“ပွဲစားနဲ့မလုပ်ဘဲ ကိုယ်တိုင်လုပ်ဖို့ မလွယ် ဘူး။ ကိုယ်မမွေးခင်က သေသွားတဲ့အဖိုးအဘွားတွေရဲ့ မှတ်ပုံတင်တွေ မွေးသက္ကရာဇ်တွေကိုမေးပြီး ရစ် တော့တာပဲ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူကပြောပါတယ်။
၂၆၊ဇွန်
ဧရာဝတီတိုင်း ၊ ဘိုကလေးမြို့ လဝကရုံးမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်) ကိုယ်တိုင်လုပ်တဲ့ ဒေသခံတချို့မှာ အခက်အခဲတွေ ရှိနေပြီး ပွဲစားကနေတဆင့်သာ မှတ်ပုံတင်ရဖို့ ကြိုးစားနေကြရပါတယ်။
“ပွဲစားနဲ့မလုပ်ဘဲ ကိုယ်တိုင်လုပ်ဖို့ မလွယ် ဘူး။ ကိုယ်မမွေးခင်က သေသွားတဲ့အဖိုးအဘွားတွေရဲ့ မှတ်ပုံတင်တွေ မွေးသက္ကရာဇ်တွေကိုမေးပြီး ရစ် တော့တာပဲ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူကပြောပါတယ်။
ဘိုကလေးမြို့ (၁) ရပ်ကွက် ၊ ကမ်းနားလမ်း ၊ ရွှေငါးကြီးဆိပ်နားက လဝက ရုံးကို ဝင်ခွင့်ရဖို့အတွက် ဂိတ်စောင့်ကို ၅ ထောင်ကျပ် စတင်ပေးရတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့ပြင် လဝက ဝန်ထမ်းတွေဟာ မှတ်တမ်းတွေ စုစည်းထားတဲ့ အခန်းထဲမှာ မှတ်ပုံတင် ပြုလုပ်လိုသူတွေရဲ့ အိမ်ထောင်စု စာရွက်ကို ရှာပေးနိုင်လား မေးမြန်းတာအပါအဝင် အခြားမဖြေဆိုနိုင်တဲ့ ဆွေမျိုးအစဉ်အဆက်ဆိုင်ရာ အချက်အလက်တွေကို မေးမြန်းတယ်လို့ သူကပြောပါတယ်။
ဘိုကလေးမြို့ လဝက ရုံးရဲ့ ရှေ့မှာတော့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုအတွက် ဝန်ဆောင်မှု ပေးနေတဲ့ ပွဲစားတွေဟာ အရေအတွက် ၁၀ ဂဏန်းကျော်ရှိပါတယ်။ သူတို့တွေဟာ ရုံးအတွင်းမှာရှိတဲ့ လဝက ဦးစီးမှူး ကနေ အစပြုပြီးတော့ ဝန်ထမ်အားလုံးနဲ့ ချိတ်ဆက်ပြီး လာဘ်ပေးလုပ်ဆောင်ကြတာပါ။
လက်ရှိအချိန်မှာတော့ ရပ်ဝေးသွားရောက်လိုသူတွေ ပြည်ပထွက်ခွာလိုသူတွေ များတာကြောင့် လဝက ရုံးမှာ မှတ်ပုံတင်ပြုလုပ်သူ များနေတယ်လို့ ဘိုကလေးမြို့ခံတဦးက ပြောပါတယ်။ အများစုက ကျေးရွာတွေကနေ လာရောက်ပြီး မှတ်ပုံတင်ပြုလုပ်သူတွေလို့ သိရပါတယ်။
ဘိုကလေးမြို့ရဲ့ လဝက ရုံးမှာ မှတ်ပုံတင် သွားရောက်ပြုလုပ်ခဲ့သူ အများစုက ဝန်ထမ်းတွေရဲ့ ရစ်တဲ့ဒဏ်ကို မခံနိုင်တာကြောင့် ပွဲစားတွေနဲ့သာ ချိတ်ဆက် လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။