အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ NUG ကာကွယ်ရေးဝန်ကြီးထံပေးစာဆိုတဲ့ သတင်းမှား
၂၀၂၅ခုနှစ်၊ ဇူလိုင်လ၊ ၁၅ရက်။
(FactCheck) 
အမေရိကန်သမ္မဒေါ်နယ်ထရမ့်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ရက်နေ့မှာ မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့မယ့်ပို့ကုန်တွေအတွက် အခွန်၄၀%နှုန်းတိုးကောက်မယ်လို့ စစ်ခေါင်းဆောင်ဆီ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကို စာပေးပို့ခဲ့ပြီးနောက် အမျိုးသားညီညွှတ်ရေးယာယီအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆီကိုလည်း ဒီ ၈ရက် ဇူလိုင်မှာလည်း အိမ်ဖြူတော်က စာပေးပို့ခဲ့တယ်လို့ သတင်းမှားတွေထွက်ပေါ်နေတာပါ။
အဲ့ဒီအကြောင်းအရာကို သတင်းလမ်းညွှန်ဆိုတဲ့ facebook Pageကနေဖြန့်ဝေတာကိုတွေ့ရပြီး စစ်ကောင်စီလက်အောက်ခံ လော်ဘီချန်နယ်တွေကလည်း ထပ်ဆင့်ကူးယူဖြန့်ဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေတာပါ။
သတင်းမှားလင့်များ
https://archive.ph/wip/z1AjJ 
https://archive.ph/EGdBk 
https://archive.ph/yjbEM 
https://archive.ph/wip/KIOt4 
ပျံ့နှံ့လာတဲ့ ပေးစာနဲပတ်သက်ပြီး DNA FactCheck အဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ အမျိုးသားညီညွှတ်ရေးအစိုးရ( NUG) ကာကွယ်ရေးဦးရည်မွန်ကို လှောင်ပြောင်ရေးသားဖြန့်ဝေထားတဲ့ သရော်စာဖြစ်ပြီး သတင်းမှားဖြစ်ကြောင်းတွေ့ရပါတယ်။
သတင်းစိစစ်ချက်
အမရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမျိုးသားညီညွှတ်ရေးယာယီအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆီကို စာတစောင်ပေးပို့ခဲ့တယ်ဆိုပြီးဖြန့်ဝေထားပြီး အဲ့ဒီစာကို GPTZero Appနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ စစ်ဆေးကြည့်တဲ့အခါမှာ ၇၄% Ai အသုံးပြုရေးသားထားတာကို တွေ့ရပါတယ်။
စာအရ အမျိုးသားညီညွှတ်ရေးယာယီအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို အရက်သေစာသုံးစွဲတာနဲ့ပတ်သက်ပြီး အခွန် ၂၀၀%ကောက်ယူမှာဖြစ်တယ်ဆိုတဲ့အကြောင်း လှောင်ပြောင်ရေးသားသရော်ထားတာဖြစ်တာကိုလည်းတွေ့ရပါတယ်။
သက်သေပြချက်
အဲ့ဒီ လုပ်ကြံရေးသားပေးပို့စာအတုက ပြီးခဲ့တဲ့ဇူလိုင်လ ၇ရက်နေ့က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကို မြန်မာနိုင်ငံက တင်သွင်းကုန်တွေအတွက် အခွန် ၄၀ရာခိုင်နှုန်းကောက်ခံမှာဖြစ်တယ်လို့ ရေးသားပေးပို့ပြီးတဲ့နောက်မှာ ထွက်ပေါ်လာတာဖြစ်တာကိုတွေ့ရပါတယ်။
ဒါ့ပြင် လွတ်လပ်တဲ့သတင်းဌာနတွေမှာလည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဖော်ပြရေးသားထားတာကိုလည်း မတွေ့ရသလို အိမ်ဖြူတော်ရဲ့ စာမျက်နှာမှာလည်း ဒီထုတ်ပြန်ထားတာမျိုးလည်း မတွေ့ရပါဘူး။
စာအရလည်း လှောင်ပြောင်ရေးသား သရော်စာဖြစ်တာကိုတွေ့ရပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားဖြစ်ကြောင်းကိုလည်းအတည်ပြုနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 
DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
#DNAFactCheck #DNA #Fake #သတင်းအချက်လက်စစ်ဆေးခြင်း
