အသုတ်မြို့အနီး တဇောင်းရိုးမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ်တဦး သေဆုံး

“သေနတ်သံက ၁၀ ချက်လောက် ရှိမယ်။ရွာမှာတော့ ပစ်သံခေတ်သံကြားတော့ အကုန်လုံးက လန့်ပြီး မထွက်ရဲကြတော့ဘူး။ လက်ရှိမှာလည်း ပိုက်စိပ်တိုက်လိုက်ရှာတာရော ၊ ရမ်းသမ်းပစ်တာရော လုပ်နေတယ်”လို့ DNA ကို ပြောပါတယ်။

၉၊ဇူလိုင်လ။

ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ ဇူလိုင်လ ၈ ရက်(မနေ့က) ညနေ ၆ နာရီကျော်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူငယ်တယောက် သေဆုံးခဲ့တယ်လို့ အုတ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

“၃၄၄ (အမြောက်တပ် ၃၄၄)ကပြေးလာတာ ငါးယောက်။ တဇောင်းရိုးမှာ သတင်းပေးရှိတော့ ဝိုင်းဖမ်းတာ။တယောက်က သေနတ်ပြန်လုတော့ အဲတယောက်ကို ပစ်တာ သေတယ်။ နှစ်ယောက်က မိပြီး နှစ်ယောက်ကတော့ လွတ်သွားတယ်”လို့ ပြောပါတယ်။

အမတ ၃၄၄ ကနေဆိုရင် ကားလမ်းမကြီးအတိုင်း ငသိုင်းချောင်းမြို့၊ရေကြည်မြို့တွေကို ဖြတ်လာပြီးမှ အသုတ်မြို့ကို ရောက်မှာ ဖြစ်ပါတယ်။ အခု ပစ်ခတ်ဖမ်းဆီးမှုမှာ စစ်တပ်ကပဲရောက်လာပြီး ရဲတွေတောင် မတွေ့ရဘူးလို့ ဒေသခံက ပြောပါတယ်။

“သေနတ်သံက ၁၀ ချက်လောက် ရှိမယ်။ရွာမှာတော့ ပစ်သံခေတ်သံကြားတော့ အကုန်လုံးက လန့်ပြီး မထွက်ရဲကြတော့ဘူး။ လက်ရှိမှာလည်း ပိုက်စိပ်တိုက်လိုက်ရှာတာရော ၊ ရမ်းသမ်းပစ်တာရော လုပ်နေတယ်”လို့ DNA ကို ပြောပါတယ်။

အမတ ၃၄၄ က ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ နဲ့ ရခိုင်ပြည်နယ်စပ်မှာ ရှိပြီး အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းဝန်းထိုးစစ်ဆင်နေတဲ့ နေရာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ ဇန်နဝါရီလအတွင်းမှာ အမတ ၃၄၄ ကိုအင်အား ဖြည့်တင်းမှုတွေလုပ်နေပြီး စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေအရ အင်အားဖြည့်ရောက်လာတဲ့ သူတွေဟာ စစ်မှုထမ်းဥပဒေနဲ့ ဝင်ရောက်လာတဲ့ စစ်သားသစ်တွေလို့ သိရပါတယ်။ ဒါ့အပြင် DNA ရဲ့ စာရင်းအရ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ အမတ ၃၄၄ က စစ်သားတွေထွက်ပြေးတာ ၄ ကြိမ်အထက် ရှိပြီ ဖြစ်ပါတယ်။