စစ်အာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲ ဝင်ခဲ့ကြရင်း ကျောင်းသားပြည်သူတွေ သွေးမြေကျခဲ့ရတဲ့ 7 July အရေးအခင်းဟာ ၆၃ နှစ် တိုင်ခဲ့ပါပြီ။ ဒီနေ့အထိတိုင် တော်လှန်မျိုးဆက်ကို လက်ဆင့်ကမ်း သယ်ဆောင်ရင်း နွေဦးတော်လှန်းမှာ ဦးဆောင်ပါဝင်နေကြတဲ့ ကျောင်းသားလူငယ်ထုကို DNA သတင်းဌာန အနေနဲ့ အလေးအမြတ်ပြု မှတ်တမ်းတင်အပ်ကြောင်းပါ ခင်ဗျာ။
7 July အထိမ်းအမှတ်ကို အောက်မေ့ဂုဏ်ပြုသော အားဖြင့် လွတ်လပ်သောတော်လှန်ရေးမီဒီယာများကွန်ရက်က စုစည်းထုတ်ဝေထားတဲ့ ကဗျာဆရာ ကြည်အောင် ရဲ့ တိုက်ပွဲခေါ်သံ ကဗျာကို အမှတ်တရ တင်ဆက်လိုက်ပါတယ်။