ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံ ၊ ရုရှားကို ထောက်ခံသွားဖို့ တရုတ် ကတိပြု

ဘေဂျင်းအစိုးရဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို နေတိုး NATO လို အနောက်အင်အားစုဦးဆောင်တဲ့ အစုအဖွဲ့တွေကို တုံပြန်တဲ့အနေနဲ့ အင်အားပြဖို့ အချိန်အတော်ကြာ ကြိုးပမ်းလာခဲ့ပြီး လက်ရှိမှာလည်း အဖွဲ့ဝင် ၁၀နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ကြိုးစားနေတာပါ။

၁၆ ၊ ဇူလိုင်လ။

တရုတ်နဲ့ ရုရှားနှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး ပိုအားကောင်းအောင် လုပ်ဆောင်ဖို့လိုကြောင်း ဇူလိုင်လ ၁၅ရက်နေ့က ဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ကို ပြောခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ဖော်ပြပါတယ်။

အင်္ဂါနေ့က မြို့တော် ဘေဂျင်းမှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ရုရှား ၊ အိန္ဒိယနဲ့ အီရန်အပါအဝင်နိုင်ငံခြားရေးရာ ဝန်ကြီးတွေ စုဝေးတက်ရောက်ခဲ့ကြပါတယ်။

ဘေဂျင်းအစိုးရဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို နေတိုး NATO လို အနောက်အင်အားစုဦးဆောင်တဲ့ အစုအဖွဲ့တွေကို တုံပြန်တဲ့အနေနဲ့ အင်အားပြဖို့ အချိန်အတော်ကြာ ကြိုးပမ်းလာခဲ့ပြီး လက်ရှိမှာလည်း အဖွဲ့ဝင် ၁၀နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ကြိုးစားနေတာပါ။

ဘေဂျင်းနဲ့ မော်စကိုတို့ဟာ ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေ စည်းလုံးဖို့နဲ့ နိုင်ငံတကာအစီအစဉ် ဖွံ့ဖြိုးတိုးတက်ဖို့ မြှင့်တင်လုပ်ဆောင်သင့်တယ်လို့ သမ္မတ ရှီကျင့်ဖျင်က ပြောခဲ့တယ်လို့ ဆင်ဟွာမီဒီယာက ဖော်ပြပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံအကြား နိုင်ငံရေးအကြောင်းအရာအချို့ကို ဆွေးနွေးခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ ရုရှားသမ္မတပူတင် တရုတ်ကိုလာပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ဆွေးနွေးပွဲနဲ့ ဒုတိယကမ္ဘာစစ်နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ဖို့ အကြောင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မော်စကိုအစိုးရအနေနဲ့ ရက် ၅၀အတွင်း ယူကရိန်းကျူးကျော်စစ်ကို မဖြေရှင်းနိုင်ဘူးဆိုရင် ရုရှားနဲ့ ကုန်သွယ်ရေးလုပ်တဲ့ မိတ်ဖက်တွေကို ပြင်းထန်တဲ့ အခွန်စည်းကြပ်မှု လုပ်မယ်လို့ သတိပေးထားပါတယ်။

Ref – Reuters