စစ်အာဏာရှင်တော်လှန်ရေးစစ်ပွဲဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ လူငယ်တွေက ပြည်ပကိုနေ့စဉ်ထွက်ခွာနေတာကြောင့် အခြားသော လုပ်ငန်းခွင် တွေလိုပဲ ကျားဖောင်လုပ်ငန်းခွင်မှာလည်း လုပ်သား ရှားပါးလာခဲ့ပါတယ်။
“ဒီနှစ်တော့ လုပ်သားရရှိဖို့က အရင်နှစ်ထက်ပိုခက်လိမ့်မယ်” လို့ကျားဖောင်လုပ်ငန်းရှင်တဦးကဆက်ပြောပါတယ်။
၁၁၊ဇူလိုင်
လာမယ့်စက်တင်ဘာလမှာစတင်မယ့်ပင်လယ်ပြင် ကျားဖောင်ငါးဖမ်းလုပ်ငန်းခွင်မှာ လုပ်သားရှားပါးမှုကို အရင်နှစ်တွေထက်ပိုမိုကြုံတွေ့နိုင်တယ်လို့ ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်က ကျားဖောင်လုပ်ငန်းဦးစီးလုပ်ကိုင်နေသူတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်ကဆိုရင် လုပ်သားရှားပါးတာကြောင့် ကျားဖောင်ငါးဖမ်းလုပ်ငန်းခွင်စတင်ပြီး တလပြည့် ချိန် ဖြစ်တဲ့ အောက်တိုဘာလထဲမှသာ လုံလောက် တဲ့ လုပ်သားကိုရရှိခဲ့တယ်လို့ ကျားဖောင်လုပ်ငန်းရှင်တဦးကပြောပါတယ်။
“ ဒီနှစ်တော့ လုပ်သားရရှိဖို့က အရင်နှစ်ထက်ပိုခက် လိမ့်မယ်” လို့ သူကဆက်ပြောပါတယ်။စစ်အာဏာ
ရှင်တော်လှန်ရေးစစ်ပွဲဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ လူငယ်တွေက ပြည်ပကိုနေ့စဉ်ထွက်ခွာနေတာကြောင့် အခြားသော လုပ်ငန်းခွင်တွေလိုပဲ ကျားဖောင်လုပ်ငန်းခွင်မှာလည်း လုပ်သားက ရှားပါးလာခဲ့ပါတယ်။
ကျားဖောင်လုပ်ငန်းရှင်တွေဟာ လုပ်သားရရှိဖို့အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်အနှံ့က လူပွဲစားတွေနဲ့ ချိတ်ဆက်ထားကြရတာပါ။ ပျမ်းမျှအနေနဲ့ ဧရာဝတီငါးဖမ်းလုပ်ငန်းကွက်ဧရိယာမှာ ကျားဖောင် ၈၀၀၀ ဝန်းကျင်ရှိပြီး လုပ်သားလိုအပ်ချက် က ၂ သောင်း ၄ ထောင်ဝန်းကျင် လောက်ရှိနေပါတယ်။ ဒါတောင် သင်္ဘောလုပ်သား တွေမပါသေးပါဘူး။
ဒီအရေအတွက်ထဲမှာ ပင်လယ်ကမ်းခြေက ဒေသခံကျားဖောင်လုပ်သားဟာ ၁၀ ရာခိုင်နှုန်းလောက် သာ ပါဝင်ပြီးတော့ ကျန်ရှိတဲ့ ၉၀ ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံအနှံ့အပြားကနေ လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ရောက်ရှိလာကြတာလို့ ကျားဖောင်လုပ်ငန်းရှင်က ပြောပါတယ်။
စက်တင်ဘာလမှာစတင်ပြီး ဧပြီလမှာ ပြန်လည်သိမ်းဆည်းတဲ့ ကျားဖောင်လုပ်ငန်းခွင်တရာသီအတွက် ကျားဖောင်လုပ်သားတဦးဟာ ၂၇ သိန်းကျပ်ကနေ ကျပ်သိန်း ၃၀ အထိရရှိပါတယ်။ ငါးလုပ်ငန်းဥပဒေ အရ ကျားဖောင်လုပ်ငန်းလိုင်စင်တစ်ခုကို ကျားဖောင် ၈ ခု (နားလည်မှုအရ ထပ်တိုး ကျားဖောင် ၂ ခု) နဲ့ သင်္ဘောတစီးကို ခွင့်ပြုပေးထားပါတယ်။
“ တဖောင်ကို လုပ်သားက ၃ ယောက်လိုအပ်တယ်။ သင်္ဘောတစီးအတွက်ဆိုရင် ပဲနင်း ၊ စက်ဆရာနဲ့ နောက်လိုက် ၄ ယောက်လိုအပ်တယ်။ ခွင့်ပြုတဲ့လူအရေအတွက်နဲ့ လိုအပ်တဲ့လုပ်သားအရေအ တွက်ပေါ့” လို့ အထက်ပါလုပ်ငန်းရှင်ကရှင်းပြပါတယ်။
လူပွဲစားတွေက မက်လုံးပေးပြီးခေါ်ဆောင်လာတဲ့ ကျားဖောင်လုပ်သားတွေထဲမှာ တချို့ကပင်လယ် ကို မမြင်ဘူးသူတွေလည်းပါဝင်ပါတယ်။
ကိုယ်တွေကသာမသိတာ တစ်ချို့ကလည်း ရာဇဝ တ်မှု ကျူးလွန်ပြီး ထွက်ပြေးလာသူတွေလည်း ပါကြတာပဲ လို့ ကျားဖောင်လုပ်ငန်းရှင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဧရာဝတီငါးဖမ်းကွက် ၊ တနင်္သာရီငါးဖမ်းကွက် ၊ မွန်ငါးဖမ်းကွက် ၊ ရခိုင်ငါးဖမ်းကွက်ဆို ပြီး ငါးဖမ်းဧရိယာ လေးခုရှိပါတယ်။
“ ငါးဖမ်းကွက်တိုင်းမှာ လိုင်စင်ရှိသူတွေကလည်း သက်မှတ်ချက် ထက်ပိုပြီး ဖောင်တွေတိုးတယ်။ လိုင်စင်လုံးဝမရှိဘဲ ဖောင်ထောင်တဲ့လူကလည်းရှိတယ်။ ဒီတော့ ပင် လယ်ထဲမှာ ဖောင်တွေက ကျပ် သထက်ကျပ်လာတဲ့အပြင် လုပ်သားလိုအပ်ချက်ကလည်းပိုပိုများလာရော”လို့သူကဆက်ပြောပါတယ်။
ကျားဖောင်လုပ်သားတွေနဲ့ ပတ်သက်ပြီး အသက် အာမခံချက်နဲ့ ပင်လယ်အတွင်းက ညှင်းပန်းနှိပ်စက် မှုတွေကတော့ ကျားဖောင်လုပ်ငန်းရှင်တဦးတယောက်ချင်းစီရဲ့ စိတ်ဓာတ်နဲ့ စီမံခန့်ခွဲမှုအပေါ်မှာ မူ တည်နေပါတယ်။
ဇူလိုင်လအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အသက် ၆၀ ဝန်းကျင်ရှိ အမျိုးသားတဦးကို အသက် ၄၀ ဝန်းကျင်အမျိုးသားတဦးက ကျားဖောင်ပေါ်မှာ ပိုက်ကြိုးနဲ့အချက်ပေါင်းများစွာ ရိုက်နှက်နှိပ်စက်နေ တဲ့ ရုပ်သံဖိုင်ပြန့်နှံ့ခဲ့ပါတယ်။
ဒါ့ပြင် ဖောင်ဦးစီးလို့ ယူဆရတဲ့ နှိပ်စက်သူဟာ ထမင်းစေ့တွေကို ဖောင်ပေါ်မှာ ပတ်ကြဲပြီးတော့ သက်ကြီးရွယ်အိုအမျိုးသားကို ခွေးလိုအူခိုင်းပြီး ခွေးလိုစားခိုင်းခဲ့ပါတယ်။
ဒီရုပ်သံဖိုင်ဟာ ဘယ်ကျားဖောင်ပေါ်မှာ ဖြစ်ပျက်ခဲ့တာလဲဆိုတာနဲ့ပတ်သက်လို့ကတော့ DNAအ နေနဲ့ အတည်မပြုနိုင်ခဲ့ပါဘူး။ ဧရာဝတီငါးဖမ်းကွက်က ကျားဖောင်လုပ်ငန်းရှင်အချို့ကတော့ ဒီရုပ်သံ ဖိုင် ဟာ ဧရာဝတီပိုင်နက်ထဲမှာ ဖြစ်ပွားခဲ့တာမဟုတ်နိုင်ဘူးလို့ တုန့်ပြန်ပါတယ်။
“ဧရာဝတီက လုပ်သားတွေကို ကြိုခေါ်လေ့မရှိဘူး။ အခြားဒေသတွေမှာ လုပ်သားမရမှာဆိုးလို့ ကြိုခေါ် ပြီး ဂိုထောင်ထဲပိတ်ထားတာမျိုးတွေလည်းရှိတယ်။ နောက်ပြီးအခုရုပ်သံဖိုင်ကို ကြည့်ရတာ စကားပြော ပုံတွေက ဧရာဝတီဖောင်တွေပေါ်က မဖြစ်ဖို့ကများပါတယ်” လို့ ကျားဖောင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဧရာဝတီငါးဖမ်းကွက်ဧရိယာထဲကို ဖျာပုံမြို့နယ်ထဲက ခါးပြတ် ၊ ရွှေထီး ၊ ဗန္ဓာပင် ၊ ဖျာပုံမြစ်တန်း ၊ ဘုန်း ကြီးသောင် ၊ ချောင်းဝ ကျေးရွာတွေဆီကနေ ကျားဖောင်တွေအများဆုံး ထွက်ရှိပါတယ်။
“ဖောင်တခုရဲ့ကျားတန်းက ၅ မိုင်ဝန်းကျင်ရှိတယ် (ရေမိုင် ၁ မိုင် ၁၀ ဖာလုံ) ။ ဖောင် ၈ ထောင်နီးပါးဆိုတော့ ဧရာ ဝတီလုပ်ကွက်မှာက ဖောင်တွေအတော် ကျပ်နေတယ်”လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကျားဖောင်လုပ်ငန်းရှင်တွေဟာ လုပ်ငန်းခွင်စတင်ဖို့အတွက် ဖောင်တွေကိုပြင် ဆင်နေချိန်ပါ။ ဘုံကျောင်းလို့ခေါ်တဲ့ ကျားပိုက် ၊ ဆွဲပိုက်သင်္ဘောတွေကတော့ ဇူလိုင်လ ၁ ရက်နေ့က တည်းက ပင်လယ်ပြင်လုပ်ငန်းခွင်ကို ထွက်ခွာသွားကြပြီလည်းဖြစ်ပါတယ်။