“ အမြောက်တပ် ၃၄၄ ထဲကို စစ်ကူ ပို့လိုက်တဲ့ စစ်သားတွေကို ကျည်ကာအကျီတွေ ၊ ကျည်ကာဦးထုတ်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့အသင့်အ နေအထားနဲ့ မြင်တွေ့ခဲ့ရတာပါ။
ဇူလိုင်လ ၄ ရက်က စစ်ကူရောက်ရှိလာတဲ့အဖွဲ့ဟာ ရခိုင်းရိုးမထဲကို ထိုးစစ်ဖို့စေလွတ်မယ့်အဖွဲ့ဖြစ်တဲ့အ ပြင် ဒီအဖွဲ့က တောတိုးကြမ်းတဲ့အဖွဲ့လည်းဖြစ်တယ်လို့ အမြောက်တပ် ၃၄၄ ထဲက မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရှိသူတစ်ဦးကပြောပါတယ်။”
၇။ဇူလိုင်
—- စစ်ကောင်စီက ရေကြည်မြို့နယ် အမြောက်တပ် ၃၄၄ (အမတ၃၄၄)
ကို ဇူလိုင်လ ၄ ရက် ညနေပိုင်းက ခြောက် ဘီးကားတွေနဲ့အတူ စစ်သားအင်အား ၂၀၀ ကျော်လောက်ကို စစ်ကူထပ်မံဖြည့်ဆည်းခဲ့တယ်လို့ ကိုယ် တိုင်မြင်တွေ့ခဲ့သူက ပြောပါတယ်။
ကျွန်တော်မြင်လိုက်တာက ကားနှစ်စီးထဲပါ။ တပ်ထဲကလူတွေပြောတာတော့ အင်အားက တစ်ရက် တည်းကို ၂၈၀ တောင်အကူပို့လိုက်တာ လို့ သူကဆက်ပြောပါတယ်။ အမြောက်တပ် ၃၄၄ ထဲကို စစ်ကူ ပို့လိုက်တဲ့ စစ်သားတွေကို ကျည်ကာအကျီတွေ ၊ ကျည်ကာဦးထုတ်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့အသင့်အ နေအထားနဲ့ မြင်တွေ့ခဲ့ရတာပါ။
ဇူလိုင်လ ၄ ရက်က စစ်ကူရောက်ရှိလာတဲ့အဖွဲ့ဟာ ရခိုင်းရိုးမထဲကို ထိုးစစ်ဖို့စေလွတ်မယ့်အဖွဲ့ဖြစ်တဲ့အ ပြင် ဒီအဖွဲ့က တောတိုးကြမ်းတဲ့အဖွဲ့လည်းဖြစ်တယ်လို့ အမြောက်တပ် ၃၄၄ ထဲက မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရှိသူတစ်ဦးကပြောပါတယ်။
သူတို့(တပ်မိသားစု)ပြောတာ က ၃၄၄ ကို ဒုတိုင်းမှူးကိုယ်တိုင် ဦးစီးကိုင်တွယ်တာ လို့ သူကဆက်ပြောပါ တယ်။ အမြောက်တပ် ၃၄၄ ထဲကို စစ်ကူပို့လိုက်တဲ့ တပ်ရင်းနံပါတ်ကိုတော့ DNAအနေနဲ့ စုံစမ်း နေဆဲပါ။
စစ်ကောင်စီဟာ အမြောက်တပ် ၃၄၄ ထဲကို မေလကတည်းက စစ်ကူတွေပို့ပေးနေခဲ့တာလည်းဖြစ်ပါတယ်ါ
။ စစ်ကူက အမြဲပို့တယ်။ နည်းတာများတာပဲကွာတယ် လို့ အမြောက်တပ် ၃၄၄ အနီးမှနေထိုင်သူကပြောပါတယ်။ လက်ရှိအချိန်မှာ အမြောက်တပ် ၃၄၄ ထဲကလက်နက်ကြီးပစ်တဲ့အသံ သိပ်မကြားရတော့ဘူးလို့ လည်း သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အမြောက်တပ် ၃၄၄ ထဲက အမြောက်တချို့ကို ကျုံပျော်မြို့မှာရှိတဲ့ ခြေလျင်တပ် ရင်း ၃၆ ဆီကို ဇွန်လအတွင်းက ပို့ဆောင်ခဲ့ပါတယ်။ အမြောက်တွေကို အပြောင်းအရွေ့ပြုလုပ်ပြီးတဲ့ နောက်မှာတော့ အမြောက်တပ် ၃၄၄ ထဲကို စစ်ကူတွေ မကြာခဏပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အမြောက်တပ် ၃၄၄ ရဲ့ ၁၀ မိုင်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ဒါ့အပြင်စစ် ကောင်စီတပ်ဟာ ဧရာဝတီတိုင်းထဲက တိုက်ပွဲတွေကို လေကြောင်းအဓိကသုံးပြီးတော့ တိုက်ခိုက်နေ တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်တဲ.ဧရာဝတီတိုင်းက DNAသတင်းရင်းမြစ်တဦးကလည်း ဒေသတွင်းမှာ စစ်ကောင်စီဖက်က လူသူအင်အားနည်းပါးလာနေလို့ ရန်ကုန်ဖက်ကစေလွတ်တဲ့ပြည်သူ့စစ်နဲ့စစ်မူထမ်းသင်တန်းဆင်းတွေကို အားပြုနေရတယ်လို့ဆိုပါတယ်။
!!!ဧရာဝတီဖက်မှာလူမရှိတော့ဘူး၊အသက်ကြီးဒဏ်ရာရသူတွေပဲရှိတော့တယ်။!!!လို့သူကပြောပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိသူတွေကလည်း ကိုယ့်စရိတ်နဲ့ကိုယ် ဆေးကုသနေရတယ်လို့ အထက်ပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။