“တပ်ရင်း ၃ ရင်း ဆင်းလာတယ် ကြားတယ်။ ၆၆ လည်းပါတယ် ကြားတယ်”လို့ ပြောပါတယ်။
၂၆၊ဇွန်လ။
အာရက္ခတပ်တော်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးဖောက်တိုက်ခိုက်နေတဲ့ ဧရာဝတီတိုင်းထဲက စစ်မျက်နှာတွေဖြစ်တဲ့ ရေကြည်၊လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တွေကို စစ်ကောင်စီက အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်နေပါတယ်။
“ဇွန်လ ၂၄ ရက် ညနေပိုင်းက ကားနှစ်စီးနဲ့အပြည့်ပဲ။ တရာလောက်ကို ရှိတယ်” လို့ အမတ ၃၄၄ရှိရာ ကျေးရွာအုပ်စုအတွင်း နေထိုင်သူတဦးက သူမြင် တွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
အမြောက်တပ် ၃၄၄ ထဲကို အင်အားအများအပြား ဖြည့်ဆည်းတာကို ပထမဦးဆုံးအကြိမ် မြင်ရတာလို့ သူကဆက်ပြော ပါတယ်။
စစ်ကောင်စီဟာ အမြောက်တပ် ၃၄၄ ထဲမှာရှိတဲ့ လက်နက်ကြီးအချို့ကို ကျုံပျော်မြို့မှာရှိတဲ့ ခလရ ၃၆ ထဲကို တွဲကား ၃ စီးနဲ့အတူ ဇွန်လ ၁၂ ရက်က ပို့ဆောင်ခဲ့ပြီးနောက် အမြောက်တပ်ထဲကို စစ်သားအင်အား တိုးမြှင့်ဖြည့်ဆည်းလိုက်တာပါ။
အာရက္ခတပ်တော် AA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်က အမြောက်တပ် ၃၄၄ ရဲ့ အနောက်ဘက် ၄ မိုင်ခန့်အကွာ ဂွ – ငသိုင်းချောင်း လမ်းပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဒါ့ပြင်လေးမျက်နှာမြို့ နယ် အနောက်ဘက် ၊ ရေကြည်မြို့နယ်အနောက်မြောက်ဘက် ပုသိမ် – မုံရွာ ကားလမ်းတစ်လျှောက်မှာလည်း တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပါတယ်။
ဒေသခံအဆိုအရ တိုက်ပွဲတွေဟာ လက်နက်ငယ်သံတွေ ကြားရတာနည်းပါးလာပြီးတော့ လေယာဉ် သံ ဗုံးကြဲသံနဲ့ လက်နက်ကြီး ပစ်ခတ်သံတွေ ပိုမိုကြားလာရပါတယ်။ “တိုက်ပွဲက နေ့တိုင်းဖြစ်တယ်။ လေ ယာဉ်ကလည်း ညတိုင်းလာတယ်။ ဗုံးကြဲပြီးဆိုရင် တလုံးပြီးတလုံး ဆက်တိုက်ကိုကြဲတာ” လို့ ရေနံ သာဂိတ်အနီးမှာ နေထိုင်သူက ပြောပါတယ်။
ဒေသခံတွေအဆိုအရ ရေနံသာဂိတ်မှာတော့ စစ်ကောင်စီတပ်ရဲ့ အင်အားဟာ အတိုးအလျော့မရှိဘဲ ပုံမှန် အခြေအနေမှာပဲရှိနေပါသေးတယ်။
အမြောက်တပ် ၃၄၄ အနီးမှာနေထိုင်သူကတော့ “နံနက် ၅ နာရီ လောက်ဆိုရင် လက်နက်ကြီးပစ်တယ်။ တခါတလေ မစ်ဆိုင်းဒုံးပါပစ်တယ်။ ဘယ်တွေကိုပစ်နေလဲ ကိုမသိဘူး”လို့ ပြောပါတယ်။
အနောက်ဘက်နဲ့ မြောက်ဘက်က တိုက်ပွဲတွေကြားမှာ တည်ရှိတဲ့ ရေကြည်မြို့နယ် ကုန်းပြင် ကျေးရွာ အုပ်စုမှာ နေထိုင်သူကတော့ “ဒေသခံတွေက လက်နက်ကြီးတွေ ပစ်မှတ်မှားမှာကိုကြောက်နေ ကြတာ” လို့ ပြောပါတယ်။
အမြောက်တပ် ၃၄၄ က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ဇွန်လ ပထမအပတ်က ရေကြည်မြို့ နယ်ထဲက ရေနောက်ကျေးရွာထဲကို ၈ လုံးအထိ မှားယွင်းကျခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရေနောက်ကျေးရွာထဲကို ကျခဲ့တဲ့ လက်နက်ကြီး ၈ လုံးမှာ ၇လုံးကမပေါက်ကွဲ ခဲ့ပါဘူး။
“တော်သေးတယ်မကွဲလို့။ ကွဲတဲ့တလုံးက ဘုန်းကြီးကျောင်းထဲမှာ။ ဘုန်းကြီးလည်းမရှိတော့ တော်သေးတယ်။ အသားလွတ်ကြီး ပစ်တာ” လို့ ဒေသခံကပြောပါတယ်။ ဇွန်လ ၂၅ ရက်မှာတော့ လေးမျက်နှာ မြို့နယ် ပုသိမ် – မုံရွာကားလမ်းဘေးက လယ်တန်ငယ်ကျေးရွာ နဲ့ ကျောက်စရစ်ကုန်း ကျေးရွာတွေ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်ဘေး ရှောင်တွေဟာ အင်္ဂပူမြို့ထဲကိုရောက်ရှိလာကြတယ်လို့ ကွင်းကောက်ဒေသခံကပြောပါတယ်။
“ စက်စက်ယိုဘက်က တဖွဲ့ ၊ ကျောက်စရစ်ကုန်း ဆူးထိုးကွင်း ပတ်လည်ဖြစ်နေတာ ထင်တယ်”လို့ ပန်းတောကြီးအနီးဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။ဒီရက်ပိုင်း အတွင်းတိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်စရစ်ကုန်း ၊ ဆူးထိုးကွင်း အစရှိတဲ့ကျေးရွာတွေဟာ ဧပြီလကတည်းက အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ ပန်းတောကြီးကျေးရွာ ဝန်းကျင်က ရွာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် လေးမျက်နှာမြို့ နယ်ထဲက ထိတွေ့တိုက်ပွဲ ဧရိယာတွေမှာလည်း စစ်ကောင်စီဘက်က အင်အားတွေ ဖြည့်တည်းနေတယ်လို့လည်း သူက ပြောပါတယ်။
“တပ်ရင်း ၃ ရင်း ဆင်းလာတယ် ကြားတယ်။ ၆၆ လည်းပါတယ် ကြားတယ်”လို့ ပြောပါတယ်။
ဒေသခံတွေ ပြောဆိုမှုအရ စစ်ကောင်စီရဲ့ မအူပင် အခြေစိုက် ခလရ ၂၇ ဟာ လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ် အစပ်က စက်စက်ယိုကျေးရွာအနီး ဓမ္မပါလကုန်းပေါ်မှာ နေရာယူထားပြီး ပန်းတောကြီး အနီးတဝိုက်နေရာတွေမှာ ကျုံပျော်အခြေစိုက် ခလရ ၃၆ က နေရာယူထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လေးမျက်နှာမြို့နယ်နဲ့ ဆက်စပ်နေတဲ့ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့မှာရှိတဲ့ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း မှာလည်း အင်အားတွေ ဖြည့်တင်းနေတဲ့အတွက် ဒေသခံ ပြည်သူတွေ အနေနဲ့ စစ်ရေးသတင်းတွေကို နားစွန့်ပြီး ဘေးလွတ်ရာနဲ့ ဗုံးခိုကျင်းလိုမျိုးတွေ ပြင်ဆင်ထားဖို့ လိုတယ်လို့ အင်္ဂပူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်က ပြောပါတယ်။
“တတက ၅ မှာလည်း လူအင်အားတွေ ဖြည့်တင်းတယ်။ ကာကင်းတွေ လူအင်အား ၂၀ ၊ ၃၀ အဆင့် ဆင့်တွေ ထားနေတာတွေ ရှိတယ်ဆိုပြီး သတင်းတွေကြားရတော့ ပုသိမ်-မုံရွာ အရှေ့ဘက်ခြမ်းက ရွာတွေလည်း သတိထားပြီး စစ်ရေးအခြေအနေကို နားစွန့်ဖို့လိုတယ်”လို့ ပြောပါတယ်။