ဧရာဝတီ ငါးနဲ့ပုဇွန်ခြောက်ဈေးကွက် ကုန်စည်ဝင်ရောက်မှု ကျဆင်း

“ ဒီလုပ်ငန်း က အလုပ်လုပ်ရမယ့် အချိန် တစ်လ၊ နှစ်လ ကွာသွားတာနဲ့ ကုန်ချိန်က သိသိသာသာကျသွားတယ် ။ ထုတ်လုပ်မှု နည်းလာတာနဲ့  ဈေးနှုန်းက မြင့်လာတယ်”လို့  DNA ကိုပြောပါတယ်၊

ဇွန်။ ၂၅

ဧရာဝတီတိုင်းရှိငါးခြောက် နဲ့ ပုဇွန်ခြောက် ရောင်းဝယ်ရေး လုပ်ငန်းရဲ့ အဓိကဈေးကွက်တွေ ဖြစ်တဲ့ ပုသိမ် ဖျာပုံ ဟိုင်းကြီးကျွန်း ဈေးကွက် အတွင်း ကို ငါးခြောက် နဲ့ ပုဇွန်ခြောက်ကုန်စည် ဝင်ရောက်မှု မှာ ယခင် နှစ်များ ထက် လျော့နည်း နေပါတယ်။

ပုသိမ် ဖျာပုံ ဟိုင်းကြီးကျွန်း ဈေးကွက် အတွင်းကို ငါးခြောက် နဲ့ ပုဇွန်ခြောက် ကုန်စည် ဝင်ရောက်မှု မှာ ယခင်နှစ်များထက် သုံးပုံ တစ်ပုံ လျော့ကျသွား တယ် လို့ ငါးခြောက် ပုဇွန်ခြောက် လက်လီလက်ကား ရောင်းဝယ်သူတွေက ပြောပါတယ်။

“ရေတပ်က ငါးဖမ်း လှေ သင်္ဘော အားလုံးကို စစ်တယ်ဘာမှအပြစ်မရှိလည်း ပိုက်ဆံပေးရင်ပေး မပေး ရင်  စက်သုံးဆီပေးရတယ်။ ပေးရကမ်းရတာထက် စစ်ဆေးခံနေရရင် ငါး ဖမ်း ချိန်ပျက်ရော စစ်ဆင်ရေး ရှိပြန်ရင်လည်း ငါး ဖမ်းခွင့်ပိတ်ထားပြန်ရောဆိုတော့ ပင်လယ်ပြင် ငါးဖမ်း ထွက်ရတာ နည်း လာတယ် အ ချို့ငါးဖမ်းတဲ့သူ တွေဆို လုပ်ငန်းရပ်ပစ်တာ တွေ ရှိတယ်” လို့ ပင်လယ် တပိုင်တနိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့  ငရုတ်ကောင်းရွာသားတဦးက DNA ကို ပြောပါတယ်။

ရေတပ်က စစ်ရေးလေ့ကျင့်မှုတွေ ရရှိနေတာကြောင့် ကမ်းနီးကမ်းဝေးငါးဖမ်းချိန် ကန် သတ် ခံရတာ ငါးဖမ်းသင်္ဘော တွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီး စစ်ဆေးတာ ငွေညစ်တာတွေ ကြောင့် ငါး ဖမ်းချိန်နည်းလာတာ ရာသီဉတုမမှန်တာ ဂျမ်းတိုက်ငါးဖမ်နည်း ကိုအသုံး ပြုတာတွေကြောင့် ငါးပုဇွန် ဖမ်းဆီးရရှိမှုနည်းလာပြီး ငါးခြောက် ပုဇွန် ခြောက် ထုတ်လုပ်မှု နည်းလာတာပါ။

ပြီးခဲ့တဲ့နှစ် ငါးခြောက်၊ပုဇွန်ခြောက် ရာသီချိန်ဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာ ၊နိုဝင်ဘာ အတွင်း မိုးဆက်တိုက်ရွာတာရယ် ၊ ဧရာဝတီတိုင်း ပင်လယ်ပြင်မှာ စစ်ကောင်စီ ရေတပ်က စစ်ရေးလေ့ကျင့်မှု လုပ်တာတွေ၊ လုံခြုံရေးတင်းကြပ်မှုလုပ်ခဲ့တာတွေကြောင့် ရေလုပ်ငန်း လုပ်ငန်းကိုင်သူတွေ လုပ်ငန်းခွင် လွဲချော်ခဲ့ကြရပါတယ်။

ငါး ပုဇွန်ဖမ်းတဲ့ လုပ်ငန်းက လရာသီ ပင်လယ်ရေ အတက်အကျ စတာတွေ နဲ့ အချိန်ကိုက်ပြီး လုပ်ကြ ရတာဖြစ်ပါတယ်။ လုပ်ငန်းလွဲချော်ပါက ငါး ၊ပုဇွန် ဖမ်းဆီးရရှိမှု နည်းသွားတယ်လို့  ရေလုပ်ငန်း လုပ်ကိုင်သူ တွေကပြောပါတယ်။

ငါး၊ ပုဇွန် ဖမ်းဆီးရရှိမှု နည်းလာတဲ့အတွက် ငါးခြောက်၊ ပုဇွန်ခြောက် ထုတ်လုပ်မှုကလည်း လျော့ကျလာပြီး ဈေးကွက်တွေအတွင်း ကုန်စည်ဝင်ရောက်မှုကလည်း နည်းသွားပါတယ်။

ပုသိမ်မြို့ခံ ငါးခြောက်၊ ပုဇွန်ခြောက် ကုန်သည်တဦးက “ ဒီလုပ်ငန်း က အလုပ်လုပ်ရမယ့် အချိန် တစ်လ၊ နှစ်လ ကွာသွားတာနဲ့ ကုန်ချိန်က သိသိသာသာကျသွားတယ် ။ ထုတ်လုပ်မှု နည်းလာတာနဲ့  ဈေးနှုန်းက မြင့်လာတယ်”လို့  DNA ကိုပြောပါတယ်၊

ကုန်ချိန်ဝင်ရောက်မှု လျော့ကျပြီး ဝယ်ဈေး ၊ ရောင်းဈေး မြင့်တာကြောင့် ပုသိမ်မြို့မဈေးရှိ ငါးခြောက်၊  ပုဇွန် လက်လီလက်ကား အရောင်းဆိုင် တချို့ဟာ အခြားလူသုံးကုန် ပစ္စည်းတွေ  ပြောင်းလဲရောင်းချ လာကြတယ်လို့ ပုသိမ်မြို့မဈေး အသိုင်းအဝန်းကသိရပါတယ်။

ဧရာဝတီတိုင်းမှာ ငါးခြောက်၊ ပုဇွန်ခြောက် လုပ်ငန်းကို ကမ်းနီးကမ်းဝေး ငါးဖမ်းစတင်ချိန်နဲ့ အင်း၊အိုင် ဖေါ်ချိန် စက်တင်ဘာ လဆန်းကစတင်ပြီး ဧပြီလကုန် မေလလယ်လောက်အထိ လုပ်ကိုင်ကြပါတယ်။

ငါးခြောက် နဲ့ ပုဇွန်ခြောက် ရောင်းဝယ်ရေး အဓိကဈေးကွက် ဖြစ်တဲ့ ပုသိမ် ၊ဖျာပုံ၊ ဟိုင်းကြီးကျွန်း ဈေး ကွက်က ကုန်စည်တွေကို ဧရာဝတီတိုင်း အတွင်းမှာရောင်းချကြတဲ့ အပြင် ရန်ကုန် ဈေးကွက်နဲ့ အထက် မြန်မာပြည် ဈေးကွက်ကိုလည်း တင်ပို့ရောင်းချကြပါတယ်။