ယူကရိန်းမြို့တော် ကို ရုရှားက ဒရုန်းတွေနဲ့တိုက်ခိုက်

ပြီးခဲ့တဲ့ အင်္ဂါနေ့ညပိုင်းက တိုက်ခိုက်မှုကြောင့် မြို့တော်ကိဗ်ယက်မှာ လူနေအဆောက်အအုံတွေ ထိမှန်ခဲ့ပြီး ၂ဦးသေဆုံး ၊ ၁၃ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

၁၀ ၊ ဇူလိုင်။

ရုရှားက ယူကရိန်းမြို့တော် ကိဗ်ယက်ကို ဒရုန်းတွေနဲ့ အပြင်းအထန် တိုက်ခိုက်လိုက်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ညပိုင်းက တိုက်ခိုက်မှုကြောင့် မြို့တော်ကိဗ်ယက်မှာ လူနေအဆောက်အအုံတွေ ထိမှန်ခဲ့ပြီး ၂ဦးသေဆုံး ၊ ၁၃ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

ရုရှားဘက်က ပဲ့ထိန်းဒုံးကျည်နဲ့ထပ်တိုက်ခိုက်နိုင်တဲ့အန္တရာယ်ကြောင့် သတိပေးချက်ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၈ရက်နေ့က ရုရှားရဲ့ တိုက်ခိုက်မှုအတွင်း ဒရုန်းအစင်း ၇၂၈ စင်းအသုံးပြုခဲ့ပြီး ဒါက လေကြောင်းတိုက်ခိုက်မှုတွေအနက် အကြီးမားဆုံးဖြစ်တယ်လို့ ယူကရိန်းက မှတ်ချက်ပြုခဲ့ပါတယ်။

ရုရှားဒရုန်းတွေဟာ ခရိုင် ၆ခု ဧရိယာတွေကို ထိမှန်ခဲ့ပြီး “လူနေအဆောက်အအုံတွေ၊ ယာဉ်တွေနဲ့ ကုန်လှောင်ရုံတွေ ၊ ရုံးတွေ နဲ့ တခြားလူမနေတဲ့ အဆောက်အအုံတွေ မီးလောင်ကုန်ပါတယ်၊ ကံမကောင်းစွာနဲ့ပဲ လူ ၂ယောက် သေဆုံးခဲ့ပါတယ်။ “ လို့ ကိဗ်ယက်စစ်ဘက်ရေးရာဌာနအကြီးအကဲ Tymur Tkachenko က တယ်လီဂရမ်အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ရုရှားဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သတ်လို့ အခုထိ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

Ref – BBC