“တောက်လျှောက် စစ်ဖြစ်တဲ့နေရာတွေမှာ စစ်တပ်က ပိတ်ဆို့ထားတဲ့အတွက် မျိုးစေ့တွေ၊ ထွန်ယက်စိုက်ပျိုးဖို့ဟာတွေ အစရှိသဖြင့် ဝယ်ဖို့ခက်ခဲတဲ့အတွက် စိုက်ပျိုးမှုကတော့ နောက်ကျမယ့်သဘောရှိပါတယ်” လို့လည်း နောက်ထပ် ရေကြည်ဒေသခံတဦးက ပြောပါတယ်။
အခုလိုအခြေအနေတွေကြောင့် အဲဒီဒေသရှိ မိုးစပါးချေးငွေ ထုတ်ချေးထားသူတွေအနေနဲ့ ပြန်ဆပ်ဖို့အခက်အခဲကြုံရနိုင်ပြီး ဧရာဝတီတိုင်းရဲ့ စပါးထွက်နှုန်းလည်း အရင်နှစ်တွေကထက် ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
၁၁၊ ဇူလိုင်
အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်ဒေသအများစုမှာ လက်ရှိအချိန်ထိ မိုးစပါးမစိုက်ပျိုးနိုင်ကြသေးဘူးလို့ သိရပါတယ်။
“တိုက်ပွဲဒေသတွေကတော့ မိုးစပါး မစိုက်ဖြစ်ကြတာများတယ်၊ တချို့ကတော့ စိုက်ပြီး ထားခဲ့ရတာပေါ့” လို့ ရေကြည်မြို့နယ် ဒေသခံတဦးက DNA ကို ပြောပါတယ်။
ရေကြည်နဲ့ လေးမျက်နှာ ဒေသတွေအပါအဝင် ဧရာဝတီတိုင်းထဲက လယ်သမားတွေဟာ ဇွန်လဆန်းလောက်မှာ မိုးစပါးစိုက်ပျိုးကြတာဖြစ်ပေမယ့် အဲဒီအချိန်မတိုင်ခင်ကတည်းကနေ အခုချိန်ထိ AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေပြင်းထန်နေတာပါ။
အဲဒီတိုက်ပွဲတွေကြောင့် ရခိုင်ရိုးမနဲ့ ငဝန်မြစ်ကြား၊ ဂွ-ငါးသိုင်းချောင်းကားလမ်းနဲ့ ပန်းတောကြီး-လေးမျက်နှာ ကားလမ်းကြားမှာရှိတဲ့ ဒေသတွေက ဒေသခံအများစု လယ်ယာလုပ်ငန်းတွေကို စွန့်ပစ်ပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ဂြိုလ်တုဓာတ်ပုံတွေကို အသုံးပြုပြီး တိုင်းတာတွက်ချက်မှုတွေအရတော့ အဲဒီဒေသတွေမှာ လယ်ဧက ငါးသောင်းနဲ့ အထက်ထိ ရှိနိုင်ပါတယ်။
“ရေကြည်မြို့နယ်ထဲက သီတာကုန်းပြင်တိုက်နယ်တခုလုံး မစိုက်တာနဲ့ စိုက်ပြီးစွန့်ပစ်ထားခဲ့ရတာရှိတယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲအပိုင်ထဲက ကျေးရွာတချို့လည်း မစိုက်နိုင်ကြဘူးလေ၊ လေးမျက်နှာမြို့နယ်ကတော့ တဝက်လောက်ကို မစိုက်နိုင်ကြတာပဲ” လို့လည်း အထက်ပါ ရေကြည်မြို့နယ် ဒေသခံက ပြောပါတယ်။
ပုသိမ်-မုံရွာ ကားတလျှောက်နဲ့ အနီးအနားတဝိုက်ရှိတဲ့ ပန်းတောကြီး၊ စောပြာ၊ ရေဖြူ၊ သဲနုကုန်း၊ ချင်းကုန်း၊ လှော်ကထားစတဲ့ ကျေးရွာတွေဘက်မှာတော့ ပစ်ခတ်မှုတွေ ပိုမိုပြင်းထန်ပြီး အဲဒီတဝိုက်က ဒေသခံတွေ တိမ်းရှောင်နေကြရတာဟာလည်း သုံးလထက်မနည်း ရှိလာနေပြီဖြစ်ပါတယ်။
“လှော်ကထားရွာနဲ့ ကပ်ရက် ရွာက လယ်ယာသုံးစက်တွေလုပ်တဲ့ သူတွေဆိုရင် ကုန်းလမ်းအပိတ်ခံထားရတော့ စက်တွေ သယ်မရဘဲ အကုန်ထားခဲ့ရတာ” လို့လည်း ရေကြည် ဒေသခံကပြောပါတယ်။
ဒါ့အပြင် နေရပ်စွန့်ခွာ မတိမ်းရှောင်တဲ့ဒေသခံတွေကလည်း စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုကြောင့် မိုးစပါး အချိန်မှီမစိုက်ပျိုးနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။
“တောက်လျှောက် စစ်ဖြစ်တဲ့နေရာတွေမှာ စစ်တပ်က ပိတ်ဆို့ထားတဲ့အတွက် မျိုးစေ့တွေ၊ ထွန်ယက်စိုက်ပျိုးဖို့ဟာတွေ အစရှိသဖြင့် ဝယ်ဖို့ခက်ခဲတဲ့အတွက် စိုက်ပျိုးမှုကတော့ နောက်ကျမယ့်သဘောရှိပါတယ်” လို့လည်း နောက်ထပ် ရေကြည်ဒေသခံတဦးက ပြောပါတယ်။
အခုလိုအခြေအနေတွေကြောင့် အဲဒီဒေသရှိ မိုးစပါးချေးငွေ ထုတ်ချေးထားသူတွေအနေနဲ့ ပြန်ဆပ်ဖို့အခက်အခဲကြုံရနိုင်ပြီး ဧရာဝတီတိုင်းရဲ့ စပါးထွက်နှုန်းလည်း အရင်နှစ်တွေကထက် ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဧရာဝတီတိုင်းတခုလုံးမှာ မိုးစပါးစိုက်ပျိုးနိုင်တဲ့ လယ်ဧက ၃၈ သိန်း ဧက ဝန်းကျင်အထိ ရှိတယ်လို့သိရပြီး မနှစ်ကလည်း လယ်ဧကတချို့ ရေနစ်မြုပ်တာကြောင့် မိုးစပါးအထွက်လျှော့ခဲ့ပါသေးတယ်။