မယ်ဇလီကုန်းမြို့အနီးက ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ ဗလာမပါ ကံစမ်းမဲနှိုက်ရ

“အဘသားတွေလည်း ပြေးတာပဲ။ နံပါတ်စဉ်အလိုက် စစ်မှုထမ်းရမယ်သာပြောတာ အကုန်ပြေးတာ” လို့ သူကပြောပါတယ်။

၃၊ဇူလိုင်လ။

ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် ၊မယ်ဇလီကုန်းမြို့ အနီးက လယ်ကြီးကွင်းကျေးရွာအုပ်စုမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို နံပါတ်စဉ်အလိုက် စစ်မှုထမ်းဖို့အတွက် ဗလာမပါကံစမ်းမဲနှိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နံပါတ် ၁ ကျရင် အရင်လိုက် ၊ နံပါတ် ၁ ပြေးရင် နံပါတ် ၂ ကလိုက် ၊ နံပါတ် ၂ ပြေးရင် နံပါတ် ၃ က လိုက်ဆိုတဲ့ ပုံစံမျိုး ၊ နံပါတ်စဉ်အလိုက် ဗလာမပါကံစမ်းမဲနှိုက်တာ”လို့ လယ်ကြီးကွင်းကျေးရွာအုပ် စုမှာ နေထိုင်သူကပြောပါတယ်။

နံပါတ်စဉ်အလိုက် ဗလာမပါကံစမ်းမဲကို ဇွန်လအတွင်းမှာ နှိုက်ခဲ့ကြတာပါ။

“တကယ်လည်း နံပါတ်စဉ်လိုက် စစ်မှုထမ်းဖို့လည်းခေါ်ရော တစ်ယောက်မှမရှိကြတော့ဘူး။ ပြေးကော ။ ရွာတွေမှာလည်း အမျိုး ကိုမရှိတော့တာ” လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်မှုမထမ်းလိုတာကြောင့် ထွက်ပြေးသွား သူတွေရဲ့ မိသားစုဝင်တွေကိုတော့ ပြဿနာမရှာခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့ပေမယ့်လည်း ဇွန်လနောက်ဆုံးပတ်မှာတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသား တယောက်စီအတွက် ကျပ် ၄ သောင်း ပေး ရမယ်လို့ သက်မှတ်ခဲ့ပါတယ်။

“နောက်ဆုံးတော့ ပိုက်ဆံနဲ့ပြီးသွားတယ်” လို့ ဒေသ ခံကပြောပါတယ်။ လယ်ကြီးကွင်းကျေးရွာအုပ်စုမှာ တော့ လယ်ကြီးကွင်းရွာ ၊ ကျွန်းပင်ဆိပ်ရွာ ၊ မာလကာကုန်းရွာ ၊ ရှားဖြူပင်ဆိပ်ရွာ ၊ အိုင်ကလောရွာ ၊ စမ်းရွာကွင်းရွာ ဆိုပြီး ရွာပေါင်း ၆ ရွာရှိပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဖို့အတွက် ကျေးရွာတရွာကို တယောက်နှုန်း သက်မှတ်ပြီးခေါ်ယူခဲ့တာပါ။ ဒါ ပေမယ့်လည်း ကြံ့ခိုင်ရေးပါတီကိုထောက်ခံသူတွေကိုယ်တိုင် စစ်မှုမထမ်းလိုတာကြောင့် ထွက် ပြေးသွားတယ်လို့ ဒေသခံကပြောပါတယ်။

“အဘ သားတွေလည်း ပြေးတာပဲ။ နံပါတ်စဉ်အလိုက် စစ်မှုထမ်းရမယ်သာပြောတာ အကုန်ပြေး
တာ” လို့ သူကပြောပါတယ်။