တက္ကဆက်ရေကြီးမှု သေဆုံးသူ ၁၀၀ ကျော်ရှိလာ

သေဆုံးသူစာရင်းမှာ မြစ်ရေတက်ချိန်မှာ မျောပါခဲ့တဲ့ နွေရာသီစခန်းက မိန်းကလေးငယ်နဲ့ ဝန်ထမ်း ၂၇ ဦး ပါဝင်တယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

၈ ၊ ဇူလိုင်လ

အမေရိကန်ပြည်ထောင်စု ၊ တက္ကဆက်ပြည်နယ်မှာ ပြီးခဲ့တဲ့သောကြာနေ့က ရုတ်တရက်မြစ်ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီလို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

ဒါဇင်နဲ့ချီတဲ့လူတွေလည်း ပျောက်ဆုံးနေဆဲပါ။

လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး နောက်ထပ် မိုးကြီးနိုင်တဲ့ သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

သေဆုံးသူစာရင်းမှာ မြစ်ရေတက်ချိန်မှာ မြောပါခဲ့တဲ့ နွေရာသီစခန်းက မိန်းကလေးငယ်နဲ့ ဝန်ထမ်း ၂၇ ဦး ပါဝင်တယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

အမေရိကန်အမျိုးသားမိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ မုန်တိုင်းငယ်တွေ ထပ်ရောက်လာနိုင်တဲ့ အလားအလာရှိတာကြောင့် ပြည်နယ်တွင်းမှာ ရုတ်တရက်ရေကြီးမှုတွေ ထပ်ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။

အခုလိုအချိန်မှာ သဘာဝဘေးဆိုင်ရာ ဝန်ထမ်းထောင်ချီကို အလုပ်ဖြုတ်ခဲ့တာနဲ့ ပတ်သတ်ပြီး ထရမ့်အစိုးရအပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

အမျိုးသားမိုးလေဝသဌာန (NWS) ကို ဘတ်ဂျက်ဖြတ်တောက်တာကြောင့် သဘာဝဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ ကြန့်ကြာနေရတယ်ဆိုတဲ့ မှတ်ချက်တွေကို အိမ်ဖြူတော်က ငြင်းဆိုထားပါတယ်။

Ref – BBC