ ဘယ်တော့မှ စိုးရိမ်နေဖို့ မသင့်တော့ပါဘူး” လို့ ဆပ်ဆက်စ်မြို့စား မင်းသားဟယ်ရီက အရပ်သားပြည်သူတွေ မိုင်းအန္တရာယ်ခြိမ်းခြောက်ခံနေရဆဲ အခြေအနေကို ညွှန်းဆိုပြောခဲ့ပါတယ်။
ဗြိတိန်တော်ဝင်မိသားစုဝင် မင်းသားဟယ်ရီက မိခင် ဒိုင်ယာနာရဲ့ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ ပတ်သက်ပြီး လူတွေ သတိထားမိလာအောင် လုပ်ဆောင်ခဲ့တဲ့တာတွေကို ဂုဏ်ယူခဲ့ပြီး သူ့အနေနဲ့ မိခင်ဖြစ်သူလုပ်သွားခဲ့တာကို အပြီးသတ်လုပ်ချင်ကြောင်း အရင်က ပြောခဲ့ဖူးပါတယ်။
The Halo Trust အဖွဲ့ရဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ကူညီအားပေးဖို့ မင်းသား ဟယ်ရီက ဗဟိုအာဖရိကမှာရှိတဲ့ အန်ဂိုလာနိုင်ငံကို ဇူလိုင်လ ၁၆ရက်နေ့က သွားရောက်ခဲ့တာပါ ။
မင်းသားဟယ်ရီဟာ မိုင်းကွင်းအနီးက ကျေးရွာတခုကို သွားရောက်ခဲ့ပြီး ပေါက်ကွဲစေတက်တဲ့ ပစ္စည်းတွေကို ဘယ်လိုရှောင်ရှားရမယ်ဆိုတာ သင်ယူနေကြတဲ့ ကလေးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
၁၉၉၇ ခုနှစ် ၊ ဇန်နဝါရီလမှာ မင်းသမီး ဒိုင်ယာနာဟာ အန်ဂိုလာနိုင်ငံက မိုင်းကွင်းတခုထဲကို ဖြတ်လျောက်ခဲ့တဲ့ ဓာတ်ပုံဟာ ကမ္ဘာကျော်ခဲ့ပြီး စစ်ပွဲတွေ ပြီးသွားပေမယ့် နောက်ဆက်တွဲ မိုင်းအန္တရာယ်တွေ ရှိနေသေးတယ်ဆိုတာကို အာရုံစိုက်လာစေခဲ့ပါတယ်။
အဲ့ဒီသမိုင်းဝင်ဓာတ်ပုံဟာ မြေမြှုပ်မိုင်းကြောင့် အရပ်သားတွေ ထိခိုက်မှုကို ရပ်တန့်ရေးအတွက် စံပြအမှတ်အသားတခု ဖြစ်လာခဲ့ပါတယ်။
The Halo Trust အဖွဲ့ဟာ အန်ဂိုလာမှာ နှစ်ချီကြာပြည်တွင်းစစ်ကနေ မြေမြှုပ်မိုင်း တသိန်းနှစ်သောင်းကျော်ကို ရှင်းလင်းခဲ့ရပါတယ်။ အန်ဂိုလာမှာ ၂၀၀၈ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းကြောင့် ခန့်မှန်ခြေလူပေါင်း ခြောက်သောင်းကျော် သေဆုံး (ဒါမှမဟုတ်) ဒဏ်ရာရခဲ့ပြီး ရှင်းလင်းဖို့ကျန်ရှိနေတဲ့ မိုင်းကွင်းအရေအတွက် တထောင်ခန့်ရှိတယ်လို့ သိရပါတယ်။
Ref – BBC